Wednesday, November 19, 2014

ပါကွီအိုနှင့် မေဝဲသာပွဲ ဒေါ်လာတစ်ဘီလီယံ တန်ကြေးရှိ သမိုင်းဝင်ပွဲ ဖြစ်လာနိုင်

လာမည့်စနေနေ့တွင် မကာအို၌ ဖိလစ်ပိုင်လက်ဝှေ့ သမား ပါကွီအိုက အမေရိကန် လက်ဝှေ့သမား ခရစ် အယ်လ်ဂျီရီ ကို အနိုင်ရခဲ့ပါက တရုတ်နိုင်ငံ (သို့မဟုတ်) အမေရိကန်မှ လာ့စ်ဗေးဂတ်စ်တွင် ကျင်းပမည့် ပါကွီအို-မေဝဲသာပွဲမှာ ဝင်ငွေဒ်ါလာ တစ်ဘီလီယံခန့် တန်ကြေး ရှိသည့် သမိုင်းတွင် ဆုကြေး အများဆုံး လက်ဝှေ့ပွဲ ဖြစ်လာဖွယ် ရှိသည်။






ပါကွီအို၏ပွဲစီစဉ်သူ ဘော့အာရမ်က ထိုပွဲကို တရုတ်နိုင်ငံတွင် အခပေးရုပ်သံလိုင်းမှ ထုတ်လွှင့်ပါက ပွဲကြည့် ပရိသတ် သန်း ၁၀၀ ကျော်မည်ဖြစ်၍ အမေရိကန်တွင် ထိုးသတ်ပါက ရမည့် ရုပ်သံကြေး ဒေါ်လာသန်း ၃၀၀ ထက် နှစ်ဆပိုများမည်ဟု ဆိုသည်။
ထိုပွဲကို မကာအိုတွင် ထိုးသတ်စေပြီး ပြည်မကြီးပရိသတ်များထံမှ ရုပ်သံကြေး ဒေါ်လာ သန်း ၆၅၀ အထိ ရနိုင်ကြောင်း အာရမ်က ခန့်မှန်းသည်။ ထို့ ပြင် ဗြိတိန်အပါအဝင် ကမ္ဘာ့နိုင်ငံများမှရမည့် ရုပ်သံကြေး၊ စပွန်ဆာနှင့် အခြားကြော်ငြာဝင်ငွေများပါ ပေါင်းလိုက်ပါက ထိုပွဲဝင်ငွေမှာ ဒေါ်လာ သန်း တစ်ထောင်ကျော်သွားမည်ဟု ဆိုသည်။
ပါကွီအိုသည် သရဖူကာကွယ်ပွဲအဖြစ် အယ်လ်ဂျီရီနှင့် ပွဲတွင် ဆုကြေး ဒေါ်လာ ၂၅ သန်း ခန့်ရမည် ဖြစ်သည်။ ၎င်းနှင့် မေဝဲသာတို့သည် ထိုပွဲအပြီး ထပ်မံထိုးသတ်ဖြစ်ပါက ပါကွီအိုမှာ ဒေါ်လာသန်း ၁၀၀ နှင့် မေဝဲသာမှာသန်း ၁၅၀ ခန့်ရရှိ မည်ဖြစ်သည်။

No comments:

Post a Comment

back to top