Monday, June 30, 2014

မီတာ(၈၀၀) ပြေးပွဲကို ကိုယ်ဝန်(၈)လနဲ့ မွန်တာနို ပြိုင်ပွဲဝင်






မီတာ(၈၀၀)ပြေးပွဲမှာ (၄)ကြိမ်တိုင်ချန်ပီယံဆု ရယူထားတဲ့ အလီရှာမွန်တာနိုဟာ အမေရိကန် ပြည်ထောင်စု ကာလီဖိုးနီးယားပြည်နယ် ဆာခရာမင်တိုမြို့မှာ သောကြာနေ့က ကျင်းပတဲ့ ပြေးခုန်ပစ်ပြိုင်ပွဲမှာ ကိုယ်ဝန်(၈)လနဲ့ ၀င်ပြိုင်ခဲ့ပါတယ်။

သတ်မှတ် ရိုက်ချက်ထက် (၄)ချက်ပိုနေလို့ တိုက်ဂါးဝုဒ် ပြိုင်ပွဲက ထွက်ရ






အမေရိကန် ဂေါက်သီး အကျော်အမော် တိုက်ဂါးဝုဒ်ဟာ သောကြာနေ့က ကွစ်ကင်းလုန်းနေရှင်နယ်(Quicken Loans National) ဂေါက်သီးရိုက်ပြိုင်ပွဲမှာ လက်ရည်စစ် ရိုက်ချက်ကို မကျော်နိုင်ဘဲ ပြိုင်ပွဲက ထွက်ခဲ့ရပါတယ်။

Rဇာနည်နဲ့ဝမ်းတို့ရဲ့ စင်မြင့်ထက်က မင်္ဂလာပွဲ အတွေ့အကြုံသစ်

မင်္ဂလာသတို့သမီး၊ သတို့သားဝတ်စုံဝတ်ဆင်၍ စင် မြင့်ပေါ်တွင် ရှိုးလျှောက်ခြင်းသည် ပထမဆုံး အတွေ့အကြုံဖြစ်ပြီး ပရိသတ်အမြင်တွင် ထူးခြားစေ ရန် လက်ခံခဲ့ခြင်းဖြစ်ကြောင်း ဝမ်းကပြောသည်။ ‘‘ဒီပွဲမှာက မနှစ်ကတည်းက ဝင်လျှောက်ဖို့ ပွဲစီစဉ်တဲ့အန်တီ ဒေါ်မြတ်မြတ်ဦးက အစ်မတို့ကို ပြောတာ။ ဒါပေမဲ့ အစ်မကလည်း ရှိုးမလျှောက်ဖြစ်တာကြာပြီဆို တော့ ဝင်မလျှောက်ဖြစ်ဘူး။ ဒီနှစ်ကျတော့ တစ်ယောက်တည်း မဟုတ်ဘူး။ သတို့သား၊ သတို့ သမီးဝတ်စုံနဲ့ နှစ်ယောက်လျှောက် ရမယ်။ ကိုဇာနည်ကိုပြောတော့ လည်း မြန်မာဝတ်စုံနဲ့ဆိုတော့ လျှောက်မယ်ဆိုပြီးပါဝင်ဖြစ်တာ ပါ’’ဟု ၎င်းကပြောသည်။

နိုင်ငံခြားဖျော်ဖြေပွဲမသွားခင် တစ်ကိုယ်တော်ခွေထွက်မယ့် စိုးသူ 

သရုပ်ဆောင်၊ အဆိုတော် စိုးသူက သူ့ရဲ့ ၁၂ခွေမြောက် တစ်ကိုယ်တော် ကိုယ်ပိုင် သံစဉ် သီချင်းခွေကို စက်တင်ဘာလမှာ သွားရောက် ဖျော်ဖြေ မယ့် နိုင်ငံခြားဖျော်ဖြေပွဲ မတိုင်မီ Audio CD ထွက်ရှိအောင် ကြိုးစားဆောင် ရွက်နေတယ် လို့ ပြောပါတယ်။

နောက်ကျဂိုးများဖြင့် မက္ကဆီကို ကိုအနိုင်ယူကာ ကွာတားဖိုင်နယ်သို့ ဟော်လန်အသင်း တက်ရောက်


၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရှုံးထွက်(၁၆)သင်းအဆင့် တတိယမြောက်ပွဲစဉ်တစ်ပွဲဖြစ် သည့် ဟော်လန်အသင်းနှင့် မက္ကဆီကိုအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ ဟော်လန်အသင်းက (၂-၁)ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်သွားခဲ့သည်။ ဟော်လန်အသင်းတွင် ဗန်ပါစီ၊ ရော်ဘင်၊ ကူရစ်၊ ဆနိုက်ဒါတို့ဖြင့် လူစုံထုတ်ခဲ့ပြီး မက္ကဆီကိုအသင်းကလည်း ဒေါ့ဆန်းတို့စ်၊ မားကွက်ဇ်၊ ပါရယ်လ်တာ တို့ဖြင့်လူစုံနီးပါး ပွဲထွက်ယှဉ်ပြိုင်ခဲ့သည်။

