Tuesday, September 30, 2014

T-ara အဖွဲ့ လုန်ကျန်းယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ ဖြိုးရေး အေဂျင်စီနှင့် စာချုပ်ချုပ်ဆို



တောင်ကိုရီးယား နိုင်ငံမှ နာမည်ကြီး အဆိုအဖွဲ့ဖြစ်သော T-ara အဖွဲ့သည် တရုတ်နိုင်ငံ၏ ဂီတ လောကကို ထိုးဖောက် နိုင်ရန်အတွက် တရုတ် နိုင်ငံရှိလုန်ကျန်း ယဉ်ကျေးမှု ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီနှင့် စာချုပ်ချုပ်ဆို၍ ဂီတ လုပ်ငန်းများ လက်တွဲ လုပ်ကိုင်ရန် ဆုံးဖြတ် ခဲ့ကြောင်း သိရသည်။

ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်တွင် ရီဟန်းနား ဧည့်သည် သရုပ်ဆောင် အဖြစ်ပါဝင်မည်


နာမည်ကြီး ရုပ်ရှင် ဇာတ်ကားဖြစ်သည့် ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကား၏ ၂၄ ကားမြောက် ရုပ်ရှင် ဇာတ်ကားသစ်တွင် အဆိုတော် ရီဟန်းနားသည်ဧည့်သည် သရုပ်ဆောင်အဖြစ် ပါဝင်သွားမည် ဖြစ်ကြောင်း သိရသည်။ ရီဟန်းနားသည် ဂျိမ်းစ်ဘွန်းရုပ်ရှင် ဇာတ်ကားများ၏ ပင်တိုင် ပရိသတ်ဖြစ်ပြီး ၄င်းဇာတ်ကား များတွင် ပါဝင် သရုပ်ဆောင်ရန် ဆန္ဒရှိခဲ့ကြောင်း ၄င်း၏ အတွင်းသိ တစ်ဦးက ထုတ်ဖော် ပြောကြားခဲ့သည်။ ရီဟန်းနား ကိုယ်တိုင်ကလည်း ဂျိမ်းစ်ဘွန်း ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်ခွင့် ရရှိသည့် အတွက် ပျော်ရွှင်မိကြောင်း ပြောကြားခဲ့သည်။၂၄ ကားမြောက် ဂျိမ်းစ်ဘွန်း ရုပ်ရှင် ဇာတ်ကားသစ်ကို နာမည်ကြီး ဒါရိုက်တာ ဆမ်မန် ဒက်စ်က ရိုက်ကူး သွားမည် ဖြစ်ကြောင်း သိရသည်။

အကြိမ်(၄၀)မြောက် ရိုင်ဒါဖလားကို ဥရောပအသင်းက ဆက်လက် ရယူနိုင်သည့်အတွက် ဂုဏ်ယူစရာပါပဲလို့ ကက်ပတိန် ပေါလ်မက်ဂင်လေ ပြောကြား



အကြိမ်(၄၀)မြောက် ရိုင်ဒါဖလားကို ဥရောပအသင်းက ဆက်လက် ရယူနိုင်တာဟာ အားလုံးအတွက် ဂုဏ်ယူစရာပါပဲ လို့ အသင်း ကက်ပတိန် ပေါလ်မက်ဂင်လေက ပြောကြားခဲ့သည်။ တနင်္ဂနွေနေ့က စကော့တလန်နိုင်ငံ ဂလင်းအီးဂဲလ်မြို့မှာ ကျင်းပပြီးစီးတဲ့ ရိုင်ဒါဖလား ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ဥရောပ အသင်းက အမေရိကန် အသင်းကို (၁၆)မှတ်ခွဲ၊ (၁၁)မှတ်ခွဲနဲ့ အနိုင်ရ ဗိုလ်စွဲသွားတာ ဖြစ်သည်။ ဥရောပအသင်း ကက်ပတိန် ပေါလ်မက်ဂင်လေက "ပြိုင်ပွဲ မတိုင်ခင်မှာ ကတည်းက ကျွန်တော်တို့ အနိုင်ရ မယ်လို့ ရေပန်းစားခဲ့ပါတယ်။ ကျွန်တော်တို့ဟာ အဲဒီ ဖိအားတွေနဲ့ ကစားခဲ့ ရတာပါ။
၂၀၁၅ တွင် လူဦးရေ ( ၅ ) သိန်းကျော်ထိ အီဘိုလာရောဂါပိုး ကူးစက်နိုင်



အီဘိုလာရောဂါကို ဟန့်တားထိန်းချုပ်မှု မပြုလုပ်နိုင်ပါက ၂၀၁၅ ခုနှစ် ဇန်နဝါရီလလောက်တွင် အနောက် အာဖရိကတွင် နေထိုင်သူ ၅ သိန်းမှ ၁ ဒဿမ ၄ သန်းကြားအထိ ရောဂါးကူးစက်နိုင်ဖွယ်ရှိကြောင်း အမေရိကန်နိုင်ငံမှ သုတေသနပညာရှင်များက သုံးသပ်ကြကြောင်းသိရပါသည်။

မတ်လအတွင်းက ပျောက်ဆုံးသွားသည့် မလေးရှားလေယာဉ် MH370 ကို ပြန်လည် ရှာဖွေတော့မည်



ပြီးခဲ့တဲ့ မတ်လအတွင်းက ပျောက်ဆုံးသွားတဲ့ မလေးရှားလေယာဉ် MH370 တည်ရှိနိုင်တဲ့ နေရာကို သြစတြေးလျ လေကြောင်း ကျွမ်းကျင်သူတွေက နယ်မြေ ကျဉ်းမြောင်းယူလိုက်ပြီး အောက်တိုဘာလမှာ စတင်ရှာဖွေကြမှာ ဖြစ်သည်။ နောက်ထပ် ဖြစ်ပွားလာမယ့် ဘေးအန္တရာယ်တွေကို ရှောင်ရှားနိုင်အောင် အာရှဒေသမှာ ပိုမိုကျယ်ပြန့်တဲ့ ရေဒါ စောင့်ကြည့်ရေးစနစ် လိုအပ် နေတယ်လို့ လေ့လာသူတွေက ပြောကြားနေစဉ် အခုလို လေယာဉ်ပျောက် ရှာပုံတော် ပြန်စခဲ့ခြင်းဖြစ်သည်။
ဂျပန်နိုင်ငံရှိ အွန်တိတ်မီးတောင် ပေါက်ကွဲမှုကြောင့် လူ (၄၂) ဦးဒဏ်ရာရရှိ


ဂျပန်နိုင်ငံအတွင်းက အွန်တိတ်မီးတောင်ပေါက်ကွဲမှုကြောင့် လူ (၄၂) ဦးဒဏ်ရာရရှိခဲ့ပြီး ရဲတွေဟာ ကယ်ဆယ် ရေးတွေကို ခက်ခက်ခဲခဲ လုပ်ဆောင်ခဲ့ကြရသည်ဟု သိရှိရသည်။ ဂျပန်နိုင်ငံအတွင်းရှိ Ontake "အွန်တိတ်" မီးတောင်ပေါက်ကွဲမှုကြောင့် လူ(၄၂) ဦးဒဏ်ရာရရှိခဲ့ပြီး (၇) ဦးကတော့ မီးတောင်ပြာ တွေကြားမှာ ပိတ်မိနေဆဲဟု သိရှိရသည်။
အမျိုးသားပို့ကုန် မဟာဗျူဟာ အောက်တိုဘာ လတွင် ထုတ်ပြန်မည်

မြန်မာနိုင်ငံ၏ အမျိုးသားပို့ကုန် မဟာဗျူဟာကို အောက်တိုဘာ ၂ဝ ရက်တွင် ထုတ်ပြန် သွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ် ရေး ဝန်ကြီးဌာနမှ သိရသည်။ အမျိုးသားပို့ကုန် မဟာဗျူဟာရေးဆွဲခြင်းမှာ နောက်ဆုံး အဆင့်သို့ ရောက်ရှိနေကြောင်း သိရသည်။ အဆိုပါ ထုတ်ပြန်သွားမည့် အမျိုးသား ပို့ကုန် မဟာဗျူဟာကို ပို့ကုန်အရေ အတွက် များစွာတိုးမြှင့် တင်ပို့နိုင်ရေး အတွက် အဓိက ရည်ရွယ် ရေးဆွဲခြင်း ဖြစ်သည်။ အမျိုးသားပို့ကုန် မဟာဗျူဟာ ရေးဆွဲခြင်းကို International Trade  Center (ITC) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပြီး ဂျာမနီ နိုင်ငံ အခြေစိုက် GIZ အဖွဲ့မှ ငွေကြေးပိုင်းဆိုင်ရာကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက် ရှိသည်။
ဟန်လင်းပျူမြို့ဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်း အဆောက်အအုံများ ဆောက်လုပ် ခြင်း မပြုရန် တားမြစ်

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့နယ် ဟန်လင်းပျူမြို့ဟောင်း ယဉ်ကျေးမှုဇုန် အတွင်း၌ တည်းခိုဆောင်များ ဆောက်လုပ်ခြင်း မပြုရန် ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာနမှ  ဥပဒေအရ တားမြစ် ကန့်သတ် ထားကြောင်း သိရသည်။ အဆိုပါ ဟန်လင်းပျူမြို့ဟောင်းကို  နိုင်ငံတော် အစိုးရ အဖွဲ့မှ ၂ဝဝ၈  ခုနှစ် ဇွန် ၁၃  ရက်တွင် အမိန် ကြော်ငြာစာအမှတ် (၁/၂ဝဝ၈) အရ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်ဒေသများ  ကာကွယ် ထိန်းသိမ်းရေး  ဥပဒေများ အရ ရှေးဟောင်း အထိမ်းအမှတ် အဆောက်အအုံများ တည်ရှိရာဇုန် (Ancient Monumental Zone)၊ ရှေးဟောင်းနေရာ တည်ရှိရာဇုန် (Ancient Site Zone) နှင့် ကာကွယ် ထိန်းသိမ်းထား သော ဇုန်(Protected  and  Preserved Zone) အဖြစ် ထုတ်ပြန်သတ်မှတ်၍ ကာကွယ် ထိန်းသိမ်း စောင့်ရှောက် လျက် ရှိကြောင်း သိရသည်။
၂၀၁၄-၂၀၁၅ ပညာသင်နှစ် BBM, BA (EPP), BA (Tourism) နှင့် B.A (Journalism) ပထမနှစ် သင်တန်း များ အတွက် လျှောက်လွှာ ခေါ်ယူမည်

အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်တွင် Bachelor of Business Management (BBM)၊ Bachelor of Arts (English for Professional Purposes) BA(EPP)၊ Bachelor of Arts (Tourism)၊ Bachelor of Journalism BA(Journalism) ဘွဲ့သင်တန်းများကို အချိန်ပြည့် သင်တန်း အဖြစ် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
တိုင်းဒေသကြီးအတွင်း စံပြမြို့နယ်အဖြစ် ကြိုးပမ်းတည်ဆောက်ရန် မကွေးတိုင်းဒေသကြီး စည်းရုံးရေး တာဝန်ခံ ဦးဇော်မင်း လမ်းညွှန်မှာကြား
******************************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးဇော်မင်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေတို့သည် ယခုလ ၂၂ ရက် နံနက် ၉ နာရီက တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး အစည်းအဝေးခန်းမ၌ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်/ကျေးစည်းရုံးရေးမှူးများနှင့် တွေ့ဆုံ၍ လမ်းညွှန်မှုပေးခဲ့သည်။
မကွေးတိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးဇော်မင်းနှင့် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဦးဘုန်းမော်ရွှေတို့ မြို့နယ်ပါတီကော်မတီဝင်များနှင့် တွေ့ဆုံစဉ်
ကယားမျိုးနွယ်စု၏  အဲဒိုပေါ်မီ (ခ) ဒီးကူပွဲတော်သို့ ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့် နိုင်ငံရေး ပါတီများမှ တက်ရောက်ဆင်နွှဲ
*********************************************************************
တိုင်းရင်းသားမျိုးနွယ်စုတို့တွင် မိမိတို့၏ရိုးရာ ယဉ်ကျေးမှုပွဲတော်များရှိကြသည်။ ကယားပြည်နယ်တွင် လူမျိုးစု (၉)မျိုးရှိသည့် အနက် ကယားလူမျိုးနွယ်စု၏ အဲဒိုပေါ်မီ (ခ) ဒီးကူကောက် ညှင်းထုပ် ပွဲတော်အား ယခုကာလတွင် ပြည်နယ်တစ်ဝှမ်း ကယား ရွာများတွင် စည်ကားသိုက် မြိုက်စွာ ကျင်းပလျက်ရှိကြပါသည်။ လွိုင်ကော်မြို့နယ်၊ ဒေါပေါ်ကလဲကျေးရွာအုပ်စု၊ ထေးငှားလျား ကျေးရွာ ဘောလုံးကွင်း၌ ယခုလ (၂၈) ရက်နေ့က ဘိုးဖိုးဒူဒေသ ကယားအမျိုးသားလူငယ်မှ ကြီးမှူး၍ ကောက်ညှင်းထုပ် ပွဲတော်ကို ကျင်းပကြောင်း သိရသည်။
သုံးခွမြို့နယ် ဘန့်ဘွေးကျေးရွာတွင် ပြည်ခိုင်ဖြိုးပါတီမှ အသက်ကယ်ဝတ်စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်း
****************************************************************
ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ဘန့်ဘွေးကျေးရွာတွင် မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကော်မတီဝင် နယ်မြေတာဝန်ခံ ဦးသောင်းအေး ဦးဆောင်သော ကော်မတီဝင်များနှင့် လူငယ်အဖွဲ့များသည် စက်တင်ဘာ (၂၇) ရက် နံနက် (၁၀) နာရီအချိန်တွင် သုံးခွမြို့နယ် ဘန့်ဘွေးကျေးရွာမှ ကျောက်တန်းမြို့နယ် ကျုံကန်ကျေးရွာ အလယ်တန်းကျောင်းသို့ နေ့စဉ်ပဲ့ထောင် မော်တော်ဖြင့် တက်ရောက်လျှက်ရှိသော ကျောင်းသား ကျောင်းသူ (၂၁) ဦးအတွက် အသက်ကယ် အင်္ကျီ (၁၀) စုံနှင့် ကျောင်းသုံးဗလာစာအုပ် (၅) ဒါဇင်အား ကျေးရွာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များနှင့် အထောက် အကူပြုအဖွဲ့ထံ ပေးအပ်လှူဒါန်းခဲ့ပါသည်။
 ကျေးရွာမူလတန်းကျောင်းသို့ အသက်ကယ်ဝတ်စုံနှင့် ကျောင်းသုံး ဗလာစာအုပ်များ လှူဒါန်းစဉ်
ကျေးရွာမူလတန်းကျောင်းခွဲ စာရေးခုံ၊ ထိုင်ခုံလိုအပ်ချက် လားရှိုးပြည်ခိုင်ဖြိုးပါတီ ပံ့ပိုးကူညီဆောင်ရွက်***********************************************************************
ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ မြို့နယ်အတွင်းရှိ ဟိုပိတ်ကျေးရွာအုပ်စု ပန်ဟတ်(၁၀)မိုင်ကျေးရွာသို့ စက်တင်ဘာလ(၂၈)ရက်နေ့၊ နံနက် (၀၉၀၀) နာရီတွင် ကွင်းဆင်းရောက်ရှိပြီး ကျေးရွာဖွံ့ဖြိုးရေး၊ လူထုဆန္ဒလိုအပ်ချက်များ သိရှိဖြည့်ဆည်း ဆောင်ရွက်ပေးနိုင်ရန် ကျေးရွာလူထုနှင့် တွေ့ဆုံခဲ့ကြောင်း သိရှိရသည်။
  
ကျေးရွာမူလတန်းကျောင်းခွဲ စာရေးခုံ၊ ထိုင်ခုံများ ဖြည့်တင်းနိုင်ရန် အလှူငွေပေးအပ်စဉ်

နွားထိုးကြီးပြည်ခိုင်ဖြိုး ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွား သင်တန်း အမှတ်စဉ်(၂) ဖွင့်လှစ်
**********************************************************
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် နွားထိုးကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူးဖွင့်လှစ်သော ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၂) ဖွင့်ပွဲကို ယခုလ ၂၇ ရက် နံနက် ၉ နာရီက မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး ခန်းမ၌ ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပါတီကော်မတီဝင်၊ မြင်းခြံခရိုင် နယ်မြေတာဝန်ခံ ဦးမျိုးမြင့် က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ကော်မတီဝင် ဦးခင်မောင်သန်းက သင်တန်း စည်းကမ်းများကို ရှင်းလင်းဖတ်ကြား တင်ပြသည်။
ရမည်းသင်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် ခရိုင်/မြို့နယ် ပါတီ ကော်မတီဝင်များ မူလတန်းကျောင်းဆောင်သစ် ဖွင့်ပွဲသို့ တက်ရောက်
************************************************************
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့ ကုလားမျောကျေးရွာအုပ်စု၊ ကုလားမျောကျေရွာ အခြေခံပညာ မူလတန်းကျောင်းတွင် ယခုလ ၂၆ ရက် နံနက် ၁၀ နာရီက ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်း အနားကို ယင်းကျောင်း ကျောင်းဆောင်သစ်တွင် ပြုလုပ်ရာ မင်္ဂလာအချိန်တွင် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မြို့နယ်အတွင်းရေးမှူး ဦးဇော်ဝင်း၊ လက်ထောက်မြို့နယ် ပညာရေးမှူး ဦးကြိုင်နှင့် ဆောက်လုပ်ရေးတာဝန်ခံတို့က ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးသည်။
ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းသား/သူများ ကွင်းဆင်းဆောင်ရွက်
**********************************************************
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ကြီးမှူး ဖွင့်လှစ်သော ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၄/၂၀၁၄) သင်တန်းကို အမှတ်(၂၅) ရပ်ကွက် စည်ပင်လမ်းရှိ မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီက ရုံးခန်းမ၌ ယခုလ ၂၇ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ပြီး သင်တန်းသား သင်တန်းသူ စုစုပေါင်း အင်အား ၈၀ ဖြင့် Door to Door ကွင်းဆင်းလုပ်ဆောင်ခဲ့သည်။
ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်းသား/သူများ ကွင်းဆင်းဆောင်ရွက်စဉ်
ပါတီဝင်များ ပြည်သူ့အကျိုးဖော်ဆောင်နိုင်ရေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေး
*********************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပြည်သူ့အကျိုးဖော်ဆောင်နိုင်ရေး၊ စွမ်းရည်မြင့်မား တိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စက်တင်ဘာ (၂၆) ရက် နံနက် (၉) နာရီအချိန်တွင် ယင်းမာပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး (ဆင့်ပွား) သင်တန်း (၁/၂၀၁၄)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ကျော့ယဉ်ဝင်း နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်းဆွေတို့မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။
ပါတီဝင်များ ပြည်သူ့အကျိုးဖော်ဆောင်နိုင်ရေး သင်တန်းများ စဉ်ဆက်မပြတ် ဖွင့်လှစ်ပေး
*********************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပြည်သူ့အကျိုးဖော်ဆောင်နိုင်ရေး၊ စွမ်းရည်မြင့်မား တိုးတက်ရေးအတွက် သင်တန်းများ ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ စက်တင်ဘာ (၂၆) ရက် နံနက် (၉) နာရီအချိန်တွင် ယင်းမာပင်မြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံး၌ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး (ဆင့်ပွား) သင်တန်း (၁/၂၀၁၄)ဖွင့်ပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပြီး သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် ယင်းမာပင်ခရိုင် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဒေါ်ကျော့ယဉ်ဝင်း နှင့် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမောင်းဆွေတို့မှ သင်တန်းဖွင့် အမှာစကားပြောကြားခဲ့သည်။

