Monday, November 24, 2014

အာဆင်နယ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ သမိုင်း တစ်လျှောက် ဂိုးအများဆုံး သွင်းယူ နိုင်ခဲ့တဲ့ ရွန်းနီ


မန်ချက်စတာယူနိုက်တက်အသင်းရဲ့တိုက်စစ်မှူး ရွန်းနီဟာ အာဆင်နယ်အသင်းနဲ့ တွေ့ဆုံတိုင်း ဂိုးသွင်းယူနိုင်လေ့ရှိပြီး၊ ယခုပွဲစဉ်မှာလည်း အသင်းအတွက် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့ တယ်လို့ သိရပါတယ်။
အသက် (၂၈) နှစ်အရွယ် တိုက်စစ်မှူး ရွန်းနီဟာ ယခုပွဲစဉ်ရဲ့ ပွဲချိန် (၈၅) မိနစ်မှာ အသင်းရဲ့ တောင်ပံကစားသမား ဒီမာရီယာရဲ့ ပေးပို့မှု ကနေ တစ်ဆင့် အနိုင်ဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယခုလို ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် အာဆင်နယ်အသင်းကို သွင်းဂိုး (၉) ဂိုး သွင်းယူနိုင်ခဲ့ပြီး၊ သမိုင်းတစ်လျှောက် အာဆင်နယ်အသင်းကို ဂိုးအများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ရွန်းနီဟာ ယခုပွဲစဉ်မတိုင်ခင် အာဆင်နယ် အသင်းရဲ့ ဂန်္တ၀င်ကစားသမားဟောင်း အွန်နရီနဲ့ သွင်းဂိုး (၈) ဂိုးစီ သွင်းယူထားနိုင်ပြီး၊ ဂိုးအများဆုံး သွင်းယူသူစာရင်းမှာ ထိပ်ဆုံးကနေ ရပ်တည်နေတာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ အဆိုပါပွဲစဉ်မှာ အသင်းရဲ့ နောက်ခံကစားသမား ကီရန်ဂစ်ဘ်ရဲ့ ကိုယ့်ဂိုးကိုယ် သွင်းယူမှု၊ ရွန်းနီရဲ့ သွင်းဂိုးအပါအ၀င် (၂) ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ ယခုပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ရမှတ်(၁၄) မှတ်နဲ့ အဆင့်(၄)နေရာမှာ ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

back to top