ပထမကမ္ဘာစစ်နှစ်(၁၀၀)ပြည့် အခမ်းအနားပွဲကိုတက်ရောက်ခဲ့ကြတဲ့ EU ခေါင်းဆောင်များ


EU အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်(၂၈)ဦးတို့ဟာ ဘယ်ဂျီယံနိုင်ငံမှာကျင်းပတဲ့ ပထမကမ္ဘာစစ်နှစ် (၁၀၀)ပြည့် အခမ်းအနားပွဲကို တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေ ဟာ ငြိမ်းချမ်းရေးကတိတွေကို ပြန်လည် အသစ်ဖြစ်စေဖို့ အတွက် ဘယ်လ်ဂျီယံနိုင်ငံမှာကျင်းပတဲ့ ပထမကမ္ဘာစစ်နှစ်(၁၀၀)ပြည့် အခမ်းအနားပွဲကို အသီးသီးတက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။ ကြာသပတေးနေ့မှာ ဘယ်လ်ဂျီယံနိုင်ငံမြောက်ပိုင်းက Ypres "ရက်ပ် ရက်စ်"မှာ ကျင်းပတဲ့ ဒီအခမ်းအနားကို EU အဖွဲ့ဝင်နိုင်ငံတွေက ခေါင်းဆောင်(၂၈)ဦးတို့ တက်ရောက်ခဲ့ကြတာဖြစ်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပမည့်ရက်ကို သတ်မှတ် လိုက်သည့် ထိုင်း စစ်အစိုးရ


ထိုင်းဗိုလ်ချုပ်ကြီး " ပရာယွတ် ချန်အိုချာ " က ပါလီမန်ရွေးကောက်ပွဲကို နောင်နှစ်အောက်တို ဘာလမှာ ကျင်းပနိုင်ခြေရှိကြောင်း ပြောကြားခဲ့တယ်လို့သိရပါတယ်။  ထိုင်းစစ်တပ်အာဏာသိမ်းခေါင်းဆောင်  " ပရာယွတ်ချန်အိုချာ " ဟာ ဒီမိုကရေစီစည်းမျဉ်းတွေကို ပြန်လည်ရေးဆွဲဖို့ အကြိုပြင်ဆင်နေတဲ့အတွက် ပါလီမန်ရွေးကောက်ပွဲကို နောက်နှစ်အောက်တို ဘာလမှ ကျင်းပနိုင်ချေရှိတယ် လို့ ထုတ်ဖော်ကြား ခဲ့ပါတယ်။

ကော်စတာရီကာအသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်


တစ်ယောက်လျော့ဖြင့် ကစားခဲ့ရသော ကော်စတာရီကာအသင်း ပယ်နယ်တီအဆုံးအဖြတ်တွင် ဂရိအား အနိုင်ယူကာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကွာတားဖိုင်နယ်တက်ရောက်
ကမ္ဘာ့ဖလားရှုံးထွက်(၁၆)သင်းအဆင့်ပွဲစဉ်အဖြစ် ကော်စတာရီကာနှင့် ဂရိအသင်းတို့ ကစားခဲ့ကြရာ ကော်စတာရီကာအသင်းက ဂရိအသင်းအား ပယ်နယ်တီအဆုံးအဖြတ်တွင် အနိုင်ယူကာ ကွာတားဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့် တာမွေပြည်ခိုင်ဖြိုး ပါတီဝင်များ မဟာဝိဇယကာရီ ဗိမာန်တော်ကြီး ဆောက်လုပ်မှုတွင် ပါဝင်လှူဒါန်း

၂၀၁၄ ဇွန်လ ၂၈ ရက်နေ့ နံနက် ၀၉း၀၀ အချိန်တွင် ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင် ပြည်သူ့လွှတ်တော်ကိုယ်စား လှယ် ဒေါ်လဲ့လဲ့ဝင်းဆွေနှင့် မြို့နယ်ကော်မတီဝင်များတို့သည် မေတ္တာညွန့်ရပ်ကွက် ကံဆယ်ကမ္မဌာန်းကျောင်းတိုက်သို့ သွားရောက်ကာ ပဓာန နာယက ဆရာတော် ဘဒ္ဒန္တ အာသဘ မထေရ်မြတ်အား သွားရောက် ဖူးမျှော်ကြည်ညိုခဲ့ပြီး ကျောင်းဝိုင်းအတွင်း ဆောက်လုပ်လျက်ရှိသော မဟာဝိဇယကာရီ (သုံးထပ်) ဗိမာန်တော်ကြီး ဆောက်လုပ်မှုတွင် ပြည်ခိုင်ဖြိုးပါတီ တိုင်းကော်မတီဝင်/ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမင်းသိမ်း ဇနီး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ် ဒေါ်လဲ့လဲ့ဝင်းဆွေတို့မှ မိသားစု အလှူ သုံးသိန်းကျပ်၊ တာမွေမြို့နယ်ပြည်ခိုင်ဖြိုး မြိုကနယ်ကော်မတီဝင်များမှ လေးသောင်းငါးထောင်ကျပ် စုစုပေါင်း သုံးသိန်းလေးသောင်း ငါးထောင်ကျပ် တိတိတို့အား လှူဒါန်းခဲ့ပါသည်။