မြို့နယ်ပါတီအတွင်းရေးမှူးနှင့်ကော်မတီဝင်များ စစ်တမ်းကောက်ယူခြင်းများ လက်တွေ့ ကွင်းဆင်း ဆောင်ရွက်
*********************************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံဖြိုးရေးပါတီ မကွေးတိုင်းဒေသကြီး စည်းရုံးရေးတာဝန်ခံ ဦးဇော်မင်း၏ လမ်းညွှန်မှုဖြင့် မကွေးမြို့နယ် ပါတီအတွင်းရေးမှူး ဦးအောင်သိန်းကျော်နှင့် မြို့နယ်ပါတီကော်မတီဝင် များသည် တစ်အိမ်တက်ဆင်း (Door to Door) စစ်တမ်းယူနိုင်ရေးအတွက် စက်တင်ဘာ (၂၅) ရက်        (၀၉၃၀)ချိန်မှ (၁၇၀၀)ချိန်ထိ မကွေးမြို့နယ် သပြေစမ်းအုပ်စု၊ မင်းရွာ (တောင်) ကျေးရွာ ပါတီ စည်းရုံးရေးမှူး၏ နေအိမ်၌ ပါတီဝင်လူငယ် ကျား(၁၂)ဦး၊ မ (၁၀)ဦး၊ ပေါင်း (၂၂)ဦးတို့ အား သရုပ်ပြ ရှင်းလင်းခဲ့ပြီး ၎င်းလူငယ်များအား (၃)ဦး (၁)ဦးစီဖြင့် အဖွဲ့ (၇)ဖွဲ့ ဖွဲ့ကာ (၁)ဖွဲ့လျှင် အိမ်ခြေ (၁၆)အိမ် နှုန်းဖြင့် အဆိုပါကျေးရွာရှိ အိမ်ခြေ (၁၁၃)အိမ်အား စက်တင်ဘာ (၂၆) ရက် (၁၅၀၀) ချိန်မှစ၍ စစ်တမ်းကောက်ယူခြင်းများ လက်တွေ့ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

Monday, September 29, 2014

‘ဘယ်ရည်းစားကို အချစ်ဆုံးလဲ’ဇာတ်ကားမှာ သွက်သွက် လက်လက်မြင်ရမယ့် မေမြင့်မိုရ်

 အောက်တိုဘာ ဒုတိယ ပတ်အတွင်း ရိုက်ကူးမည့် ‘‘ဘယ် ရည်းစားကို အချစ်ဆုံးလဲ’’ရုပ်ရှင် ဇာတ်ကားတွင်     ပရိသတ်များ မြင်နေကျမဟုတ်သည့် သွက်သွက်လက်လက်ဇာတ်ကောင်စရိုက်ဖြင့် သရုပ်ဆောင်ရမည်ဖြစ်ကြောင်း မေမြင့်မိုရ်ကပြောသည်။ ဒီရုပ်ရှင်က ညီမရဲ့ ဒုတိယ မြောက် ရုပ်ရှင်ဇာတ်ကားကြီးပါ။ ညီမ  ရိုက်ရတဲ့ ကားတော်တော် များများက   အငြိမ်ဇာတ်ရုပ်တွေ များပေမယ့် ဒီကားမှာတော့ သွက် သွက်လက်လက်ကာရိုက်တာနဲ့ သရုပ်ဆောင်ရမှာပါ။ ဇာတ်လမ်း လေးကလည်း ဆန်းပါတယ်’’ ဟု မေမြင့်မိုရ်က ပြောသည်။

ကံကောင်းလို့ဆုရခဲ့တာဆိုတဲ့ Miss Myanmar World သရဖူဆုရှင် ၀ိုင်းလေး

 ပြိုင်ပွဲဝင်များတွင်ကိုယ့် ထက်လှသူများပါသောကြောင့် ဆုရရှိရန် မှန်းမထားဘဲ ကံ ကောင်း၍ ဆုရခဲ့ခြင်းဖြစ်ပြီး ကြိုး စားမှုနှင့် ထပ်တူကျခဲ့သည်ဟု ထင်ကြောင်း Miss Myanmar World 2014ဆုရှင် ၀ိုင်းလေးက ပြောသည်။ ‘‘ပြိုင်ပွဲတောက်လျှောက်အ ကောင်းဆုံးကြိုစားခဲ့တယ်။ ဆုရ  ရမယ်ဆိုတာထက် အကောင်းဆုံး ပြင်ဆင်ခဲ့တယ်။ နောက်ဆုံးဖိုင် နယ်နေ့မှာလည်း ဆုကိုမှန်းမထား ဘဲ မထင်မှတ်ဘဲ ရခဲ့တဲ့အတွက် ကိုယ့်ရဲ့ ကြိုးစားမှုနဲ့ထပ်တူညီ တယ်လို့ ထင်ပါတယ်’’ဟု ၀ိုင်း လေးကပြောသည်။ Miss Myanmar World 2014 ဆုကို ၀ိုင်းလေးရရှိခဲ့သည့် အပေါ် ပရိသတ်အချို့ကနောက် ဆုံးပြိုင်ပွဲတွင် ၀ိုင်းလေးဝတ်ဆင် သည့် ၀တ်စုံအရောင်နှင့် ဗဟုသု တမေးခွန်းများမေးသည့်ကဏ္ဍ တွင် ၀ိုင်းလေး၏ဖြေဆိုမှုကိုဝေဖန် မှုများရှိခဲ့သည်။

မန္တလေးမြို့ရှိ လူငယ် အများစု တယ်လီနော ဆင်းကတ်ကို 2G ဟန်းဆက်များဖြင့်သာ ကိုင်တွယ်မှု များလာ



မန္တလေးမြို့၌ ယမန်နေ့က စတင်ရောင်းချသည့် ငွေကျပ် ၁၅ဝဝ တန် ဆင်းကတ်များကို လူငယ်အများစုမှာ 2G ဖြင့်သာ အသုံးပြုနိုင်သည့်  တန်ဖိုးနည်း ဟန်းဆက်များကို ဝယ်ယူ၍ ထည့်သွင်း ကိုင်တွယ်မှု များလာကြောင်း မန္တလေးမြို့ရှိ ဖုန်းအရောင်းဆိုင်များမှ သိရသည်။
ပျောက်ဆုံးတောင်တက် အဖွဲ့ဝင်နှစ်ဦးကို ရှာဖွေသည့် အဖွဲ့သို့ ရိက္ခာပို့ ရဟတ်ယာဉ် အဆက် အသွယ် ပြတ်တောက်

ခါကာဘိုရာဇီတောင်သို့ တက်ရောက်ရင်း ပျောက်ဆုံးနေသော တောင်တက်အဖွဲ့ဝင် နှစ်ဦးကို ရှာဖွေကယ်ဆယ် ရေး ဆောင်ရွက် နေသည့် အဖွဲ့သို့ ရိက္ခာပို့သွားသည့် ထိုင်းနိုင်ငံမှ ရဟတ်ယာဉ် တစ်စင်းသည် စက်တင်ဘာ ၂၇ ရက်တွင် အဆက် အသွယ်ပြတ် တောက်နေကြောင်း သိရသည်။

ဂိုး ၄၀၀ သွင်းနိုင်မည်ဟု စိတ်မကူးခဲ့ကြောင်း မက်ဆီပြော

ဘာစီလိုနာ−အသက်(၂၅)နှစ် အရွယ်မှာပင် လာလီဂါ၌ ဂိုးပေါင်း ၂၀၀ သွင်းနိုင်ခဲ့သည့် ဘာစီလို နာတိုက် စစ်မှူးမက်ဆီသည် ဘာစီလိုနာအသင်းက ဂရန်နာဒါအသင်းကို ခြောက်ဂိုး ဂိုးမရှိ နိုင်ခဲ့သောပွဲတွင် ဂိုး ၄၀၀ ပြည့်နှင့် ၄၀၁ ဂိုး မြောက်ဂိုးများ သွင်းယူနိုင်ခဲ့သည်။ မက်ဆီသည် ဂရန်နာဒါ အသင်းဘက်သို့ နှစ်ဂိုးသွင်းယူ နိုင်ခဲ့ပြီး နှစ်ဂိုးဖန်တီးပေးခဲ့သည်။ ယင်းပွဲတွင် မက်ဆီ၏ အသင်းဖော် ဘရာဇီးလက်ရွေးစင်  နေမာလည်း ဟက်ထရစ် ရရှိခဲ့သည်။ ပွဲပြီးသည့်နောက် မက်ဆီက ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် စုစုပေါင်း သွင်းဂိုး ၄၀၀ ပြည့်မည်ဟု လုံးဝစိတ်မကူးခဲ့ကြောင်းနှင့် ချီးကျူးဂုဏ်ပြုမှု များ အားလုံး အတွက် ကျေးဇူးတင်ကြောင်း ရေးသားဖော်ပြသည်။ 
ခရစ္စတီယာနိုရော်နယ်ဒိုကို မန်ယူ ပြန်ခေါ်ရင် ပေါင်သန်း (၁၄၀)နီးပါး သုံးရမည်



ပေါ်တူဂီအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်ဒိုကို မန်ချက်စတာယူနိုက်တက်အသင်းက ပြန်ခေါ်မယ်ဆိုရင် ပေါင်သန်း (၁၄၀) လောက်အထိ ကုန်ကျမည်။ ရော်နယ်ဒိုဟာ မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့အတူ ၂၀၀၈ခုနှစ်က ချန်ပီယံလိဂ် ဖလားဆွတ်ခူးပြီးနောက် ရီရဲလ်မက်ဒရစ် အသင်းကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင်သန်း(၈၀)နဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။
ချက်တင်းနစ်မယ် ဖလားဆွတ်ခူး



