Wednesday, November 26, 2014

အမေရိကန်နိုင်ငံသား (၁၉)ဦး Presidential Medal of Freedom ဆုများ ရရှိ

သမ္မတက အရပ်သားများသို့ ပေးအပ်သည့်အမြင့်ဆုံး ဂုဏ်ပြုဆု the Presidential Medal of Freedom (ပရက်စီဒန်ရှယ်လ် မက်ဒယ်လ်အော့ဖ် ဖရီးဒန်း) ကို ရရှိခဲ့ကြသည့် အမေရိကန်နိုင်ငံသား (၁၉) ဦးကို သမ္မတအိုဘားမားက ဆုတံဆိပ်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း၊ နိုဝင်ဘာလ (၂၄) ရက်နေ့က အဲ့ဒီဆုများကို ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆုရရှိကြသူတွေထဲမှာ အနုပညာရှင်တွေ၊ နိုင်ငံရေးလှုပ်ရှားသူတွေနဲ့ ပြည်သူ့ ၀န်ထမ်းများ ပါရှိကြောင်း၊ အဲ့ဒီထဲမှာ လွန်ခဲ့တဲ့ နှစ်ပေါင်း (၅၀)က အသားရောင် ခွဲခြားခဲ့သည့် အစွန်းရောက် အဖွဲ့တစ်ခုရဲ့ အသတ်ခံခဲ့ကြရသူ အမေရိကန် အရပ်သား အခွင့်အရေး လှုပ်ရှားသူ (၃) ဦးလည်း ပါဝင်ပြီး သူတို့ (၃)ဦးဟာ ကွယ်လွန်ပြီးမှ ဒီဆုကို ပေးအပ်ချီးမြှင့်ခံခဲ့ရတာ ဖြစ်ပါတယ်။ Medal of Freedomဆုကို အမေရိကန် သမ္မတဟောင်း ဂျွန်ကနေဒီက (၁၉၆၃)ခုနှစ်မှာ စတင်တည်ထောင် ပေးအပ်ခဲ့တာဖြစ်ပြီး ဒီဆုကို ပေးအပ်ချီးမြှင့်ခံရသူပေါင်း (၅၀၀)ရှိပြီဖြစ်ကြောင်း ဗွီအိုအေသတင်းမှာ ဖော်ပြပါရှိပါသည်။

No comments:

Post a Comment

back to top