အမှိုက်ကောက်တဲ့ နန်းခင်ဇေယျာ၊ ခင်ဝင့်ဝါနဲ့ ထွန်းကိုကို

 

နာရေးကူညီမှုအသင်း (ရန်ကုန်)က ဦးဆောင်ကာ မြို့ နယ်သန့်ရှင်းရေးအတွက် ဇွန်လ ၂၉ ရက်တွင် ပြုလုပ် မည့် အမှိုက်ကောက်လှုပ်ရှားမှုတွင် ထွန်းကိုကို၊ နန်းခင်ဇေယျာနှင့် ခင်ဝင့်ဝါ တို့ ပါဝင်ခဲ့ကြောင်း သတင်းရရှိ သည်။ ဇွန်လ ၂၉ ရက် နံနက် ၇ နာရီမှ နံနက် ၁၀ နာရီခွဲအချိန်ထိ နာရေးကူညီမှုအသင်း တည်ရှိရာ မြောက်ဒဂုံရှိ နေရာအချို့တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးအ တွက် အမှိုက်ကောက်ခဲ့ကြောင်း နန်းခင်ဇေယျာက ပြောသည်။

The Prince ဇာတ်ကားအကြောင်း ထုတ်ဖော်ပြောတဲ့ ရိန်း

တောင်ကိုရီးယားသရုပ် ဆောင်အဆိုတော် ရိန်းသည် ၎င်း ပါဝင်သရုပ်ဆောင် ထားသော ဟောလိဝုဒ် ရုပ်ရှင်ဇာတ်ကား The Prince အကြောင်း တွစ်တာ စာမျက်နှာတွင် ထုတ်ဖော်ပြော ကြားလိုက်သည်။

World Cup Expo 2014 ပြပွဲ၌ Visa နှင့် CB Bank တို့ ပူးပေါင်း၍ အထူး အစီအစဉ်များဖြင့် ပါဝင်ပြသမည်


ဇူလိုင် ၃ ရက်မှ ၆ ရက်အထိ တပ်မတော် ခန်းမ၌  MPS Co.,Ltd. မှ ကြီးမှူး ကျင်းပမည့် World Cup Expo 2014 ပြပွဲတွင် Visa နှင့်အတူ CB Bank အနေဖြင့် KIA,Sony နှင့် Skynet  တို့ဖြင့် ပူးပေါင်း ပါဝင်ပြသမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါပွဲသို့ လာရောက်ကြမည့် ပြည်သူများ အနေဖြင့် ပျော်ရွှင် ဝမ်းမြောက်စေမည့် အထူးလျှော့ဈေးများ အဖြစ် CB Bank ၏ ဝန်ဆောင်မှုများကို ခံစား ရရှိမည်ဖြစ်ပြီး ရင်ခုန်ဖွယ်ရာ ကံစမ်းမဲ အထူး အစီအစဉ်များလည်း ထည့်သွင်း ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ထို့အပြင် Lucky Draw အစီအစဉ်အဖြစ် နိုင်ငံခြား ခရီးစဉ်နှင့် ခရီးစရိတ် တို့ကိုပါ ကတ်ထဲသို့ ထည့်ပေးပြီး ပံ့ပိုးပေးမည် ဖြစ်သည်။ Promotion အနေဖြင့် ကျောင်းသားများ အတွက် အထူးလျှော့ဈေး အစီအစဉ်များ၊ လက်ဆောင်ပေးမည့် အစီအစဉ်များနှင့် ဘောလုံး ဝါသနာရှင်များ အတွက် ဂိမ်းကစားခြင်း အစီအစဉ်များ ပါဝင်မည် ဖြစ်သည်။ ပွဲတော်ရက်တွင် ကတ်ဝယ်ယူသူတိုင်းသည် မူလ JoiningFee ငွေကျပ် ၈ဝဝဝ အစား ငွေကျပ် ၆ဝဝဝ ဖြင့် လည်းကောင်း၊ ၂၅ ရာခိုင်နှုန်း လျှော့ဈေးဖြင့် လည်းကောင်း ဝယ်ယူ ရရှိနိုင်မည် ဖြစ်သည်။