ချက်သမ္မတနိုင်ငံမှ တင်းနစ်မယ်ပီထရာဗစ်တိုးဗားသည် တရုတ်နိုင်ငံ ဝူဟန်းအိုးပင်းတင်းနစ်ပြိုင်ပွဲတွင် ကနေဒါတင်းနစ်မယ် ဘိုချတ်ကိုနိုင်ပြီး ဖလား ဆွတ်ခူး သွားခဲ့သည်။ သူမသည် ယင်းပွဲအနိုင်ရလိုက်၍ စင်ကာပူနိုင်ငံ၌ ကျင်းပမည့် WTA ရာသီကုန်ပြိုင်ပွဲတွင် ပါဝင်ကစားခွင့်ရရှိသွားခဲ့သည်။  "ကျွန်မရဲ့ ဒီနေ့အနိုင်ရတဲ့ပွဲဟာ ဒီနှစ်ထဲမှာတော့ ဒုတိယမြောက်တန်ဖိုး အကြီးဆုံးဖလားပါပဲ"ဟု ဗစ်တိုးဗားက ပြောသည်။ ၎င်းသည် စင်ကာပူနိုင်ငံ၌ အောက်တိုဘာ ၂၀ ရက်မှ ၂၆ ရက်အထိ ကျင်းပမည့် WTA ရာသီကုန် ပြိုင်ပွဲတွင် ဆီရီနာဝီလျံ၊ ရှာရာပိုဗာတို့နှင့်အတူ ယှဉ်ပြိုင်ကစားခွင့် ရရှိသွား ပြီဖြစ်သည်။

စွမ်းအင်ဆိုင်ရာ အကျပ်အတည်းများ ပြေလျော့စေရေးအတွက် နျူကလီးယားစက်ရုံများ ပါကစ္စတန် တည်ဆောက်မည်

နိုင်ငံတွင်းကြုံတွေ့နေရသည့် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းများ ပြေလျော့စေရေးအတွက် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများ ပိုမိုတည်ဆောက်ရန်ဆန္ဒရှိနေကြောင်း ပါကစ္စတန် နိုင်ငံက နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီအား ပြောကြား ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဖော်ပြသည်။

ဥရောပ သမဂ္ဂက ထောက်ခံ ပေးထားသော ရုရှားနှင့် သဘာဝ ဓာတ်ငွေ့ ရောင်းဝယ်ရေး အစီအစဉ်တွင် ယူကရိန်း ပါဝင် မည် မဟုတ်

ဥရောပသမဂ္ဂက ထောက်ခံပေးထားသော ရုရှားနှင့် သဘာဝဓာတ်ငွေ့ရောင်းဝယ်ရေး သဘောတူစာချုပ် ချုပ်ဆိုမည့် အစီအစဉ်တွင် ယူကရိန်းနိုင်ငံ ပါဝင်ပတ်သက် မည် မဟုတ်ကြောင်းသိရသည်။

ပြည်ခိုင်ဖြိုးပါတီနှင့်ကမ္ဘာ့ရတနာဘဏ်တို့ပူးပေါင်းဖွင့်လှစ်သောBusiness Administration Efficiency Course No.(2) သင်တန်းဖွင့်ပွဲ ကျင်းပ
***********************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဌာနချုပ်နှင့် ကမ္ဘာ့ရတနာဘဏ်တို့ ပူးပေါင်းဖွင့်လှစ်သော Business Administration Efficiency Course No.(2) သင်တန်းဖွင့်ပွဲ အခမ်းအနားကို စက်တင် ဘာလ (၂၈)ရက်နေ့၊ ညနေ(၅း၃၀) အချိန်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်၊ သင်တန်းကျောင်းရှိ ပြည်ထောင်စု ခန်းမဆောင်တွင် ကျင်းပပြုလုပ်ပါသည်။
အထွေအထွေအတွင်းရေးမှူး ဦးမောင်မောင်သိမ်း သင်တန်းဖွင့်အမှာစကားပြောကြားစဉ်
 
သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသူများ
ဟင်္သာစေတနာ အခမဲ့နယ်လှည့် ဆေးကုသရေးအဖွဲ့ နိဗ္ဗာန်ကျေးရွာတွင် ဆေး ကုသခြင်း လုပ်ငန်းများဆောင်ရွက်
***********************************************************
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဦး နာယကအဖြစ် ဆောင်ရွက်ပြီး အဖွဲ့ဝင် ၂၇ ဦးဖြင့် ဖွဲ့စည်းထားသည့် ဟင်္သာစေတနာ အခမဲ့နယ်လှည့်ဆေး ကုသရေးလုပ်ငန်းကို နိဗ္ဗာန်တိုက်နယ် နိဗ္ဗာန်ကျေးရွာ ကန်ကြီးဒေါင့် ဘုန်းတော်ကြီးကျောင်းတွင် စက်တင်ဘာလ ၂၇ ရက်နေ့ နံနက် ၈ နာရီက ဆေးကုသခြင်း ဆောင်ရွက်ခဲ့ရာ ဟင်္သာတခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာ တိုးတိုး ဦးဆောင်ပြီး ကျန်းမာရေးဝန်ကြီးဌာန အထူးကုဆရာဝန်ကြီးများနှင့် ဆရာဝန်များ၊ ပြင်ပမှ ဆရာဝန်များ၊ စုစုပေါင်း ၂၂ ဦး၊ သူနာပြုနှင့် အခြားဝန်းထမ်း ၂၂ ဦး၊ တိုင်းရင်းဆေးကုသရေးအဖွဲ့ ရှစ်ဦး စုစုပေါင်း ၅၂ ဦးဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လူနာ ၆၅၂ ဦးကို အခမဲ့ ကုသပေးခဲ့သည်။
ဖြိုးစေတနာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (၂) သုံးခွမြို့နယ်တွင် ကွင်းဆင်းဆေး ကုသ
*****************************************************************
ရန်ကုန်တိုင်းဒေသကြီးတောင်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ဦးဆောင်မှုဖြင့် ဖြိုးစေတနာ အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့ (၂)သည် ယခုလ ၂၅ ရက် နံနက် ၉ နာရီမှ ညနေ ၅ နာရီထိ သုံးခွမြို့နယ် ရှမ်းစုကျေးရွာကျောင်းကြီး ဘုန်းတော်ကြီးကျောင်းတွင် မိဘပြည်သူ ၂၄၂ ဦး အား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
ဗလာစာအုပ်များ လှူဒါန်းစဉ်
ပြည်သူ့လိုအပ်ချက်ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ဒေသခံများနှင့် တွေ့ဆုံဆွေးနွေး
***********************************************************
လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးဌေးဝင်း လယ်ဝေးမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အတွင်းရေးမှူး ဦးသိန်းတိုးနှင့် မြို့နယ်ကော်မတီအဖွဲ့သည် စက်တင်ဘာ (၂၇) ရက်က အောင်သာကျေးရွာ အုပ်စုဒေသခံပြည်သူများနှင့် တွေ့ဆုံ၍ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်းက လွှတ်တော် အတွေ့အကြုံများအား ရှင်းလင်း ဆွေးနွေးခဲ့သည်။
  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဌေးဝင်း ဒေသခံများနှင့် တွေ့ဆုံစဉ်
ပါတီဝင်များ အရည်အချင်းမြှင့်တင်ရေး သင်တန်းများဖွင့်လှစ်ပေး
*********************************************
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ဂျိုင်းတိုက်နယ်၊ နတ်ကျွန်းကျေးရွာတွင် စက်တင်ဘာ (၂၇) ရက် နံနက်(၀၈၃၀)နာရီအချိန်က ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး ဆင့်ပွားသင်တန်း အမှတ်စဉ် (၃/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
နတ်ကျွန်းကျေးရွာ ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်း (၃/၂၀၁၄) ဖွင့်လှစ်စဉ်
အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်မိခင်နှင့် ကလေး စောင့်ရှောက်ရေး အသင်း အမကကျောင်းမှ ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်း သူများအား ကျောင်းဝတ်စုံများ ထောက်ပံ့လှူဒါန်း
*************************************************************
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် အင်းတော်မြို့ အောင်မေတ္တာရပ်ကွက် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ စည်းရုံးရေးမှူး ဒေါ်ခင်လှမိနှင့် စည်းရုံးရေးကော်မတီဝင်များ၊ မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်မော်မော်အောင်နှင့် မြို့နယ်အမှုဆောင် ကော်မတီဝင်များသည် ယခုလ ၂၀ ရက် မွန်းလွဲ ၁ နာရီ က အောင်မေတ္တာရပ်ကွက် အစိုးရ မူလတန်းကျောင်း၌ ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူများအား ထောက်ပံ့ လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြသည်။
ဆင်းရဲနွမ်းပါး ကျောင်းသားကျောင်းသူများအား ထောက်ပံ့လှူဒါန်းစဉ်
ထန်းတပင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ နင်းကြမ်းကျေးရွာ (အမက)တွင် ဗလာစာအုပ်များ လှူဒါန်း
*********************************************************
ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ရခိုင်ရိုးကြီး ကျေးရွာအုပ်စု နင်းကြမ်းကျေးရွာ (အမက)စာသင်ကျောင်းသို့ ကျောင်းသုံးဗလာစာအုပ် ၂၈ ဒါဇင်ကို စက်တင်ဘာ ၂၇ ရက်က ဒုတိယအကြိမ်အဖြစ် သွားရောက် လှူဒါန်းခဲ့ကြောင်းသိရသည်။

