Wednesday, November 26, 2014

ရေခဲပြင် ဟော်ကီနည်းပြ ဗစ်တာတစ်ဟိုနော့ဗ် ကွယ်လွန်


ဆိုဗီယက် ယူနီယံအသင်းနဲ့ ပေါင်းစည်း ရုရှားအသင်းကို အိုလံပစ် (၃)ကြိမ်ဆက် ရွှေဆုရအောင် စွမ်းဆောင် ပေးခဲ့တဲ့ နည်းပြကြီး ဗစ်တာတစ် ဟိုနော့ဗ် ဟာ အသက်(၈၄)နှစ်အရွယ်မှာ ကွယ်လွန် သွားတယ်လို့ ရုရှားရေခဲပြင် ဟော်ကီ အဖွဲ့ချုပ်က တနင်္လာနေ့က မော်စကိုမြို့မှာ ကြေညာပါတယ်။
တစ်ဟိုနော့ဗ် လက်ထက်မှာ (၁၉၈၄၊၁၉၈၈နဲ့ ၁၉၉၂) အိုလံပစ် (၃)ကြိမ်ဆက် ဗိုလ်စွဲခဲ့တဲ့အပြင် ကမ္ဘာ့ချန်ပီယံဆု ကိုလည်း (၈)ကြိမ် ရခဲ့ပါတယ်။ (၁၉၈၀)အိုလံပစ်မှာလည်း သူကနည်းပြအဖြစ် တာဝန်ယူခဲ့ပြီး သူ့ရဲ့ဆိုဗီယက် အသင်းဟာ ဆီမီးဖိုင်နယ်မှာ အမေရိကန်အသင်းကို ရှုံးခဲ့ပါတယ်။

No comments:

Post a Comment

back to top