သိပ္ပံနှင့် နည်းပညာ တက္ကသိုလ် များ၌ BE ဘွဲ့ တိုက်ရိုက် ပေးမည်


မြန်မာ တစ်နိုင်ငံလုံးရှိ သိပ္ပံနှင့်နည်းပညာ တက္ကသိုလ်များ၌ အင်ဂျင်နီယာဘွဲ့ BE ဘွဲ့များကို ၂ဝ၁၅-၂ဝ၁၆ ပညာသင်နှစ်မှစ၍ တိုက်ရိုက် ပေးအပ်မည်ဖြစ်ကြောင်း သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။
အဆိုပါ နည်းပညာ တက္ကသိုလ်များ၌ တက္ကသိုလ်ဝင်တန်းရမှတ် ၃၈ဝ အထက် ရရှိသူ များ တက်ရောက် ခွင့်ရှိပြီး အစိုးရနည်းပညာ သိပ္ပံကျောင်း A.G.T.I သင်တန်း တက်ရောက်လိုသူများသည် သင်္ချာဘာသာနှင့် အင်္ဂလိပ်စာ ရမှတ်ပေါင်း ၁၅ဝ ရရှိသူများ လျှောက်ထားနိုင်ကြောင်း သိရသည်။
ယင်းနည်းပညာ တက္ကသိုလ်များတွင် B.Tech ဘွဲ့ကို ဖျက်သိမ်း၍ BE ဘွဲ့ကို ခြောက်နှစ် တက်ရမည်ဖြစ်ပြီး A.G.T.I သုံးနှစ်သင်တန်းကို အစိုးရနည်းပညာ သိပ္ပံကျောင်း G.T.I ၌ ဖွင့်လှစ်မည်ဟု သိရသည်။ အဆိုပါ နည်းပညာ တက္ကသိုလ်များ၌ ဝင်ခွင့်လျှောက်လွှာများကို တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်မှ တစ်ဆင့် ခေါ်ယူမည် ဖြစ်ကြောင်း အစိုးရ နည်းပညာသိပ္ပံကျောင်း ဝင်ခွင့်ကို နိုင်ငံပိုင် သတင်းစာ များမှ လျှောက်လွှာများ ခေါ်ယူမည်ဖြစ်ကြောင်း သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ သိရသည်။

Miss Golden Land Myanmar ပြိုင်ပွဲကြီး၏ Myanmar's Choice Award အတွက် Online Voting စတင်မည်


Miss  Golden  Land  Myanmar ပြိုင်ပွဲကြီး၏ Myanmar's Choice Award အတွက် Online Voting ပြုလုပ်ခြင်းကို ဇူလိုင် ၁ ရက်တွင် စတင်မည် ဖြစ်ပြီး သြဂုတ် ၂ ရက်အထိ Vote ပေးနိုင်ကြောင်း သိရ သည်။
အဆိုပါ ပြိုင်ပွဲကြီး အတွက် ဇူလိုင် ၅ ရက်တွင် စတင်မည့် Training Camp တစ်လတာ ကာလတွင် HR , Motivation နှင့် Social Media Presentation သင်ခန်းစာ များကို ABE (UK) ၏ ကမ္ဘာ့အမှတ် အများဆုံး (World First) ရရှိထားသော ဆရာ လင်းသိုက်ညွန့် (မြန်မာ့မြေ)က တာဝန်ယူ သင်ကြား ပို့ချပေး သွားမည် ဖြစ်ကြောင်း၊ ပြိုင်ပွဲကြီးကို သြဂုတ် ၂  ရက်တွင်  အမျိုးသား ကဇာတ်ရုံကြီး၌ ကျင်းပသွား မည် ဖြစ်ပြီး နိုင်ငံတကာ အလှမယ် ပြိုင်ပွဲကြီး ငါးပွဲအတွက် နိုင်ငံကိုယ်စားပြု အလှမယ် ငါးဦး ရွေးချယ် သွားမည် ဖြစ်ကြောင်း သိရသည်။

မန္တလေး မြို့၌ နိုင်ငံတကာ အဆင့်မီ အိုင်တီ တက္ကသိုလ် ဖွင့်လှစ်မည်

အိန္ဒိယအစိုးရ၏ ပံ့ပိုးမှုဖြင့် မန္တလေးမြို့တွင် ဆောက်လုပ်နေသည့် နိုင်ငံတကာ အဆင့်မီ သတင်းနှင့် နည်းပညာ တက္ကသိုလ်၌ ၂ဝ၁၄ခုနှစ် ဒီဇင်ဘာလတွင် ဒီဂရီပရိုဂရမ်ကို စတင်သင်ကြား ပေး မည်ဖြစ်ကြောင်းမြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယသံရုံးမှ သိရသည်။ အဆိုပါ တက္ကသိုလ် တည်ဆောက်ဖွင့် လှစ်ရန် မြန်မာအစိုးရနှင့် အိန္ဒိယအစိုးရတို့ နားလည်မှုစာချွန်လွှာ ရေးထိုးထားကြပြီး စီမံကိန်းအတွက် အိန္ဒိယနိုင်ငံ International Institute of Information Technology, Bangalore (IIIT-B) နည်းပညာ စက်ပစ္စည်းနှင့် ပညာရပ်ပိုင်း ဆိုင်ရာများကို အဓိက ပံ့ပိုးကူညီပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အိန္ဒိယ အစိုးရအနေဖြင့် မြန်မာနိုင်ငံ၌ ပူးပေါင်း ဆောင်ရွက်မှုများ ဖွံ့ဖြိုးတိုးတက်ရန် အိုင်တီပရောဂျက် အတွက် အမေရိကန်ဒေါ်လာ ၂၄ သန်းကို ကူညီရန်ကတိကဝတ် ပြုထားပြီးဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက မန္တလေးမြို့၌ ကျင်းပသော တက္ကသိုလ် ပင်မကျောင်းဆောင်သစ် အုတ်မြစ်ချပွဲ အခမ်းအနား၌ ပြောကြားခဲ့ကြောင်း သိရသည်။ အိန္ဒိယနိုင်ငံမှ အိုင်တီကုမ္ပဏီ အမြောက်အမြား ကလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် မြန်မာအစိုးရနှင့် သဘောတူညီမှု ရရှိထားပြီး ဖြစ်ကြောင်း သိရသည်။ အိန္ဒိယ နိုင်ငံ၏ အိုင်တီကဏ္ဍမှ ၁၉၉၈ ခုနှစ်က GDP ၁ ဒသမ ၂ ရာခိုင်နှုန်း ရှိခဲ့ရာ ၂ဝ၁၂ ခုနှစ်က ၇ ဒသမ ၅ ရာခိုင် နှုန်းအထိ မြင့်တက် လာကြောင်း သိရသည်။