တောင်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေး သင်တန်းများ ဖွင့်လှစ်
*************************************************************
တောင်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ပြည်သူ့ပါတီ မဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်းများကို ယခုလ ၂၄ ရက်တွင် (၄/၂၀၁၄) ဖွင့်ပွဲ အခမ်းအနားကို နံနက် ၉ နာရီတွင် ကျောက်တလုံးမြို့ကြီးမြို့နယ်ခွဲ ထီလုံရပ်ကွက်ဓမ္မာရုံ၌ လည်းကောင်း၊ (၃/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို မွန်းလွဲ ၁ နာရီတွင် နောင်ပစ်ကျေးရွာ အုပ်စု နောင်ပစ်ဓမ္မာရုံ၌ လည်းကောင်းကျင်းပခဲ့သည်။

ရှေးဦးစွာ ဗဟိုပါတီကော်မတီဝင် ပြည်နယ်ပါတီကော်မတီဝင် ဦးစိုင်းဇော်ဇော်က အဖွင့်အမှာစကား ပြောကြားပြီး သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ပြည်နယ်ပါတီကော်မတီဝင် ဒေါ်ဝါဝါထွေး က ရှင်းလင်းပြောကြားပြီး ဖွင့်ပွဲ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
လူငယ်ဖိုရမ်(၂၀၁၄)က ချမှတ်သည့် ရှေ့လုပ်ငန်းစဉ်များ ကျောက်ဆည်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီ ဆက်လက် အကောင်အထည်ဖော်
************************************************************
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ်ဖိုရမ် (၂၀၁၄)မှချမှတ်သည့် ရှေ့လုပ်ငန်းစဉ်များ ဖွဲ့စည်း အကောင်အထည်ဖော်ရန် စက်တင်ဘာ ၂၅ ရက် နံနက် ၉ နာရီခွဲက ကျောက်ဆည်မြို့မ ရပ်ကွက်အတွင်း၌ ကျင်းပခဲ့သည်။

အဆိုပါ ဖွဲ့စည်းအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် မြို့နယ်ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှူး ဦးသန်းထွန်း၊ ဦးတင်ထွန်းအောင် (ပသဆ)နှင့် ရေးရာကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးနှင့် ရပ်ကွက် လူငယ်ရေးရာတာဝန်ခံများ၊ အထောက်အကူပြုအဖွဲ့များ၊ ရပ်မိရပ်ဖများ တက်ရောက်ကြသည်။
ရှေးဦးစွာ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးသန်းထွန်းက တောင်သူလယ်သမား၊ အလုပ်သမားနှင့် လူငယ် ဖိုရမ်(၂၀၁၄)မှ ချမှတ်သည့် ရှေ့လုပ်ငန်းစဉ် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တောင်သူ လယ်သမားရေးရာအ ကျိုးဆောင်အဖွဲ့၊ အလုပ်သမားရေးရာ အကျိုးဆောင်အဖွဲ့၊ လူငယ်ရေးရာရှေ့ဆောင်အဖွဲ့ဟူ၍ အဖွဲ့သုံးဖွဲ့ခွဲကာ တစ်ဖွဲ့ချင်း စည်းရုံးရေးစွမ်းရည် မြှင့်တင်ရေးအတွက် ဒေသခံ မိဘပြည်သူများနှင့် ပူးပေါင်းပြီး ပြည်သူ့ လိုအပ်ချက်၊ အကျိုးပြုလုပ်ငန်းများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

စွမ်းအင်ဆိုင်ရာ အကျပ်အတည်းများ ပြေလျော့စေရေးအတွက် နျူကလီးယား စက်ရုံများ ပါကစ္စတန် တည်ဆောက်မည်

နိုင်ငံတွင်းကြုံတွေ့နေရသည့် စွမ်းအင်ဆိုင်ရာ အကျပ်အတည်းများ ပြေလျော့စေရေးအတွက် နျူကလီးယား စွမ်းအင်သုံး ဓာတ်အားပေး စက်ရုံများ ပိုမိုတည်ဆောက်ရန်ဆန္ဒရှိနေကြောင်း ပါကစ္စတန် နိုင်ငံက နိုင်ငံတကာ အဏုမြူ စွမ်းအင် အေဂျင်စီအား ပြောကြား ခဲ့ကြောင်း ဒေသဆိုင်ရာ သတင်းဌာန များက ဖော်ပြသည်။
Smart Card အတု ပြုလုပ် သော အေဂျင်စီ များကို အရေး ယူမည်


မြန်မာနိုင်ငံအတွင်း အလုပ်သမား  Smart Card များ အတုပြုလုပ်မှုရှိသော လိုင်စင်ရ ပြည်ပ အလုပ်အကိုင် အေဂျင်စီများကို  စစ်ဆေးပြီး  အရေးယူသွားမည်ဖြစ် ကြောင်း ပြည်ပအလုပ်အကိုင် အေဂျင်စီအဖွဲ့ချုပ်မှ အတွင်းရေးမှူး၏ ပြောကြားချက်အရ သိရသည်။
ရေယာဉ်အစီး ၃၀၀ ကျော်သက်တမ်းမတိုးလျှင် မှတ်ပုံတင်စာရင်း ပယ်ဖျက်မည်


သက်တမ်းတိုးရန်ပျက် ကွက်နေသည့် ရေယာဉ် ၃၃၅ စီးကို အောက်တိုဘာနောက်ဆုံး ထားဆောင်ရွက်ရန် ညွှန်ကြားထားပြီး သက်တမ်းတိုးခြင်းမရှိပါက ရေယာဉ်မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်သွားမည်ဟုသတင်းရရှိ သည်။

စနေဆိုသည့် နာမည်ဖြင့် ထွက်ရှိလာမည့် အဆိုတော် Roll-1 ၏ 

ရုပ်သေး တေးစီးရီး



အဖြူရောင်သတို့သမီး သီချင်းဖြင့် လူငယ်ပရိသတ်များ၏ ကြားထဲတွင် ရေပန်းစား အောင်မြင် ခဲ့သော အဆိုတော်  Roll-1 သည်  ယခုအခါ သူ၏တစ်ကိုယ်တော် တေးသီချင်းခွေဖြစ်သည့်ရုပ်သေး သီချင်းခွေကို စနေ ဆိုသည့် နာမည်ဖြင့် ပြောင်းလဲ ထွက်ရှိမည် ဖြစ်ကြောင်း သိရ သည်
အဆိုပါ တေးသီချင်းခွေနှင့် ပတ်သက်၍  ''ဒီအခွေကို  ကျွန်တော် တော်တော်ကို အားစိုက် ကြိုးစား ခဲ့ပါတယ်။ ကျွန်တော်က ပိုက်ဆံ မချမ်းသာပါဘူး။ ကျွန်တော့်မိဘတွေ ချမ်းသာကောင်း ချမ်းသာလိမ့်မယ်၊ ကျွန်တော်က ဆင်းရဲပါတယ်။ ဒီလို ပြောပြရတဲ့ အတွက် လည်း ကျွန်တော် မရှက်ပါဘူး။ ပိုက်ဆံမရှိလို့လည်း ကျွန်တော် မကြောက်ပါဘူး။  ကျွန်တော် လုပ်ချင်တဲ့  အလုပ်တစ်ခုကို လုပ်ခွင့်ရတဲ့အတွက် သိပ်ကို ဝမ်းသာပါတယ်။

Wednesday, September 24, 2014

ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံများ စားသုံးရာတွင် အန္တရာယ် 

ကင်းစေရေး နှိုးဆော်ချက်



လူတို့ ကျန်းမာကြံ့ခိုင် သန်စွမ်းစေရန် နေ့စဉ် စားသောက်သည့် အစားအစာ များတွင် ရောဂါ ကာကွယ်နိုင်သည့် ဗီတာမင် သက်စောင့်ဓာတ်များနှင့် သတ္တုဓာတ်များ ပါဝင်သည့် ဟင်းသီး ဟင်းရွက်များ၊ အသီးအနှံ များကို စားသုံးရန် လိုအပ်ပါသည်။ဟင်းသီး ဟင်းရွက်နှင့် အသီးအနှံများ စားသုံးရာတွင် သဘာဝ အတိုင်း မဟုတ်ဘဲ ပြုပြင်ထားသော ဟင်းသီး ဟင်းရွက် သစ်သီးဝလံများ၊ ပိုးသတ်ဆေး၊ ဓာတ်မြေသြဇာ စသည့် ဓာတုပစ္စည်းများ ပါဝင်သည့် ဟင်းသီးဟင်းရွက် များကို စားသုံး မိခြင်းကြောင့် လတ်တလောတွင် ဝမ်းပျက် ဝမ်းလျှောခြင်း၊ ဗိုက်ရစ်နာခြင်း၊ အော့အန်ခြင်း၊ ခေါင်းကိုက် မူးဝေခြင်း တို့ ဖြစ်ပေါ်လာနိုင်ပြီး နောက်ပိုင်းတွင် ဦးနှောက်နှင့် အာရုံကြော ထိခိုက်ခြင်း၊ မျိုးပွားနိုင်စွမ်း လျော့နည်းခြင်း၊ သန္ဓေသား ချို့ယွင်းမှု ဖြစ်ခြင်း၊ နှင်းခူရောဂါ ဖြစ်ခြင်း၊ ကင်ဆာရောဂါ ဖြစ်ပွားခြင်း စသည်တို့ဖြစ် ပွားတတ်ပါသည်။

ပရိသတ်တွေအတွက် ထူးခြားစေမယ့် နန်းမြတ်ဖြိုးသင်းရဲ့ Friend 

VCD


နန်းမြတ်ဖြိုးသင်းနှင့် နန်းသူဇာ တို့နှစ်ယောက် သီဆိုထားသည့် Friend Audio သီချင်းခွေသည် လူငယ် မိန်းကလေး ပရိသတ်များ ကြားတွင် ရေပန်းစားအောင်မြင် နေသော တေးသီချင်းခွေတစ်ခွေဖြစ်ကာ သီဆိုထားသူ နန်းမြတ်ဖြိုးသင်း က မကြာမီ ထွက်ရှိတော့မည့် VCD   အခွေတွင် ပရိသတ်များအတွက် ထူးခြားစေမည်ဟု ပြောပြခဲ့သည်။

