Thursday, November 27, 2014

DNAစမ်းသပ်မှုကို စွန့်ဦးတီထွင်သူ ဂျိမ်းဝက်ဆန် ၎င်းရရှိခဲ့သည့် နိုဘယ်လ်ဆု ပြန်ရောင်းမည်


သတ္တ၀ါနှင့်အပင်တို့၏ ကလာပ်စည်းများထဲတွင်ရှိသော မတူညီသည့် ဗီဇလဏ္ခဏာများကို ခွဲခားနိုင်သည့် DNA စမ်းသပ်မှုကို စွန့်ဦး တီထွင်ခဲ့သူ ဂျိမ်းဝက်ဆန်သည် ၎င်းရရှိခဲ့သည့် နိုဘယ်လ်ဆုကို လေလံတင် ရောင်းချမည်ဟု ကြေညာလိုက်ကြောင်း CNN သတင်းဌာနက ဖော်ပြ ထားသည်။
၎င်း၏ရွှေသားနိုဘယ်လ်ဆုတံဆိပ်ကို နယူးယောက်မြို့တွင် ဒီဇင်ဘာ ၄ ရက်၌ လေလံတင် ရောင်းချမည်ဖြစ်ပြီး ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ သန်း သတ်မှတ်ထားကြောင်း သိရသည်။ အသက်ရှင်နေစဉ်ကာလအတွင်း နိုဘယ်လ်ဆုကို ပြန်လည် ရောင်းချခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။
ဂျိမ်းဝက်ဆန်သည် အသက် (၈၅) နှစ် ရှိပြီး ၁၉၆၂ ခုနှစ်တွင် သိပ္ပံပညာရှင်များဖြစ်သော ဖရန်ဆစ်ခရစ်၊ မော်ရွိုက်ဝယ်ကင်တို့နှင့်အတူ ရူပဗေဒနှင့် ဆေးပညာရှင်ဆိုင်ရာ နိုဘယ်လ်ဆုကို ရရှိခဲ့ခြင်းတို့သည် ၁၉၅၀ အစောပိုင်းကာလများတွင် ကိန်းဘရစ်တက္ကသိုလ် ဓာတ်ခွဲ ခန်းတွင် DNA ဖွဲ့စည်းတည်ဆောက်ပုံ သုတေသနများကို အတူတကွလုပ်ဆောင်ခဲ့ကြသည်။ DNA စမ်းသပ်အောင်မြင်မှုသည် ဆေးပညာ၊ မှုခင်းနှင့် သမိုင်းလေ့လာမှုများအတွက် အချိုးအကွေ့တစ်ခုဖြစ်ခဲ့သည်။


No comments:

Post a Comment

back to top