IT Chip Card ဖြင့်ခေါ်ဆိုရသော Public Phone များ ထပ်မံ တပ်ဆင်မည်

နိုင်ငံတစ်ဝန်းရှိ မြို့ကြီးအချို့၌ IT Chip Card ကို အသုံးပြုကာ ခေါ်ဆိုရသော အများ ပြည်သူသုံး Public Phon များကို ထပ်မံ တပ်ဆင်သွားရန် စီစဉ် ထားကြောင်း သိရသည်။ အဆိုပါ ဖုန်းများကိုရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် စသည့်မြို့ကြီး တို့၌ ပြီးခဲ့သော ဆီးဂိမ်း ပွဲတော်ကာလ မတိုင်မီက စတင်ကာ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ ကြီးမှူး၍ လိုက်လံ တပ်ဆင်ခဲ့ရာ ယခုအခါ ဖုန်းအလုံး ၃ဝဝ ခန့် တပ်ဆင်ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ စုစုပေါင်း ဖုန်း အရေအတွက် ၄ဝဝ အထိ ဖြစ်လာစေရန် နောက်ထပ် ဖုန်း၁ဝဝ ခန့် ထပ်မံ တပ်ဆင်သွားရန် စီစဉ် ထားကြောင်း မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မန္တလေးမြို့နှင့် အင်ဖာမြို့ နှစ်မြို့အကြား လေကြောင်း ခရီးစဉ်အပြင် အဝေးပြေး မော်တော်ယာဉ် ခရီးစဉ်ပါ ပြေးဆွဲမည်


မန္တလေးနှင့် အင်ဖာ မြို့နှစ်မြို့အကြား လေကြောင်း ခရီးစဉ်အပြင် အဝေးပြေး မော်တော်ယာဉ် ခရီးစဉ် ပါ ပြေးဆွဲမည် ဖြစ်ကြောင်း သက်ဆိုင်ရာမှ သိရသည်။  မြန်မာနိုင်ငံ မန္တလေးမြို့နှင့် အိန္ဒိယနိုင်ငံ အင်ဖာမြို့တို့ အကြား ယမန်နေ့က စတင်ကာ ရွှေမြန်မာ လေကြောင်းလိုင်း ကလည်း လေကြောင်းခရီးစဉ် ပျံသန်းပြေး ဆွဲ သွားမည်ဖြစ်ကြောင်း အဆိုပါ လေကြောင်း လိုင်းရုံးမှ သိရသည်။ ယင်းခရီးစဉ်ကို လူဦးရေ ၇ဝ ခန့် စီးနင်း သွားလာနိုင်သည့် ပြင်သစ် နိုင်ငံလုပ် ATR - 72-690 လေယာဉ်ကို အသုံးပြုပြီး တစ်ပတ် လျှင် နှစ်ကြိမ် ပြေးဆွဲ သွားမည် ဖြစ်ကြောင်း သိရသည်။
ယင်းအပြင် မြန်မာ- အိန္ဒိယ နယ်စပ်ဖြတ်ကျော် အဝေးပြေး မော်တော်ယာဉ် ပြေးဆွဲရေး အတွက် အိန္ဒိယ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ရထား ပို့ဆောင်ရေး ဝန်ကြီးဌာနတို့ အကြား သဘော တူညီမှုများ ရရှိခဲ့ပြီ ဖြစ်ကြောင်းလည်း အိန္ဒိယ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီးဌာနက ကြေညာချက်ကို ကိုးကားကာ ဘနားမား သတင်းတွင် ဖော်ပြ ထားသည်၊။

အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာ အမြင့်ဆုံးဆု ASEAN Business Award 2014 (ABA) ၀င်ရောက် လျှောက်ထားနိုင်
အာဆီယံ (၁၀) နိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များသာ ၀င်ရောက်ယှဉ်ပြိုင်နိုင်သည့် အာဆီယံဒေသတွင်း စီးပွားရေးဆိုင်ရာ အမြင့်ဆုံးဆု ဖြစ်သော ASEAN Business Award 2014 (ABA) အတွက် ၀င်ရောက် လျှောက်ထားရန် နောက်ဆုံးနေ့ကို ဇူလိုင် ၁၅ ရက်အထိ တိုးမြှင့်သတ်မှတ်လိုက်ုကြောင်း ASEAN Businessw Advisory Council (ABAC) အာဆီယံ စီးပွားရေးဆိုင်ရာ အကြံပေး ကောင်စီထံမှ သိရသည်။
ASEAN Business Award 2014 (ABA) တွင် ယခင်နှစ်များနှင့်မတူ ကဏ္ဍအသစ်များ ထပ်မံတိုးမြှင့်ပေး ထား သည်။ အဓိက ကဏ္ဍကြီးနှစ်ခုအဖြစ် Large Category ESifh MSME Category နှစ်ခု ခွဲခြားထားပြီး Large Category ကဏ္ဍအောက်တွင် Corporate Excellence , Innovation နှင့် ASEAN Centricity ခေါင်းစဉ်သုံးခု ဖြင့် ယှဉ်ပြိုင်နိုင်ပြီး MSME က အောက်တွင် Micro Small and Medium size ကုမ္ပဏီများ၊ လူငယ်စွန့်ဦး တီထွင်သူများနှင့် အမျိုးသမီး စီးပွားရေး စွမ်းဆောင်ရှင်များ လျှောက်ထားနိုင် ပါသည်။

Myanmar Business Model Contest 2014 ပြိုင်ပွဲ ကျင်းပမည်

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) နှင့် ဂျပန်နိုင်ငံ Cross Broder International Education Support Foundation တို့ ပူးပေါင်း၍ နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်မည့် စီးပွားရေးလုပ်ငန်းရှင် လူငယ်များ စနစ်တကျ ပေါ်ပေါက် ရန်နှင့် စီးပွားရေးလုပ်ငန်းသစ်များ ဖော်ထုတ်နိုင်ရန် ရည်ရွယ်၍ Myanmar Business Model Contest 2014 ပြိုင်ပွဲကို ကျင်းပသွားမည်ဖြစ်ကြောင်း UMFCCI ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
Myanmar Business Model Contest 2014 ပြိုင်ပွဲကို အဆင့်နှစ်ဆင့်ခွဲ၍ ကျင်းပသွားမည်ဖြစ်၍ အဆင့်(၁) သည် ကျောင်းသားလူငယ်များအား ရည်ရွယ်သောကြောင့် အသက် (၂၅) နှစ်အောက် မည်သူမဆို ပါဝင်ယှဉ် ပြိုင်နိုင်ပြီး အဆင့်(၂) တွင် လုပ်ငန်းအတွေ့အကြုံရှိသော အသက် (၃၂) နှစ်အောက် လူငယ်များ ပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ပြိုင်ပွဲတွင် အဖွဲ့လိုက်အဖြစ် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တစ်ဖွဲ့လျှင် အဖွဲ့နှစ်ဦးမှ သုံးဦးအထိ ပါဝင်ယှဉ်ပြိုင်ခွင့်ရှိကြောင်း၊ အဆင့်(၁) ပထမဆုကို အမေရိကန်ဒေါ်လာ တစ်ထောင်ချီးမြှင့် မည် ဖြစ်ပြီး အဆင့်(၂)၏ ပထမဆုကို အမေရိကန်ဒေါ်လာ သုံးထောင်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
Air KBZ လေကြောင်းလိုင်း၏ ခုနစ်စင်းမြောက် လေယာဉ်သစ် ဇူလိုင် လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်
Air KBZ လေကြောင်းလိုင်း၏ ခုနစ်စင်းမြောက် လေယာဉ်သစ်ဖြစ်သည့် ATR 72-500  လေယာဉ်သည် ဇူလိုင်လတွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ကြောင်း သတင်းရသည်။
အဆိုပါ ATR 72-500 အမျိုးအစား လေယာဉ်မှာ ပြင်သစ်နိုင်ငံ ATR Company မှ အသစ်ထပ်မံ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး အဲကမ္ဘောဇ လေကြောင်းလိုင်း စတင်တည်ထောင် ပျံသန်းခဲ့သည့် ၂ဝ၁၁ ခုနှစ် ဧပြီမှ ယခုသုံးနှစ်ကျော် ကာလအတွင်း ခုနစ်စင်းမြောက် ဝယ်ယူသည့် လေယာဉ်ဖြစ်ကြောင်း သိရသည်။
အဲကမ္ဘောဇ လေကြောင်းလိုင်းသည် ATR 72-600 လေယာဉ်နှစ်စင်း၊ ATR 72-500 လေယာဉ်လေးစင်း စုစုပေါင်း လေယာဉ်ခြောက်စင်းဖြင့် ရန်ကုန်၊ မန္တလေး၊ ညောင်ဦး၊ ဟဲဟိုး၊ ကျိုင်းတုံ၊ တာချီလိတ်၊ လားရှိုး၊ မြိတ်၊ ထားဝယ်၊ ကော့သောင်း၊ ကလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပူတာအို၊ သံတွဲ၊ စစ်တွေမြို့ ခရီးစဉ်များ ပျံသန်းလျက်ရှိကြောင်း သိရသည်။ အဲကမ္ဘောဇ လေကြောင်းလိုင်း၏ ခြောက်စင်းမြောက် ဝယ်ယူသည့် ATR 72-600 လေယာဉ်သည် ဇွန် ၂၂ ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
Ref;eleven media group

