Thursday, November 27, 2014

တိုင်ပေမှာ ထိပ်တန်းစာရင်းဝင်လာတဲ့ ဂျပန်မှာထိပ်ဆုံးရောက် ကေပေါ့ပ်အဖွဲ့သစ်

မကြာသေးမီက ဂျပန်နိုင်ငံ Tower Records ထိပ်တန်းသီချင်းများစာရင်းတွင် ထိပ်ဆုံးရောက်ခဲ့သော ကိုရီးယားမိန်းကလေး ဂီတအဖွဲ့သစ် Lovelyz' မှာ တရုတ်တိုင်ပေ၏ ထိပ်တန်းသီချင်း စာရင်းတွင်လည်း နံပါတ် (၁၀)အတွင်း ၀င်ရောက်လာခဲ့သည်။ တရုတ်တိုင်ပေ၏ Five Music ကိုရီးယား-ဂျပန်ထိပ်တန်းစာရင်းတွင် Girls' Invasium ဟု အမည်ပေးထားသော Lovelyz' အဖွဲ့၏ ပထမဆုံးအယ်လ်ဘမ် နံပါတ် (၉) နေရာရောက်ရှိလာသည်ဟု ၀ူးလင်းအင်တာတိန်းမန့် ကုမ္ပဏီကပြောသည်။
Lovelyz' အဖွဲ့မှာ ၎င်းတို့၏ ပထမဆုံးအယ်လ်ဘမ်အတွက် မည်သည့်ပရိုမိုးရှင်းပွဲမှ မလုပ်ခဲ့သော်လည်း ဂျပန်နိုင်ငံတွင် ထိပ်ဆုံးရောက်ရှိခဲ့သလို ကိုရီးယား ပရိသတ်များ၏ အားပေးမှုကိုလည်း ရရှိနေသည်။၏ မိန်းကလေးသီးသန့်အဖွဲ့မှာ Candy Jelly Love သီချင်းဖြင့် ပထမဆုံး ထိုးဖောက်ခဲ့ပြီး ၎င်းတို့၏ ပထမဆုံးဖျော်ဖြေပွဲကို မကြာသေးမီက ကျင်းပခဲ့သည်။                          

No comments:

Post a Comment

back to top