Monday, November 24, 2014

သမ္မတ၏ ပညာတော်သင်ဆု ထူးချွန်ကျောင်းသားဦးရေ တိုးမည်

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု အရည်အချင်းစစ် စာမေးပွဲဖြေဆိုမည့်သူများ၏ အရည်အချင်း ကိုက်ညီကာ ဖြေဆိုအောင်မြင်သူ များပါက ရွေးချယ်ခံမည့် ကျောင်းသားဦးရေ တိုးမြှင့်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်သူက ပြောသည်။

နိုင်ငံတော်သမ္မတကြီးရဲ့ ပညာသင်ဆုကို နိုင်ငံတော်က ထူးချွန်သလောက် လွှတ်မယ်ဆိုတဲ့အဆင့်အထိ ဖြစ်သွားပြီ။ အစကလို Limited မဟုတ်တော့ဘူး။ ပညာတော်သင်ဆု လျှောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ ထူးချွန်တဲ့အရေအတွက်က စံမီမယ်ဆိုရင် Ethic Test ကို ပထမ စဖြေတယ်။ စံမှီတယ်ဆို လို့ရှိရင် ကျောင်းသားအရေအတွက်ကို ကန့်သတ်မထားတော့ဘူးပေါ့။ အခုဖြေတဲ့လူ ၄၀၀၀ ကျော်ထဲမှာ ဘယ်နှယောက် ထူးချွန်လာမလဲ မသိဘူးပေါ့။ ခုလိုထူးချွန်တဲ့ ကျောင်းသားရှိရင် လွှတ်မယ်ဆိုတာပေါ့ ဟု ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ အောင်သူက ပြောကြားခဲ့သည်။


No comments:

Post a Comment

back to top