Wednesday, November 19, 2014

အင်္ဂလန်အသင်းအောင်မြင်မှု နည်းပြ ကျေနပ်

အင်္ဂလန်အသင်းသည် ကမ္ဘာ့ဖလားတွင် အောင်မြင်မှု မရခဲ့သော်လည်း တိုးတက်မှုရှိသည့်အတွက် ကျေနပ် မိကြောင်း အင်္ဂလန်နည်း ပြရွိုင်းဟော့ဆင်က ပြောကြားသည်။ အင်္ဂလန်အသင်းသည် ဘရာဇီး၌ ကျင်းပသော ကမ္ဘာ့ဖလား ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။

ကမ္ဘာ့ဖလားအပြီး အင်္ဂလန်အသင်းသည် ငါးပွဲဆက်တိုက် အနိုင်ရထားသည်။ အင်္ဂလန်အသင်းသည် ယူရို ၂ဝ၁၆ ခြေစစ်ပွဲအဖြစ် ဆလိုဗေးနီးယားကို သုံးဂိုး-တစ်ဂိုးဖြင့် စနေနေ့က အနိုင်ကစားခဲ့သည်။ ယူရို ၂ဝ၁၆ ခြေစစ်ပွဲ လေးပွဲ ကစားအပြီး အင်္ဂလန်အသင်းသည် အုပ်စုတွင် ၆ မှတ်အသာဖြင့် ဦးဆောင်လျက်ရှိသည်။ သို့သော် တောင်အမေရိကတိုက်၌ ကျင်းပခဲ့သော ကမ္ဘာ့ဖလားတွင် စောစီးစွာ ထွက်ခဲ့ ရခြင်းသည် မိမိတွင် တာဝန်ရှိကြောင်း နည်းပြရွိုင်းဟော့ဆင်က ပြောကြားသည်။

No comments:

Post a Comment

back to top