အနုပညာကြေးတွေစုပြီး မိခင်ဖြစ်သူရဲ့ ဇာတိမြို့မှာ တံတား 

ဆောက်လုပ်လှူဒါန်းတဲ့ သဉ္ဇနွယ်ဝင်း


အနုပညာလောကမှာ ဖြေးဖြေးနဲ့မှန်မှန် လျှောက်လှမ်းနေရင်း သရုပ်ဆောင်ဖက် တစ်ခုထဲကို သာ အားကြိုးမာန်တက် ကြိုးစားပုံဖော်နေတဲ့ စိုးရန်အောင်က ခုလတ်တလော တပ်မတော်ဂုဏ်ပြု ဇာတ်လမ်းတွဲလေး ရိုက်နေတယ်လို့ သိရတာကြောင့် အဲ့ဒီအကြောင်း မေးကြည့်ဖြစ်တော့  “ဒီကားထဲမှာ ကျွန်တော် တပ်မတော်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်မတော်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံလေးက ရှေ့မှာ ကြယ်စင်မော်ကွန်းမှာလဲ ပါဖူးပြီးသား ဆိုတော့ သိပ်တော့ အထူးအဆန်းကြီး မဟုတ်ဘူးပေါ့။ ဇာတ်လမ်းတွဲ ရိုက်ရတဲ့ပေါ် အရမ်းလဲ ၀မ်းသာမိပါတယ်။ ကဲ ဟုတ်ပြီ။ ဇာတ်လမ်းတွဲရိုက်ပြီဆိုတော့ ကျွန်တော်တို့အဲ့ဒါကို မီဒီယာတွေ ရုပ်သံလှိုင်းတွေ၊ ပုဂ္ဂလိက ရုပ်သံလှိုင်းတွေမှာ အချိန်ပေးပြီး လွှင့်ပေးမယ်ဆိုရင် ဒါတကယ် ကောင်းတာပါ့။ ကျွန်တော်တို့ဒီမှာဆို ကျွန်တော်တို့ မြန်မာနိုင်ငံကို တခြားနိုင်ငံက ကားတွေက ကျွန်တော်တို့ရဲ့ရုပ်သံတွေမှာ နေရာယူလာကြတယ်။ အဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံက ကားတွေအတွက် နယ်မြေ ကျဉ်းမြောင်းလာကြတယ်။ တကယ်သာနေရာပေးပြီး ပြပေးနိုင်မယ်ဆိုရင် ဒါအများကြီး ကောင်းမယ်လို့မျှော်လင့်နေမိပါတယ်။”လို့ သူက ဆိုပါတယ်။

ရုပ်ရှင်လောကသားတွေအနေနဲ့ လုပ်ပိုင်ခွင့်တွေ အရင်ထက် ရှိလာမယ်ဆိုရင် တိုးတက်လာမယ့်အပိုင်းတွေ အများကြီးရှိတယ်လို့ ဆိုလာတဲ့ စိုးရန်အောင်

 အနုပညာလောကမှာ ဖြေးဖြေးနဲ့မှန်မှန် လျှောက်လှမ်းနေရင်း သရုပ်ဆောင်ဖက် တစ်ခုထဲကို သာ အားကြိုးမာန်တက် ကြိုးစားပုံဖော်နေတဲ့ စိုးရန်အောင်က ခုလတ်တလော တပ်မတော်ဂုဏ်ပြု ဇာတ်လမ်းတွဲလေး ရိုက်နေတယ်လို့ သိရတာကြောင့် အဲ့ဒီအကြောင်း မေးကြည့်ဖြစ်တော့  “ဒီကားထဲမှာ ကျွန်တော် တပ်မတော်သားတစ်ယောက်အနေနဲ့ သရုပ်ဆောင်ထားပါတယ်။ တပ်မတော်နဲ့ပတ်သတ်တဲ့ အတွေ့အကြုံလေးက ရှေ့မှာ ကြယ်စင်မော်ကွန်းမှာလဲ ပါဖူးပြီးသား ဆိုတော့ သိပ်တော့ အထူးအဆန်းကြီး မဟုတ်ဘူးပေါ့။ ဇာတ်လမ်းတွဲ ရိုက်ရတဲ့ပေါ် အရမ်းလဲ ၀မ်းသာမိပါတယ်။ ကဲ ဟုတ်ပြီ။ ဇာတ်လမ်းတွဲ ရိုက်ပြီဆိုတော့ ကျွန်တော်တို့အဲ့ဒါကို မီဒီယာတွေ ရုပ်သံလှိုင်းတွေ၊ ပုဂ္ဂလိက ရုပ်သံလှိုင်းတွေမှာ အချိန်ပေးပြီး လွှင့်ပေးမယ်ဆိုရင် ဒါတကယ် ကောင်းတာပါ့။ ကျွန်တော်တို့ဒီမှာဆို ကျွန်တော်တို့ မြန်မာနိုင်ငံကို တခြားနိုင်ငံက ကားတွေက ကျွန်တော်တို့ရဲ့ရုပ်သံတွေမှာ နေရာယူလာကြတယ်။ အဲ့အတွက်ကြောင့် ကိုယ့်နိုင်ငံက ကားတွေအတွက် နယ်မြေ ကျဉ်းမြောင်းလာကြတယ်။ တကယ်သာနေရာပေးပြီး ပြပေးနိုင်မယ်ဆိုရင် ဒါအများကြီး ကောင်းမယ်လို့မျှော်လင့်နေမိပါတယ်။”လို့ သူက ဆိုပါတယ်။

ဥရောပ စူပါမစ်ဒယ်လ်ဝိတ်တန်း ချန်ပီယံ ခါးပတ် ဗြိတိန် လက်ဝှေ့ကျော် ဂျော့ဂရပ်ဖ် ဆွတ်ခူး


ဗြိတိန် နိုင်ငံမှ လက်ဝှေ့ကျော် ဂျော့ဂရပ်ဖ်သည် ဝင်ဘလေကွင်း၌ စက်တင်ဘာ ၂ဝ ရက်က ယှဉ်ပြိုင် ထိုးသတ် ခဲ့သော ဥရောပ စူပါ မစ်ဒယ်လ် ဝိတ်တန်း လက်ဝှေ့ချန်ပီယံ ခါးပတ်လုပွဲ တွင် ပြင်သစ်နိုင်ငံမှ လက်ဝှေ့ကျော် ခရစ္စတို ဖာရီဘရက်စ်ကို အနိုင် ထိုးသတ်ပြီး ချန်ပီယံ ခါးပတ် ဆွတ်ခူးခဲ့ကြောင်း သိရသည်။
တရုတ်အာဆီယံ ကုန်စည်ပြပွဲ မြန်မာနိုင်ငံမှ အကောင်းဆုံးဆု သုံးဆုရရှိ

(၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်ြး မို့၌ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရသည်။ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၃၄၁ ဦး သွားရောက်ခဲ့ပြီး ကုမ္ပဏီ စုစုပေါင်း ၁၂၅ ခုတို့က ကုန်စည်ပြခန်း ၈၄ ခန်း ပြသခဲ့သည်။
အမျိုးသမီး ၆၃ ကီလိုတန်း ဂျူဒို အားကစားပြိုင်ပွဲတွင် တောင်ကိုရီးယား နိုင်ငံမှ ဂျူဒို အားကစား မယ် ရွှေတံဆိပ် ဆု ဆွတ်ခူး

တောင်ကိုရီးယားနိုင်ငံ အင်ချွန်းမြို့ရှိ ဒိုဝန်အားကစားရုံ၌ စက်တင်ဘာ ၂၁ ရက်က ကျင်းပသော (၁၇) ကြိမ်မြောက်အာရှ အားကစား ပွဲတော်၏ အမျိုးသမီး ၆၃ ကီလိုတန်း ဂျူဒို အားကစားပြိုင်ပွဲတွင် အိမ်ရှင်နိုင်ငံမှ ဂျူဒို အားကစား မယ် ဂျောင်ဒါဝန်က ရွှေတံဆိပ်ဆု ဆွတ်ခူး ရရှိကြောင်း သိရသည်။
တင်းနစ်မယ် ဗစ်တိုးရီးယား အေဇာရန်ကာ ခြေထောက် ဒဏ်ရာကြောင့် ယခုနှစ်တွင် ကျန်ရှိ နေသော တင်းနစ် ပွဲစဉ်များနှင့် လွဲချော်



ဘီလာရုဇ်နိုင်ငံမှ တင်းနစ်မယ် ဗစ်တိုးရီးယား အေဇာရန်ကာသည် ခြေထောက် ဒဏ်ရာကြောင့် ယခု နှစ်ရာသီတွင် ကျင်းပရန် ကျန်ရှိ နေသေးသော တင်းနစ် ပွဲစဉ်များနှင့် လွဲချော် သွားမည် ဖြစ်ကြောင်း သိရသည်။
ဗဟိုအစိုးရအဖွဲ့၏ ဟောင်ကောင်ဆိုင်ရာ မူဝါဒ ပြောင်းလဲမှုမရှိဟု တရုတ်သမ္မတ ပြောကြား



အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသ၏ ကြွယ်ဝချမ်းသာမှု၊ တည်ငြိမ်အေးချမ်းမှု၊ တရားဥပဒေ စိုးမိုးမှုတို့ နှင့်အတူ ဒီမို ကရေစီ ကျင့်စဉ်များကို မိမိတို့ မြှင့်တင်အားပေးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က စင်တင်ဘာ ၂၃ ရက် တွင် ပြောကြားလိုက်သည်။
ပထမသီတင်းပတ် ကုန်ဆုံးရက်အထိ iPhone သစ် အလုံးရေ (၁၀) သန်း Apple ရောင်းချခဲ့ ရဟုဆို


