Monday, November 24, 2014

သဘောတူညီချက် အပြည့်အ၀ရရှိဖို့ အီရန်နိုင်ငံကို တောင်းဆို လိုက်တဲ့ IAEA

နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA ဘုတ်အဖွဲ့ဝင်ခေါင်းဆောင်တွေဟာ ဗီယင်နာမြို့ရှိ IAEA ရုံးချုပ်မှာ အီရန် နျူကလီးယား အရေးနဲ့ပတ်သက်ပြီးတွေ့ဆုံခဲ့ကြပြီး အင်အားကြီး (၆) နိုင်ငံနဲ့ နောက်ဆုံး သဘောတူ ညီချက်ရရှိအောင် ကြိုးပမ်းနိုင်ရန် အီရန်နိုင်ငံကို တိုက်တွန်းလိုပ်သည်။ အေဂျင်စီဟာ တဟီရန် နျူကလီယား အရေးနဲ့ပတ်သက်ပြီး အီရန်နိုင်ငံဟာ IAEA နဲ့ သဘောတူညီမှုတွေကို သြဂုတ်လမှာ အပြီးလုပ်ဆောင်ဖို့ သဘောတူညီထားခဲ့ပေမယ့် အပြီးသတ်လုပ်ဆောင်ရမည့် အချက်များလည်း ရှိနေပါသေးသည်။
သံတမန်ရပ်ဝန်းက ထွက်ပေါ်လာတဲ့သတင်းတွေအရ ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ IAEA ဘုတ်အဖွဲ့ဝင် ကိုယ်စားလှယ်တွေဟာ အခုလိုနှောင့်နှေးမှုများ စိုးရိမ်ကြောင်းပြသခဲ့ပြီး သဘောတူညီချက် များအပြီးသတ်လုပ်ဆောင်ဖို့ကိုလည်း အီရန်နိုင်ငံကို တောင်းဆိုခဲ့ကြောင်း IAEA အထွေထွေ ညွှန်ကြားရေးမှူးချုပ် ယူကီယာအာမန်နိုကတော့ ရရှိရမည့် သတင်းအချက် အလက်၊ စာရွက်စာတမ်း၊ နျူကလီးယား စက်ရုံနေရာတွေ၊ ပစ်္စည်းပစ္စယတွေနဲ့ လည်ပတ်နေတဲ့ သူတွေစာရင်းကို အီရန်အနေနဲ့ ပူးပေါင်းဆောင်ရွက်ပြီး တိတိကျကျ ဆောင်ရွက်ပေးဖို့ တောင်းဆိုလိုက်ပါသည်။
တွေ့ဆုံပွဲပြီးတဲ့နောက်မှာတော့ တွေ့ဆုံပွဲသို့ တက်ရောက်လာသည့် အီရန်ကိုယ်စားလှယ် ရာဇာနာဂျာဖီက IAEA အဖွဲ့ဝင် နိုင်ငံတချို့ဟာ အဖွဲ့ကြီးကို သတင်းမှားတွေပေးခဲ့သည်ဟုလည်း သတင်းထောက်တွေကို ပြောကြားခဲ့သည်။ လေ့လာသုံးသပ်သူတွေ ကတော့ အခုလို နှောင့်နှေးမှုတွေဟာ အီရန်နဲ့ အင်အားကြီး (၆) နိုင်ငံတို့ကြားက စေ့စပ်ညှိနှိုင်းမှု တွေကို အနှုတ်သဘောဆောင်တဲ့ ရိုက်ခတ်မှုတွေ ရှိလာနိုင်တယ်လို့ ခန့်မှန်းထားကြပါ တယ်။ အီရန်နိုင်ငံအပါအ၀င် အမေရိကန်၊ ရုရှား၊ တရုတ်၊ ပြင်သစ်၊ ဗြိတိန်နဲ့ ဂျာမနီနိုင်ငံ တို့သည်အီရန် နိုင်ငံရဲ့ နျူကလီးယားပိုင်ဆိုင်မှုပမာဏဆွေးနွေးမှုကို နိုဝင်ဘာ (၂၄) ရက်မှာ ပြီးမြောက် အောင် လုပ်ဆောင်ကြမှာဖြစ်သည်။

No comments:

Post a Comment

back to top