Tuesday, November 25, 2014

သည်းထိပ်ရင်ဖိုဇတ်ကာ ရိုက်ကူးမဲ့ ဝတ်မှုံရွှေရည်



တစ်နှစ်တာ အတွင်း ရေပန်းစားဆုံး မင်းသမီး တစ်လက် ဖြစ်လာသည့် ၀တ်မှုန်ရွှေရည်က သည်းထိတ်ရင်ဖို ဖြစ်စေမည့် ဇာတ်ကား တစ်ကား ရိုက်ကူးရန် ရှိကြောင်း ပြောသည်။ကစ်အနေနဲ့ ပြောရရင် ဆန်းတယ်ပေါ့နော်၊  ကစ်လည်း မလုပ်ဖူးသေးတဲ့ ကာရိုက်တာလေး တစ်ခုပေါ့ နော်။ စိတ် လှုပ်ရှားမယ့် ပုံစံလေးပါပဲ။ ကစ်က ကလေးအမေ နေရာက သရုပ်ဆောင် ရမယ်။ ကလေးက သေသွားတော့ အမေဖြစ်သူက စွဲလန်းပြီး ကလေးက သူ့ အနားမှာ ရှိနေ တယ်လို့ ထင်နေ တာမျိုး ပေါ့နော်၊ အဲလိုလေးပါ။

 အဓိက သည်းထိတ် ရင်ဖို ဖြစ်မယ့် အရာလေးတွေ ပါမယ်။ ပရိသတ်လည်း အမြင်ဆန်း မယ်လို့ ထင်ပါတယ်။ ကစ်ကို မြင်နေကျ ပုံစံနဲ့ မတူတာတွေကို တွေ့ရမှာပေါ့။ ကစ်တို့ ကလည်း အမြင်မရိုး သွားအောင်လည်း အမြဲတမ်း လုပ်နေရတာ ပေါ့ နော်။ ဒါမှလည်း ကစ်တို့ကို အားပေးနေတဲ့ ပရိသတ်တွေ ကြည့်ရ ကျိုးနပ်မယ်လေ။ ရှေ့မှာလည်း ရထား တစ်စီးတည်း ပေါ်မှာ ဖြစ်သွားတဲ့ ဇာတ်လေးလည်း ရိုက်ထား ပါတယ်။ နောက်ပိုင်း ကျရင်လည်း ကစ်ကို ဒီလိုပုံစံ ဇာတ်လမ်းတွေနဲ့ ပိုမြင်ရမှာပါ။ 
ဇာတ်လမ်း ရွေးတယ် ဆိုပေမယ့် ကစ် ပရိသတ် ကြည့်ရကျိုးနပ်အောင် အမြဲလုပ် သွားပါ့မှာပါ။ လာမယ့် ဒီဇင်ဘာမှာလည်း လာဗင်ဒါ ထုတ်လုပ်ရေး၊ လပ်ကီးပဲလေ့ ထုတ်လုပ်ရေးတွေနဲ့ ဇာတ်ကားတွေ ရိုက်ဖို့ ရှိပါတယ် ဟု ၀တ်မှုန်ရွှေရည်က ပြောသည်။ ၀တ်မှုန်ရွှေရည်သည် လာမည့် အကယ်ဒမီ ပေးပွဲတွင် အကယ်ဒမီဆု ရမည်ဟု ပရိတ်များက ခန့်မှန်းပေးနေ သော်လည်း မမျှော်မှန်း ရဲသေးကြောင်း ပြောသည်။

No comments:

Post a Comment

back to top