ပွဲဦးထွက်စောစီးစွာ ရောင်းချခဲ့ရသည့် Apple ၏ iPhones သစ်နှင့်ပတ်သက်၍ မျှော်လင့်ချက် ကြီးမားစွ ထားရှိလျှက်ရှိသည်။ စတိုးဆိုင်များတွင် ၀ယ်ယူရရှိနိုင်သည့်နေ့မှစ၍ သုံးရက်အတွင်း iPhone 6 နှင့် 6 Plus မော်ဒယ် အလုံးရေ (၁၀) သန်းကျော် ရောင်းချ ခဲ့ရကြောင်း ကုမ္ပဏီမှ  ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ Etorofu(အီတိုရိုဖူ) ကျွန်းပေါ်၌ လေဆိပ်သစ် တစ်ခု ဖွင့်လှစ်


ရုရှားနိုင်ငံ Etorofu(အီတိုရိုဖူ)ကျွန်းပေါ်မှာ လေဆိပ်သစ် တစ်ခုဖွင့်လှစ်လိုက်ပါတယ်။ အီတိုရိုဖူကျွန်းဟာ ဂျပန်နိုင်ငံရဲ့ မြောက်ဘက် စွန်းစွန်းရှိ ဟိုကိုင်း ဒိုးစီရင်စု ကမ်းလွန်မှာ တည်ရှိတဲ့ ရုရှား ထိန်းချုပ်ထားတဲ့ ကျွန်း(၄) ခုထဲက တစ်ခု ဖြစ်ပါတယ်။ ရုရှားအစိုးရက လေဆိပ်သစ် တည်ဆောက်ရေး လုပ်ငန်းကို (၂၀၀၇)ခုနှစ် ကတည်းက စတင်ဆောင်ရွက် လာခဲ့တာ ဖြစ်ပါတယ်။ လေဆိပ်သစ်ကြီးမှာ မီတာ(၂၃၀၀)ရှိတဲ့ လေယာဉ်ပြေးလမ်းကြီး ပါရှိပြီး အရပ်ဘက်နဲ့ စစ်ဘက် နှစ်မျိုးလုံးအတွက် အသုံးပြုမှာ ဖြစ်တယ်လို့ သိရပါသည်။

လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များ ဒဏ်ကြေး ၅ဝ ရာခိုင်နှုန်း ကောက်ခံ


လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များကို ဒဏ်ကြေးအဖြစ် ၅ဝ ရာခိုင်နှုန်း သတ်မှတ်၍ ကောက်ခံခြင်းကို ဖြေလျှော့ပေးရန် အစီအစဉ် မရှိကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးချန်မောင်က ပြောသည်။
DV (2016) အောက်တိုဘာတွင် စတင်လျှောက်ထားနိုင်


အမေရိကန်နိုင်ငံတွင် အမြဲတမ်း နေထိုင်ခွင့် မဲဖောက်ပေးသည့် Diversity Visa (DV) 2016 Program အတွက် လျှောက်လွှာ တင်ခြင်း များကို အောက်တိုဘာ ၁ ရက် တွင် စတင်ပြုလုပ်နိုင်ပြီဖြစ်ကြောင်း ရန်ကုန်မြို့ အမေရိကန် သံရုံး၏ ထုတ်ပြန်ကြေညာ ချက်အရသိရသည်။
တရုတ်အာဆီယံ ကုန်စည်ပြပွဲ မြန်မာနိုင်ငံမှ အကောင်းဆုံးဆု သုံးဆုရရှိ


(၁၁) ကြိမ်မြောက် တရုတ်-အာဆီယံ ကုန်စည်ပြပွဲကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ နန်နင်းမြို့၌ စက်တင်ဘာ ၁၆ ရက်မှ ၁၉ ရက်အထိ ကျင်းပခဲ့ကြောင်း သိရ သည်။ ကုန်စည်ပြပွဲသို့ မြန်မာနိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၃၄၁ ဦး သွားရောက်ခဲ့ပြီး ကုမ္ပဏီ စုစုပေါင်း ၁၂၅ ခုတို့က ကုန်စည်ပြခန်း ၈၄ ခန်း ပြသခဲ့သည်။

Tuesday, September 23, 2014

ဥရောပ ရုပ်ရှင်ပွဲတော်၌ နိုင်ငံပေါင်း ခုနစ်နိုင်ငံမှ ရုပ်ရှင် ဇာတ်ကားများ ပါဝင်ပြသမည်


ရန်ကုန်မြို့ရှိ  နေပြည်တော် ရုပ်ရှင်ရုံ၌ စက်တင်ဘာ ၂၅ ရက်မှ အောက်တိုဘာ ၅ ရက်အထိ ပြသမည့်
ဥရောပရုပ်ရှင်ပွဲတော်၌   နိုင်ငံပေါင်း  ခုနစ်နိုင်ငံမှ  ရုပ်ရှင်ဇာတ်ကားပေါင်း ၁ဝ ကားကို ပြသသွား မည်ဖြစ်ရာ တစ်ရက်လျှင် ညနေ ၃ နာရီခွဲ တစ်ကြိမ်၊ ညနေ ၆ နာရီခွဲ တစ်ကြိမ် ပြသသွားမည် ဖြစ်ကြောင်း သိရသည်။

Ce Ci မဂ္ဂဇင်း၏ နှစ်(၂၀) ပြည့်အထူးထုတ်တွင် အဆိုတော် ဆူဇီ 

မျက်နှာဖုံးရှင်အဖြစ် ဓာတ်ပုံရိုက်ကူး


တောင်ကိုရီးယား နိုင်ငံ၏ နာမည်ကြီး အဆိုအဖွဲ့ ဖြစ်သော Miss A အဖွဲ့မှ ချစ်စရာကောင်း သည့်အဆိုတော်မလေး ဆူဇီသည် Ce Ci မဂ္ဂဇင်း၏ နှစ် (၂ဝ) ပြည့် အထူးထုတ်တွင် မျက်နှာဖုံးရှင် အဖြစ် ဓာတ်ပုံ ရိုက်ကူးပေး ခဲ့ကြောင်း သိရသည်။ Ce Ci မဂ္ဂဇင်း၏ နှစ် (၂ဝ)ပြည့် အောက်တိုဘာလထုတ် အထူးထုတ်တွင် ၄င်းမဂ္ဂဇင်းမှ တာဝန်ရှိ သူများက ဆူဇီအား အလွန်လှပသော မင်းသမီးလေး အသွင် ဖန်တီး၍ မျက်နှာဖုံး ဓာတ်ပုံ ရိုက်ကူးခဲ့သည်။ Ce Ci မဂ္ဂဇင်း ဓာတ်ပုံများတွင် ဆူဇီက ဆွဲဆောင်မှု ရှိပြီး ချစ်စရာကောင်းသော အပြုံးများဖြင့် ပရိသတ်များကို ညှို့ယူ ဖမ်းစားနိုင်ရန် ကြိုးစား ရိုက်ကူးထားကြောင်း သိရသည်။

ကျွန်မချစ်သူနဲ့ ပုံစံပြောင်းမဲ့ ပိုပို



တစ်နှစ်အတွင်း အအောင်မြင်ဆုံး အမျိုးသမီး အဆိုတော်တစ်ဦး ဖြစ်ခဲ့သည့် ပိုပိုက ဒုတိယ တေးစီးရီးကို ပြုလုပ်နေပြီး  ကျွန်မ ချစ်သူ ဟု ယာယီအမည်ပေးထားကြောင်း၊ ပရိသတ်ဆီကို တဖြည်းဖြည်းချင်းပို့ သွားမည် ဖြစ်ကြောင်း ပြောသည်။

Monday, September 22, 2014

ပရိသတ်အားပေးမှုကြောင့် တာဝန်ပိုကြီးလာတယ်ဆိုတဲ့ ပြေတီဦး

ပရိသတ်အသိအမှတ် ပြုအားပေးသည့် ဇာတ်ကားများ  လာသည်နှင့်အမျှ ထပ်မံရိုက်ကူး မည့် ဇာတ်ကားရွေးချယ်မှုအ တွက် တာဝန်ပိုကြီးလာကြောင်း ပြေတီဦးက ဆိုသည်။ ‘‘ပရိသတ်အသိအမှတ်ပြုခဲ့ တဲ့ကားများလာပြီဆိုတော့ ရှေ့ လျှောက် ကားဖြစ်ရင်ပြီးရောဆိုပြီးရိုက်လို့ အဆင်မပြေဘူး။ တစ်ကားပြီး တစ်ကားအပေါ်မှာ ပရိသတ်ရဲ့ စိတ်ဝင်စားမှုများလာပြီဆိုတော့ ကျွန်တော်တို့မှာ တာဝန်တွေပိုကြီး လာပြီ။ အောင်မြင်လာတာနဲ့ အမျှအဲဒီကားတွေကိုမီအောင်ဆိုတဲ့ ဖိစီးမှုတွေရှိလာတယ်’’ဟု ၎င်းက ပြော သည်။
အီဘိုလာရောဂါ ကူးစက်မှုသည် ကမ္ဘာ့လုံခြုံရေးကို ခြိမ်းခြောက်နေတယ် လို့ ပြောကြားလိုက်သည့် ကုလ သမဂ္ဂ လုံခြုံရေးကောင်စီ

အနောက်အာဖရိကနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အီဘိုလာရောဂါ ကပ်ဆိုးဟာ နိုင်ငံတကာငြိမ်း ချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေတဲ့ အရာတစ်ခုဖြစ်တယ်လို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ထုတ်ပြန်ထားပါသည်။ အီဘိုလာရောဂါ ကူးစက် နှုန်းဟာ သုံးပတ် တိုင်းမှာ ၂ဆမြင့်တက်လျက် ရှိနေခဲ့တယ်လို့ အရေး ပေါ်အစည်းအဝေးမှာ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက သတိပေးချက် ထုတ်ပြန် လိုက်ပါသည်။

အာဖဂန်နစ္စတန် သမ္မတ ကိုယ်စားလှယ်လောင်း နှစ်ဦး ပေါင်းစည်းရေး အစိုးရ ဖွဲ့စည်းရန် သဘောတူညီ



