Friday, November 21, 2014

မူလတန်းနှင့် အလယ် တန်း အ ဆင့် ကျောင်း သား၊ ကျောင်း သူ များ အကြို စာမေးပွဲ ဖြေဆို ရမည်


၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ်တွင် ဖြေဆိုကြမည့်  ကျောင်းသား၊ ကျောင်းသူများအတွက် အခြေခံပညာ မူလတန်းနှင့် အလယ်တန်း အဆင့် အကြို စာမေးပွဲ များကို ဒီဇင်ဘာလ အတွင်း ကျင်းပနိုင်ရန် အတွက် မေးခွန်း များ ပြုစုရန် စတင် လုပ်ဆောင်နေကြောင်း သင်ရိုးညွှန်းတမ်း အကြံပေး ပညာရှင် ဒေါက်တာ မြင့်သိန်း၏ ပြောကြား ချက် အရ သိရသည်။
အဆိုပါ မူလတန်း အဆင့် Grade-5 အား တစ်ဘာသာလျှင် ဖြေဆိုချိန် တစ်နာရီနှင့် အလယ်တန်းအဆင့်Grade-9 ကို တစ်ဘာသာလျှင် နှစ်နာရီ ကြာ စစ်ဆေး မည်ဖြစ်ပြီး အကြို လေ့ကျင့်မှု စာမေးပွဲ မေးခွန်းများကို သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်အဆင့် ကော်မတီ များက မေးခွန်း များ ပြုစုသွားမည် ဖြစ် ကြောင်း၊ ထို့အပြင် ၂ဝ၁၄- ၂ဝ၁၅ ပညာသင် နှစ်မှ စတင်ပြီး ပညာရေးဝန်ကြီးဌာန အနေဖြင့် ပညာရေး အရည် အသွေး မြင့်မားရေးအတွက် အခြေခံပညာ မူလတန်းနှင့် အလယ်တန်းကို ခရိုင်အဆင့်နှင့် တိုင်းအဆင့်မှ စတင် စစ်ဆေး သွားမည်ဖြစ်သည့်အတွက် ကြိုတင်စစ်ဆေး ခြင်းဖြစ်ကြောင်း သိရသည်။
ဒီဇင်ဘာလအတွင်း လေ့ကျင့်လုပ်ဆောင်သည့် စာမေးပွဲကို နည်းပညာ အဖွဲ့မှ ပြည်နယ်နှင့် တိုင်းဒေသကြီး အလိုက် ကျပန်းကောက်ယူ၍ ရရှိ လာသော အမှတ်များကို လေ့လာ သုံးသပ်ပြီး ဖေဖော်ဝါရီလတွင် ကျင်းပ မည့် စာမေးပွဲ အတွက် မေးခွန်းထပ်မံ ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။         

No comments:

Post a Comment

back to top