Monday, November 24, 2014

(၂၀၁၅)ခုနှစ်တွင် အီဘိုလာကူးစက်မှုကို အပြည့်အဝ ထိန်းချုပ်နိုင်မည်ဟု ဘန်ကီမွန်း ပြောကြား

အနောက်အာဖရိကတွင် ပျံ့နှံ့ကူးစက်နေပြီး တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နေသည့် အီဘိုလာ ရောဂါကို (၂၀၁၅)ခုနှစ်တွင် ထိန်းချုပ် ဟန့်တား နိုင်မည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူး ဘန်ကီမွန်းက ပြောကြားလိုက်သည်။
တောင်ကိုရီးယား နိုင်ငံသား ဘန်က ယခုနှစ်အတွင်း လျင်လျင်မြန်မြန် ကူးစက်ပျံ့နှံ့ခဲ့သည့် အီဘိုလာ၏ အရှိန်အဟုန်သည် တဖြည်းဖြည်း ကျဆင်းလာ နေကြောင်း ဆိုသည်။ သို့သော်လည်း မာလီနိုင်ငံတွင် ရောဂါ ထိန်းချုပ်ရေး ကဏ္ဍ၌ တိုးတက်မှု နှေးကွေးနေသည့်အပေါ် စိုးရိမ်ကြောင်းလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ဂီနီရာ၊ ဆီရီယာလီယွန်နှင့် လိုက်ဘေးရီးယားတို့သည် အီဘိုလာရောဂါ အဆိုးရွားဆုံး ကူးစက်ခံရသည့် နေရာများဖြစ်ပြီး နိုက်ဂျီးရီးယား၊ စပိန်၊ မာလီနှင့် အမေရိကန် ပြည်ထောင်စုတို့သို့လည်း ရောဂါပိုးရောက်ရှိခဲ့သည်။ ယခုအခါအီဘိုလာကြောင့် သေဆုံးသူအရေအတွက်သည် (၅၅၀၀)နီးပါးထိ ရှိလာပြီဖြစ် သည်။
ဘန်က “လက်ရှိ တာဝန်ယူ လုပ်ဆောင်မှုတွေရဲ့ အရှိန်အဟုန်အတိုင်း ရှေ့ဆက်နိုင်မယ် ဆိုရင်တော့ ကျွန်တော်တို့ဟာ အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားနေမှုကို ရပ်တန့်နိုင်ပါလိမ့်မယ်။ လာမယ့်နှစ် အလယ်လောက်မှာဆိုပါတော့”ဟုပြောကြားခဲ့သည်။၎င်းက “လက်ရှိအနေအထားဟာ ပွဲပြီးပြီလို့ မဆိုနိုင် သေးပါဘူး။ အီဘိုလာ ကူးစက်မှု သုညဂဏန်း ရောက်တဲ့ထိ ကျွန်တော်တို့ ဆက်သွားရပါမယ်။ အီဘိုလာ ဆိုတာရောဂါရှင် နည်းနည်းပါးပါးလောက် ကျန်နေရုံနဲ့ စိတ်အေးလို့ရတဲ့ ရောဂါမျိုးမဟုတ်ပါဘူး။ ရောဂါသည်တစ်ယောက် ရှိနေသေးသ၍ ကိုယ်ကလုံလောက်တဲ့ လုပ်ဆောင်မှုမျိုး ပြီးမြောက်ပြီလို့ ပြောနိုင်မှာမဟုတ်ဘူး”ဟုလည်းဆိုသည်။

WHO အကြီးအကဲ မာဂရက်ချန်သည် အီဘိုလာ ကူးစက်မှု မှတ်တမ်းများ တွေ့ရှိရသည့်နောက် ပြီးခဲ့သည့် သီတင်းပတ်က မာလီသို့ သွားရောက် ခဲ့သေးသည်။ မာလီတွင်အီဘိုလာ ရောဂါသည်များကို ကုသပေးနေသည့် ဆရာဝန်တစ်ဦး သေဆုံးခဲ့ပြီးနောက်ပိုင်း ရောဂါထိန်းချုပ်ရေးကို ပိုမိုအားထည့် လုပ်ဆောင်လာခဲ့သည်။ ယခုအခါ မာလီအာဏာပိုင်များက အီဘိုလာ ကူးစက်ခံရကြောင်း သံသယရှိသူ (၅၀၀)ကျော်ကို စောင့်ကြည့်နေသည်။

အီဘိုလာသည် ရောဂါပိုးရှိသူ၏ ခန္ဓာကိုယ်မှထွက်သည့် အရည်များမှတစ်ဆင့် တိုက်ရိုက်ကူးစက်လေ့ရှိပြီး အပျင်းဖျားခြင်း၊ အော့အန်ခြင်းတို့ ဖြစ်ပေါ်တတ်သည်။ ရောဂါသည်များကို စနစ်တကျ ကာကွယ်မှု မရှိသည့် ဝတ်စုံမျိုးဖြင့် ကိုင်တွယ်ခြင်း၊ သယ်ဆောင်ခြင်းမျိုးတို့မှတစ်ဆင့် အလွယ်တကူ ရောဂါကူးစက်နိုင်ကြောင်း လည်း ကျွမ်းကျင်သူများက သတိပေးထားသ

No comments:

Post a Comment

back to top