အာဖဂန်နစ္စတန် နိုင်ငံမှ  သမ္မတ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း နှစ်ဦးဖြစ်သော အာရှရက်ဖ်ဂါနီ အာမက်ဇာအီနှင့် အဗ္ဗဒူလာ အဗ္ဗဒူလာ တို့သည် ရက်သတ္တပတ်ပေါင်း များစွာကြာ   ဖြစ်ပေါ်နေသည့် မတိုးသာ မဆုတ်သာ နိုင်ငံရေး အခြေ အနေကို အဆုံး သတ်ခဲ့ပြီးနောက် အမျိုးသားပေါင်းစည်းရေး အစိုးရအဖွဲ့အား ဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ သဘောတူညီချက် တစ်ရပ် လက်မှတ်ရေး ထိုးရန်  သဘောတူညီခဲ့ကြောင်း နိုင်ငံပိုင် သတင်းဌာန တစ်ခုက ထုတ်ပြန်ခဲ့ သည်။

ဘီအီးဒီ ဘွဲ့ရ အလယ်တန်းပြများ အထက်တန်းပြ ဆရာများ အဖြစ် လျှောက်ထားနိုင်

 

ဝေးလံသော ဒေသများရှိ အခြေခံပညာ အထက်တန်း ကျောင်းများ၌ အထက်တန်း ပြဆရာ၊ ဆရာမ ၄ဝဝ ကျော်  လိုအပ်လျက် ရှိသောကြောင့် လုပ်သက်အနည်း ငယ်ရှိသော ဘီအီးဒီဘွဲ့ရ အလယ်တန်းပြ များအား ယခုနှစ်မှ စတင်၍  ရာထူးတိုး ခေါ်ယူလျက် ရှိကြောင်း ပညာရေး စီမံကိန်းနှင့် လေ့ကျင့်ရေး ဦးစီးဌာနမှ သိရသည်။

(၁၇) ကြိမ်မြောက် အာရှ အားကစား ပွဲတော် ဖွင့်ပွဲ အခမ်း အနားတွင် ဂမ်းနမ်စတိုင် တေးသီချင်းဖြင့် Psy က ဖျော်ဖြေ 

 တောင်ကိုရီးယား နိုင်ငံ အနောက်ပိုင်းရှိ အင်ချွန်းမြို့၌ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ကျင်းပ ခဲ့သော (၁၇)ကြိမ်မြောက် အာရှအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာကျော်  တောင် ကိုရီးယား ပေါ့ပ်အဆိုတော် Psy က ၎င်း၏ ဂမ်းနမ်စတိုင် တေးသီချင်းဖြင့် ဖျော်ဖြေ ခဲ့ကြောင်း သိရသည်။

ကိုယ်နဲ့အတူတူနေမယ့် သူဟာ ဘယ်သူလဲဆိုတာ ခုချိန်မှာ ပြောလို့ မရသေးဘူးဆိုတဲ့ စံရတီမိုးမြင့်

အနုပညာသက်တမ်း သုံးနှစ်ကျော် လေးနှစ်အတွင်းမှာ ကြော်ငြာတွေတင်မကပဲ ခေါင်းဆောင်မင်းသမီး တစ်ယောက်အနေနဲ့ ဇာတ်ကားတွေမှာပါ သရုပ်ဆောင်လာရပြီဖြစ်ဖြစ်ပါတယ်။ ခုလတ်တလော နူးညံ့ သိမ်မွေ့သော ဆိုတဲ့ ဇာတ်ကားမှာ နေဒွေး၊ မေမြင့်မိုရ်တို့နဲ့အတူ သရုပ်ဆောင်နေတဲ့ သူမက ဇာတ်ကားထဲက သူမရဲ့ကာရိုက်တာဟာ ပညာတတ်ပြီး ထက်မြက်တဲ့ ဆေးကျောင်းသူ တစ်ဦးရဲ့ ကာရိုက်တာလို့ ဆိုပါတယ်။

အမြင့်ကြောက်တဲ့ ၀ိုင်းစုခိုင်သိန်း

အမြင့်ကြောက်သူတစ် ဦးဖြစ်သောကြောင့် ‘‘သိသလို၊ မသိသလိုနဲ့ ’’ သီချင်းတွင်ပါဝင်မည့်  အခန်းအချို့ကို ကြောက်ကြောက်ဖြင့် ရိုက်ကူးခဲ့ရကြောင်း ၀ိုင်းစုခိုင်သိန်းကပြောသည်။ ‘‘တစ်ဖက်ကို မသွားရဲဘူး။ သူတို့တက်တဲ့အချိန်ကတည်းက အသည်းတွေ    ယားနေတာ။ အမြင့် အရမ်းကြောက် တာဆို တော့အဲဒီထောင့်နားလေးသွားဖို့ ကို    တော်တော်အော်ဟစ်ပြီး ရောက် သွားတယ်’’ဟု စက်တင် ဘာ ၁၉ ရက်က ရိုက်ကူးခဲ့သော ရိုက်ကွင်း အကြောင်းကို ပြောပြ သည်။

စိုင်းစိုင်းကို ကျော်သွားတဲ့ ၀တ်မှုန်ရွှေရည်

ပြီးခဲ့သော ရက်သတ္တပတ်က ပြည်တွင်းရှိ ဖေ့စ်ဘွတ်ခ် အသုံးပြုသူများ Likeလုပ်သူ အရေအတွက် အများဆုံး အနုပညာရှင်များစာရင်းတွင် စိုင်းစိုင်းခမ်းလှိုင်က ပထမနေရာ ရရှိခဲ့သော်လည်း ၀တ်မှုန်ရွှေရည်က ကျော်တက်ကာ Like အများဆုံးဆုရသူ ထိပ်ဆုံးသို့ ရောက်ရှိသွားသည်။

Sunday, September 21, 2014

အာဖရိက နိုင်ငံများတွင် အီဘိုလာ ရောဂါပိုးကြောင့် သုံးရက်အတွင်း ၈၄ ဦးသေဆုံး 

အနောက် အာဖရိကရှိ အီဘိုလာ ရောဂါပိုး ကူးစက်ပျံ့နှံ့လျက် ရှိသောဆီယာရာလီယွန်၊ လိုက်ဘေးရီးယား၊ ဂီနီနှင့်နိုင်ဂျီးရီးယား နိုင်ငံများတွင် သုံးရက်အတွင်း အီဘိုလာရောဂါပိုး ကူးစက်ခံရသူ ၁၁၃ ဦးရှိပြီး ၎င်းတို့အနက် ၈၄ ဦး သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့က  ပြောကြားခဲ့သည်။

အခွန်ရုံးကို မီးရှို့ ဖျက်ဆီးခဲ့သည့် ဆန္ဒပြသူများကို တရားစွဲဆို မည်ဟု ပြင်သစ် ဝန်ကြီးချုပ် ပြောကြား 

ပြင်သစ်နိုင်ငံတွင် လူနေမှု အဆင့်အတန်း နိမ့်ကျမှုအပေါ် ဆန္ဒပြသည့် အနေဖြင့် လမ်းမများပေါ်၌ အသီးအရွက်များကို စွန့်ပစ်၍ အခွန်နှင့် အာမခံ အဆောက်အအုံများကို မီးရှို့ဖျက်ဆီးခဲ့သည့်  ဘရစ်တနီဒေသမှ လယ်သမားများကို တရားစွဲဆို သွားမည် ဖြစ်ကြောင်း ပြင်သစ် ဝန်ကြီးချုပ် မန်နူရယ်လ်ဗောလ်စ်က စက်တင်ဘာ ၂ဝ ရက်တွင် ပြောကြားခဲ့သည်။

Friday, September 19, 2014

2015 Met Gala ဖက်ရှင်ပွဲတော်တွင် ဂျနီဖာလောရင့်စ် ပူးတွဲ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သွားမည် 

အော်စကာဆုရ မင်းသမီးချော ဂျနီဖာလောရင့်စ်သည် နယူးယောက်စီးတီးမြို့တွင် ကျင်းပမည့် 2015 Met Gala ဝတ်စား ဆင်ယင်မှု ပြသပွဲ အခမ်းအနားတွင်ပူးတွဲ ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ပထမဆုံး ကိုရီးယား ဂီတပွဲတော် မန္တလေး မြို့၌ ကျင်းပမည် 

မန္တလေးတိုင်း ဒေသကြီး ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ ရန်ပုံငွေ အဖြစ် မန္တလေးမြို့၌    ပထမဆုံး အကြိမ် ကျင်းပမည့် K.pop ဖျော်ဖြေပွဲကို စက်တင်ဘာ ၂၆ ရက်တွင် ၇၈ လမ်း ၃၃x၃၄ လမ်းကြားရှိDiamond Plaza ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

PSY ကို ကြွေခဲ့တဲ့ နန်းခင်ဇေယျာ

စင်ကာပူနိုင်ငံသို့ ကေပေါ့ပ်ဖျော်ဖြေပွဲသွားရောက်  ကြည့်ရှုခဲ့သည့် နန်းခင်ဇေယျာသည် ယင်းဖျော်ဖြေပွဲ၏ စတိတ်အပြင်အဆင် အခမ်းအနားများကို သဘောကျပြီး နာမည်ကျော် များ၏ ဖျော်ဖြေမှု ကို ပြင်ပတွင် တွေ့မြင်ခွင့်ရရှိခဲ့၍ ပျော်ရွှင်ခဲ့ရ ကြောင်းပြောသည်။ ‘‘VIP လက်မှတ်ပေမယ့် လည်း တန်းစီပြီးစောင့်ခဲ့ရတယ်။ အရမ်းလည်း  ပျော်ဖို့ကောင်း တယ်။ သူတို့ရဲ့စတိတ်အပြင်အ ဆင်တွေ သူတို့ရဲ့ Management တွေ အရမ်းတော်ပါတယ်’’ဟု နန်းခင်ဇေယျာကပြောသည်။
back to top