Tuesday, November 25, 2014

RUHR OPEN စနူကာ ချန်ပီယံ ဆုဖလား ဗြိတိန် စနူကာ အကျော်အမော် ရှောင်မာဖီဆွတ်ခူး



ကမ္ဘာ့အဆင့်  ခုနစ်ရှိ ဗြိတိန်နိုင်ငံမှ စနူကာ အကျော်အမော် ရှောင်မာဖီသည် ဂျာမနီ နိုင်ငံ၌ နိုဝင်ဘာ ၂၃ ရက်က ကျင်းပသော Ruhr Open စနူကာပြိုင်ပွဲ ဗိုလ်လု ပွဲစဉ်တွင် စနူကာကစားသမား ရော့ဘတ် မီလ်ကင်စ်ကိုအနိုင်ကစားပြီးနောက် ချန်ပီယံ ဆုဖလားကို ဆွတ်ခူးရရှိကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲတွင် မာဖီသည် မီလ်ကင်စ်ကို (၄-ဝ)ဖြင့် အနိုင်ရရှိခြင်း ဖြစ်ပြီး အမြင့်ဆုံးရမှတ် ၁၄၇မှတ်အထိ ကစားနိုင်ခဲ့သည်။
မန်ချက်စတာမြို့မှ စနူကာ ကစားသမား မာဖီသည်  Ruhr Open ချန်ပီယံ ဆုဖလား နှင့်အတူ ဆုငွေ ယူရို ၂၅ဝဝဝကို ဆွတ်ခူး ရရှိခဲ့သည်။
အသက် ၃၂နှစ်အရွယ်ရှိ မာဖီသည် လွန်ခဲ့သော လက ဆွတ်ခူးရရှိခဲ့သော Bul-garian Open ချန်ပီယံဆုအပါအဝင် ၂ဝ၁၄ ခုနှစ်အတွင်း ချန်ပီယံဆုဖလား လေးခုကို ဆွတ်ခူး ရရှိ ခဲ့သည်ဟု သိရသည်။
မာဖီသည် ဇန်နဝါရီလက ကျင်းပခဲ့သော ချန်ပီယံလိဂ် စနူကာပြိုင်ပွဲနှင့် ဖေဖော်ဝါရီလက ကျင်းပခဲ့သော Gdynia Open စနူကာ ပြိုင်ပွဲတို့တွင်လည်း အမြင့်ဆုံး ရမှတ် ၁၄၇အထိ ကစားနိုင် ခဲ့သောကြောင့် ၎င်းစနူကာ ကစားသမားသည် ယခုအခါ တစ်နှစ်တာအတွင်း အမြင့်ဆုံးရမှတ် ၁၄၇မှတ်ကို သုံးကြိမ်တိုင်တိုင် ရရှိအောင်  ကစားနိုင်ခဲ့သည့် ပထမဆုံးသော စနူကာ ကစားသမား  ဖြစ်လာသည်ဟု သိရသည်။ 

No comments:

Post a Comment

back to top