Tuesday, November 25, 2014

Miss Intercontinental ပြိုင်ပွဲဝင်မည့် ကချင်အလှမယ် ဂျာမနီသို့ ထွက်ခွာ

မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်သွားရောက်ယှဉ်ပြိုင်ခွင့်ရ သည့် Miss Intercontinental 2014ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ် စားပြုသွားရောက်ယှဉ်ပြိုင်မည့် အလှမယ်ကချင်တိုင်းရင်းသူ Angel Lamungသည် နိုဝင်ဘာ ၂၄ရက် နံနက် ၆နာရီက  ပြိုင်ပွဲ ကျင်းပမည့် ဂျာမနီနိုင်ငံဘာလင် မြို့သို့ ထွက်ခွာသွားကြောင်းသ တင်းရရှိသည်။
Miss Intercontinental 2014 ကမ္ဘာ့အလှမယ်ပြိုင်ပွဲကြီး ကို နိုဝင်ဘာ ၂၄ရက်မှ ဒီဇင်ဘာ  ၄ရက်အထိ ဂျာမနီနိုင်ငံတွင်ကျင်း ပမည်ဖြစ်ပြီး နောက်ဆုံးအဆင့် ရှိုးကို ဒီဇင်ဘာ ၄ရက်တွင် ကျင်း ပမည်ဟု Miss Goldenland Myanmar Organizationမှ ဒါ ရိုက်တာကိုဝေယံအောင်ကပြော သည်။
‘‘ညီမက ရန်ကုန်ဇာတိမဟုတ်တဲ့အတွက်ကြောင့်အခက် အခဲတွေတော့ နည်းနည်းရှိခဲ့ပါ တယ်။ ဒါပေမဲ့ အကောင်းဆုံးကြိုး စားသွားမှာပါ။ ပြီးတော့ ပြိုင်ပွဲအ တွက်လည်း အကောင်းဆုံးကြိုး စားပြင်ဆင်ထားပါတယ်’’ဟု အလှမယ် Angel Lamungက ပြောသည်။
ပြိုင်ပွဲတွင် ယှဉ်ပြိုင်မည့် ရိုးရာဝတ်စုံ (National Costume) အတွက်  မြန်မာနိုင်ငံမှ  တိုင်းရင်းသားများဖြစ်သည့် လီဆူး၊ အာခါ၊ ချင်း၊  ကချင်၊ ပဒေါင်တိုင်းရင်းသားများ၏ ၀တ်စားဆင်ယင်ထုံးဖွဲ့မှုများကို ပေါင်းစပ်ထားပြီး   ဖန်တီးထားသည်ဟုဆို သည်။

No comments:

Post a Comment

back to top