Thursday, November 27, 2014

ထားဝယ် အထူး စီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန် နိုင်ငံ ပါဝင် လာမည်

ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်လာမည်ဖြစ်ပြီး လက်ရှိတွင် စီမံကိန်း စတင်နိုင်ရန် ယင်းစီမံ ကိန်းကို စတင်လုပ်ကိုင် ခဲ့သည့် အီတာလျံ- ထိုင်းကုမ္ပဏီနှင့်   စုပေါင်းကုမ္ပဏီ အဖွဲ့တို့မှ အသေးစားစီမံကိန်း လုပ်ငန်းများ   စတင် လုပ်ကိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ စီမံကိန်းတွင် ဂျပန်နိုင်ငံ ပါဝင်ကူညီရေးအတွက် အောက်တိုဘာ ၁၄ ရက်တွင် ထားဝယ် အထူးစီးပွားရေးဇုန်  အကောင် အထည်ဖော်ရေး အထူးလုပ်ငန်းအဖွဲ့ ဥက္ကဋ္ဌ ဦးအေးမြင့် ဦးဆောင် သည့် မြန်မာကိုယ်စားလှယ် အဖွဲ့သည် ဂျပန်နိုင်ငံ ဒုတိယဝန်ကြီး H.E.Mr. Ishiguro၊  ဂျပန်နိုင်ငံ စီးပွားရေး၊  ကုန်သွယ် ရေးနှင့်  စက်မှုဝန်ကြီးဌာန၊ ဂျပန်-မြန်မာ အသင်းဥက္ကဋ္ဌနှင့် ဂျပန်နိုင်ငံရှိ စီးပွားရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သည်။
ထားဝယ် အထူးစီးပွားရေးဇုန် အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ခုနစ်သိန်းခန့် အကုန် အကျခံ၍ သုတေသန သုံးခု လုပ်ဆောင်ပေးမည် ဖြစ်ကြောင်းသိရသည်။ အဆိုပါ  သုတေသနလုပ်ငန်း သုံးခု မှာ မြန်မာနိုင်ငံ စက်မှု လုပ်ငန်းဆိုင်ရာ စီမံကိန်းနှင့် မဲခေါင်-အိန္ဒိယ တောင်ဘက် စီးပွားရေးစင်္ကြံ ဖွံ့ဖြိုးမှု တိုးမြင့်စေရေး  သုတေသန လုပ် ငန်း၊ ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရန် နည်းပညာ အထောက်အကူပြုနိုင် မည့် လေ့လာသုံးသပ်ရေး သုတေ သနလုပ်ငန်းနှင့် ထားဝယ် အထူးစီးပွားရေးဇုန် အတွက် အစိုးရနှင့် ပုဂ္ဂလိက ကဏ္ဍအကြား ငွေကြေးပူးပေါင်း ဆောင်ရွက် ရေး သုတေသနလုပ်ငန်း သုံးခုတို့ကို အမေရိကန်ဒေါ်လာ ခုနစ်သိန်းခန့် အကုန်အကျခံ ဆောင်ရွက်မည်ဖြစ်ပြီး ၂ဝ၁၅ ခုနှစ် ပထမ သုံးလပတ်တွင် အပြီးဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top