ဒဂုံတောင်မြို့နယ် (၂၄) ရပ်ကွက်နေ ပြည်သူ (၁၄၅) ဦးကို အခမဲ့ဆေးကုသ

၂၀၁၄ ခုနှစ်၊ ဇွန်လ (၂၉)ရက်၊ နံနက်၀၈၃၀ နာရီမှ ၁၅၃၀ နာရီအထိ၊ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်၊(၂၄) ရပ်ကွက်၊ မြရတနာ (၃)လမ်း၊ ဓမ္မရက္ခိတ ဓမ္မာရုံတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ရန်ကုန်အရှေ့ပိုင်းခရိုင်၏ ခရိုင်ပါတီကော်မတီဝင် ဒေါ်ဇာခြည်လင်း ဦးဆောင်သည့် ဖြိုးစေတနာ အခမဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ ရပ်ကွက်နေပြည်သူ (၁၄၅) ဦးအား
ကျန်းမာရေး စောင့်ရှောက် ကုသမှုပေးခဲ့ကြောင်းသိရသည်။
ဖြိုးစေတနာ အခမဲ့ နယ်လှည့်ဆေးကုသရေးအဖွဲ့တွင် တာဝန်ခံဆရာဝန် ဒေါက်တာအောင်နိုင်ဦး၊ သွားဆရာဝန် ဒေါက်တာ ဇော်လင်းပြုံး နှင့် သူနာပြု ဆရာမများ လိုက်ပါလာခဲ့ပြီး အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို ဆောင်ရွက်ရာနာဖျား/ မကျန်းမာနှင့် အထွေထွေရောဂါများအတွက် လာရောက်ပြသ၍ ဆေးကုသမှုခံယူသူ (၁၂၅) ဦး၊ သွားရောဂါ ဝေဒနာ ခံစားနေ ရသူ လူနာ (၁၇) ဦး၊ မျက်စိခွဲစိပ်ရန် စမ်းသပ်ပြသသူ မျက်စိလူနာ (၃) ဦး ၊ ရပ်ကွက်နေပြည်သူ စုစုပေါင်း (၁၄၅) ဦးတို့က ဖြိုးစေတနာ အခမဲ့ နယ် လှည့်ဆေးကုသရေးအဖွဲ့ထံသို့ လာရောက်ပြသကုသမှုခံယူခဲ့ကြသည်။




နိုင်ငံရေးတစ်ခုတည်းကိုလုပ်ဆောင်နေခြင်းမဟုတ်၊ နိုင်ငံ့အရေးလုပ်ဆောင်နေခြင်းဖြစ်ကြောင်း ပြည်ထောင်စုကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအထွေထွေအတွင်းရေးမှူးပြောကြား


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် အသင်းဘဝ မှ နိုင်ငံရေးပါတီတစ်ခုအဖြစ် ပြောင်းလဲခဲ့သော်လည်း အသင်း ဘဝကပင် ပြည်သူလူထုလိုအပ် ချက်၊ ဒေသလိုအပ်ချက်များကို ဆောင်ရွက်
ခဲ့သောကြောင့် မိမိတို့ ပါတီသည် နိုင်ငံရေးတစ်ခုတည်း ကို ဆောင်ရွက်နေခြင်းမဟုတ်ဘဲ နိုင်ငံ့အရေးကို လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ဗဟိုကော်မတီ အထွေ ထွေအတွင်းရေးမှူး ဦးမောင်မောင် သိမ်းက ယမန်နေ့တွင် ပါတီဝင်များ အားပြောကြားသည်။ တနင်္သာရီ တိုင်းဒေသကြီး မြိတ်မြို့ ပြည် ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံးခန်းမ၌ ယမန်နေ့မွန်းလွဲ ၁နာရီခန့်က ပြုလုပ်သော တွေ့ဆုံပွဲ တွင် အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ ''အရင်တုန်းက ဘာတွေလုပ်ခဲ့သလဲ။ အသင်းဘဝ ကတည်းက ပြည်သူလူထုလိုအပ် ချက်၊ ဒေသလိုအပ်ချက်တွေကို ဆောင်ရွက်ခဲ့တယ်။ ဒါ့အပြင် နိုင်ငံတော်ကာကွယ်စောင့်ရှောက် တာတွေ လုပ်ခဲ့တယ်။ ပြည်သူ့ ပါတီဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ လိုအပ်ချက်ကို ဆောင်ရွက်တယ်'' ဟု ၄င်းကပြောသည်။

ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ဟင်္သာတမြို့၊ ဘိုးဘွားရိပ်သာ အလှူငွေ ကုတင်နှင့် အိပ်ယာအသုံးအဆောင် ပစ္စည်းများပေးအပ်လှူဒါန်းပွဲ အခမ်းအနား သို့ တက်ရောက်လှူဒါန်း

