Friday, November 21, 2014

အမျိုးသား စာပေဆုနှင်းသဘင် ဒီဇင်ဘာ ၇ ရက်တွင် ရန်ကုန်မြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်

၂ဝ၁၃ ခုနှစ်အတွက် အမျိုးသား စာပေဆုနှင်း သဘင်အား ဒီဇင်ဘာ ၇ ရက် နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ၌ ကျင်းပမည်ဖြစ်ကြောင်း သက်ဆိုင်ရာမှ ယနေ့သတင်း ထုတ်ပြန် သည်။
ဆုရရှိသူများ စာရင်းအား   နိုဝင်ဘာ ၁ ရက်က ထုတ်ပြန် ကြေညာခဲ့ပြီး ဖြစ်ရာ ဆုနှင်းသဘင် အခမ်းအနား သို့ ဆုရရှိသူများ၊ ဆုရစာအုပ် များကို ထုတ်ဝေခဲ့သည့် စာပေတိုက် များနှင့် ထုတ်ဝေသူများ၊ အမျိုးသား စာပေ တစ်သက်တာဆုနှင့် အမျိုးသားစာပေဆု ရရှိခဲ့ဖူးသည့် စာပေပညာရှင်များ အားလုံးအပါအဝင် စာပေဆိုင်ရာ အဖွဲ့အစည်းများသို့ ဖိတ်ကြားထားကြောင်း သိရသည်။
အစမ်း လေ့ကျင့်ပွဲကို ဒီဇင်ဘာ ၆ ရက် နံနက် ၉ နာရီ၌ ကျင်းပမည်ဖြစ်ရာ ဆုရရှိကြသူများ အနေဖြင့် စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှု ကော်မတီ(စာပေဗိမာန်) ဖုန်း- ဝ၁-၃၈၁၄၄၉ နှင့် ဝ၁-၃၇၆၅၆၉ တို့သို့ ဆက်သွယ်ကြရန် ဖြစ်သည်။
အခမ်းအနား တက်ရောက်မည့် သူများသည် ဒီဇင်ဘာ ၇ ရက် နံနက် ၈ နာရီခွဲတွင် အခမ်းအနား ကျင်းပမည့် အမျိုးသာ ဇာတ်ရုံ၌ ကြိုတင် နေရာယူပြီး ဖြစ်စေရေး မေတ္တာရပ်ခံထားကြောင်း သိရသည်။ 

No comments:

Post a Comment

back to top