Wednesday, November 26, 2014

ဘိုကလေးပြည်ခိုင်ဖြိုးပါတီဝင်များ ကျေးရွာချင်းဆက်လမ်းဘေး၌ အရိပ်ရပင်များ စိုက်ပျိုးပေး
*******************************************************************
ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင်များ ပူးပေါင်း၍ ယခုလ ၂၁ ရက် နံနက် ၉ နာရီက ပေ ၅၂၀၀ ရှိ မြင်းကကုန်းမြောက်ကွင်းကျေးရွာနှင့် ကျုံချင်ကျေးရွာ ဆက်သွယ်ရေးလမ်းတွင် အရိပ်ရသစ်ပင်များကို လမ်းဘေးဝဲယာတွင် စိုက်ပျိုးပေးခဲ့ကြသည်။
ဘိုကလေးပြည်ခိုင်ဖြိုးပါတီဝင်များ ကျေးရွာချင်းဆက်လမ်းဘေး၌ အရိပ်ရပင်များစိုက်ပျိုးပေးစဉ်
အဆိုပါလမ်းတစ်လျှောက် သစ်ပင်စိုက်ပျိုးရာတွင် မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ တွဲဖက်အတွင်းရေးမှူး ဦးလှဌေး၊ မြို့နယ်ပါတီကော်မတီဝင် နယ်မြေတာဝန်ခံ ဒေါ်တိုးတိုးလှိုင်၊ ဦးမြမိုး၊ ဒေါ်မေသန်းဦး၊ မြင်းကကုန်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီဝင်များ၊ အရန်ကော်မတီဝင်များ၊ ကျေးရွာပြည်ခိုင်ဖြိုးပါတီ စည်းရုံးရေးမှူးနှင့် ပါတီဝင်များ အင်အား ၇၃ ဦး ပါဝင်၍ မာလာလူးကား ပျိုးပင်ပေါင်း ၈၀၀ ကို စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top