Wednesday, November 26, 2014

ရွေးကောက်ပွဲအောင်နိုင်ရေး မိုးညှင်းမြို့နယ်တွင် ကွင်းဆင်း ဆောင်ရွက်

****************************************************
၂၀၁၅ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲ အောင်နိုင်ရေးအတွက် မိုးညှင်းမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒေသကြီးငါးနေရာခွဲထားပြီး မိုးညှင်းတောင်ခြမ်းဒေသကို ဦးလမိုင် ခေါင်းဆောင်သော အဖွဲ့ဝင်ငါးဦးဖြင့် လည်းကောင်း၊ မိုးညှင်းမြောက်ခြမ်း ၁၁ အုပ်စုကို ဦးကြည်စိုး ဦးဆောင်သော အဖွဲ့ဖြင့်လည်းကောင်း သုံးရက်ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ရွေးကောက်ပွဲအောင်နိုင်ရေး မိုးညှင်းမြို့နယ်တွင် ကွင်းဆင်းဆောင်ရွက်စဉ်
နမ္မားဒေသကို ဦးတင်ညွှန့် ဦးဆောင်ကာ စတင်ကွင်းဆင်းနေပြီး လေးရက်ကြာမြင့်မည်ဖြစ်ကာ ဟိုပင်ဒေသကို ဦးဖြိုးမောက်၊ ဦးဌေးဝင်းတို့က ဦးဆောင်၍ ယခုလ ၂၇ ရက်မှစ၍ ကွင်းဆင်းခဲ့ကြသည်။
အင်းတော်ကြီးဒေသကို ဦးဖိုးထောင်က တာဝန်ယူကာ အင်းပတ်လည် ၁၁ အုပ်စုကို ၁၀ ရက် ကွင်းဆင်းရမည်ဟု ထပ်မံသိရှိရသည်။
အင်းတော်ဒေသတွင်း ရှမ်းနှစ်သစ်ကူးပွဲတော်ရှိသဖြင့် ရှမ်းနှစ်သစ်ကူးပွဲတော်ပြီးမှသာ ဆက်လက် ကွင်းဆင်း ဆောင်ရွက်မည်ဟု သိရသည်။ ယင်းဒေသငါးနေရာသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးစိန်ဝင်းထွန်းက အလှည့်ကျ ပါဝင်လိုက်ပါ ဆောင်ရွက်မည်ဖြစ်သည်။
မိုးညှင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ဒေသငါးနေရာသို့ ကွက်ဖြည့် စည်းရုံးဆောင်ရွက်ခြင်းသည် ၂၀၁၅ ခုနှစ် ရွေးချယ်တင်မြှောက်ပွဲ အောင်နိုင်ရေးအတွက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

No comments:

Post a Comment

back to top