Tuesday, November 25, 2014

ပြင်သစ် တိုက်လေယာဉ် ခြောက်စင်း ဂျော်ဒန်နိုင်ငံသို့ စေလွှတ်မည်


အီရတ်နိုင်ငံအတွင်းရှိ IS စစ်သွေးကြွအုပ်စုအား တိုက်ခိုက်နိုင်ရန်အတွက် ပြင်သစ်နိုင်ငံက Mirage တိုက်လေယာဉ် ခြောက်စင်းကို ဂျော်ဒန် နိုင်ငံသို့ စေလွှတ်သွားမည် ဖြစ်ကြောင်းနိုဝင်ဘာ ၁၉ ရက်တွင် ပြင်သစ် ကာကွယ်ရေး ဝန်ကြီး   ဂျင်းယက်ဗ်စ်လီဒရီယန်က ပြောကြားသည်။ လက်ရှိအချိန်တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု အတွင်း၌  Rafale  ဂျက်လေယာဉ် ကိုးစင်းရှိနေပြီဖြစ်ပြီး အင်အားဖြည့် သည့် အနေဖြင့် Mirage တိုက်လေယာဉ် များကို ပြင်သစ်နိုင်ငံ အနေ ဖြင့် ထပ်မံ ပေးပို့သွားမည် ဖြစ်ကြောင်း လီဒရီယန်က ပြောကြားသည်။
Mirage တိုက်လေယာဉ် ခြောက်စင်းသည် ဒီဇင်ဘာလတွင် ဂျော်ဒန်နိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း ပြင်သစ် စစ်ဘက်ဆိုင်ရာ သတင်းအရင်းအမြစ်များက သတင်းဌာန တစ်ခုသို့ ပြောကြားသည်။ ထို့အပြင် ပြင်သစ် အစိုးရသည် ကင်း ထောက်လေယာဉ် နှစ်စင်းနှင့်  လောင်စာဆီတင် တင့်ကားတစ်စီးတို့ကိုလည်း အယ်လ်ဒါဖရာ မြို့အတွင်းရှိ   Emirati  လေတပ်အခြေစိုက်စခန်း၌  တပ်ဖြန့်ချ ထားလျက် ရှိကြောင်းသိရသည်။ ပြင်သစ် ကာကွယ်ရေး ဝန်ကြီးဌာန၏ ပြောကြားချက်အရ လေကြောင်းစစ်ဆင်ရေးအဖွဲ့သည် အီရတ်နိုင်ငံ မြောက်ပိုင်းရှိ Kirkuk မြို့တစ်ဝိုက် အပါအဝင် IS စစ်သွေးကြွများ၏ တည်နေရာများကို ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top