Wednesday, November 26, 2014

ပန်းကြာဝတ်မှုန်ကို လော့စ်အန်ဂျလိစ်၊ ဆန်ဖရန်စစ္စကို၊ နယူးယောက်တွင်ပြသမည်


မကြာမီလပိုင်းက ရုပ်ရှင်ပွဲတော်များတွင် ပြသခဲ့သော ပန်းကြာဝတ်မှုန်ရုပ်ရှင်ကို အမေရိကန်နိုင်ငံရှိ မြို့ကြီးသုံးမြို့၌ ပြသရန် အစီအစဉ်ရှိကြောင်း ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောသည်။

‘‘လော့စ်အန်ဂျလိစ်၊ ဆန်ဖရန်စစ္စတို၊ နယူးယောက်မြို့တွေမှာ ပန်းကြာဝတ်မှုန်ရုပ်ရှင်ဇာတ်ကားကို International Movie System နဲ့ ပြသသွားမှာပါ’’ ဟု လော့စ်အန်ဂျလိစ်တွင် ရောက်ရှိ နေသည့် စင်ရော်မောင်မောင်က ပြောသည်။နိုဝင်ဘာ ၂၉ ရက်တွင် ဆန်ဖရန်စစ္စကို ဒီဇင်ဘာ ၆ ရက်တွင် နယူးယောက်နှင့် ဒီဇင်ဘာ ၁၄ ရက်တွင် လော့စ်အန်ဂျလိစ်တွင် ပြသသွားမည်ဖြစ်သည်။ နယူးယောက်နှင့်    လော့စ်အန်ဂျ လိစ်တွင် ပွဲစဉ်တစ်ပွဲစီသာ ပြသပေးသွားမည် ဖြစ်သော်လည်း ဆန်ဖရန်စစ္စကိုတွင်မူ ပွဲစဉ်နှစ်ပွဲပြသပေးသွားမည်ဖြစ်သည်။
ပန်းကြာဝတ်မှုန်ဇာတ်ကားကို ပြီးခဲ့သည့်လအနည်းငယ်အတွင်းက မြောက်ကိုရီးယားပြုံး ယမ်းရုပ်ရှင်ပွဲတော်နှင့် တရုတ် နိုင်ငံတွင်ပြုလုပ်သော ရွှေကြက်ဖရုပ်ရှင်ပွဲတော်တွင်လည်း ပြသခဲ့သည်။

No comments:

Post a Comment

back to top