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ဘိုးဘွားရိပ်သာ အလှူငွေ၊ ကုတင်နှင့် အိပ်ယာ အသုံးအဆောင် ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ဇွန်လ (၂၁) ရက် ညနေ (၅) နာရီ (၃၀) မိနစ်အချိန်တွင် အဆိုပါရိပ်သာ၌ ပြုလုပ်ရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဟင်္သာတမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဌေးဦး၊ ဧရာဝတီတိုင်းဒေသကြီး မဲဆန္ဒနယ် အမှတ် (၄) အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်လှိုင်၊ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ကိုယ်စား လှယ် ဒေါက်တာသိန်းစိုး၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် သစ်တောနှင့် သတ္ကုတွင်းဝန်ကြီး ဦးစိုးမြင့် ဟင်္သာတခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူး ဦးတင်အောင်ဝင်း နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဧရာဝတီတိုင်း ဒေသကြီး ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး၊ ဟင်္သာတခရိုင်/မြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင် များ၊ ဟင်္သာတခရိုင်၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင် များ၊ ဂရုဏာလုလင် လူမှုကူညီရေးအသင်းဝင်များ၊ အခြားလူမှုရေးအဖွဲ့ဝင်များ၊ ပြည်ခိုင်ဖြိုးပါတီ ၀င်များ တက်ရောက်ကြသည်။ 


ရပ်/ကျေး အဆင့်ပါတီများ စနစ်တကျ ကျစ်လစ်ခိုင်မာစွာ ဖွဲ့စည်းရန်မှာကြား

ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ အနောက်မြင်းပြိုင်ကွင်းလမ်းနှင့် ဆရာစံလမ်းထောင့်၊ ခြံအမှတ်(၉၀)ရှိ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီရုံး ခန်းမတွင် ဗဟို/တိုင်း / ခရိုင် ပါတီများနှင့် ရန်ကုန်တိုင်းဒေသကြီး အနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ်ပါတီများနှင့် လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်သည်။
ယင်းလုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဗဟိုအလုပ်အမှုဆောင်၊ ရန်ကုန်တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌ၊ ရန်ကု န်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးမြင့်ဆွေ နှင့် တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ၊ ဗဟိုပါတီကော်မတီဝင်များဖြစ်သော ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းနှင့် ဒုတိယဥက္ကဋ္ဌ ဦးတင်အောင်၊ ရန်ကုန် တိုင်းဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်းနှင့် တိုင်းဒေသကြီး ပါတီကော်မတီဝင်များ၊ ခရိုင် လေးခုမှ အတွင်းရေးမှူး၊ ခေတ္တ အတွင်းရေးမှူးများနှင့် ကော်မတီဝင်များ၊ ရန်ကုန်အနောက်ပိုင်း ခရိုင်အတွင်းရှိ မြို့နယ် (၁၃) ခုမှ ပါတီအတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ တက် ရောက်သည်။



ကိုရီးယား သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ သုတေသီများ အလို အလျောက် နှလုံးခုန်စက် တီထွင် နိုင်ခဲ့

ကိုရီးယားသိပ္ပံနှင့် နည်းပညာ တက္ကသိုလ်မှ သုတေသီ အဖွဲ့သည် အလိုအလျောက် နှလုံးကို ခုန်စေနိုင်သော  အီလက်ထရွန်နစ် ကိရိယာ တစ်မျိုးကို   တီထွင် နိုင်ခဲ့ ကြောင်း သိရသည်။

ကျိုက်ထိုပြည်ခိုင်ဖြိုး အ-မ-က မူလွန်ကျောင်း ခြင်းဆေးဖျန်းခြင်း ဆောင်ရွက်

၂၉-၆-၂၀၁၄ရက် တနင်္ဂနွေနေ့ ညနေ(၃)နာရီချိန်တွင် ကျိုက်ထိုမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူး ဦးဝင်းနိုင်ဦး၊ မြို့နယ်ပါတီကော်မတီဝင် ဦးထွန်းမြင့်၊ မြို့နယ်ပါတီကော်မတီ၊ နယ်မြေတာဝန်ခံ ဒေါ်စိုးစိုးအေးနှင့် ပါတီဝင် များသည် မလော့ချောင်ကျေးရွာသို့ သွားရောက်၍ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဌေး၊ ကျေးရွာ စည်းမှူး ဦးသိန်းငွေ၊ စည်းကော်မတီများနှင့် ပူးပေါင်းကာ အ-မ-က မူလွန်ကျောင်းနှင့် ကျေးလက်နေ ပြည်သူများ၏ အိမ်များအား ခြင်းဆေးဖျန်းပေးခဲ့ကြကြောင်း သတင်းရရှိပါသည်

ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေး ဆင့်ပွားသင်တန်းဖွင့်ပွဲ သန်လျှင်မြို့တွင် ကျင်းပ

ရန်ကုန်မြို့၊ သန်လျင်မြို့နယ်၊ မြို့မမြောက်ရပ်ကွက်၊ ဈေးချိုလမ်း၊ အမှတ် (၂၀) ရှိ သန်လျင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးခန်းမတွင် ဇွန်လ (၂၈)ရက်၊ နံနက် (၉) နာရီအချိန်က ရန်ကုန်တောင်ပိုင်းခရိုင် ပြည်ခိုင်ဖြိုးပါတီ ပြည်သူ့ပါတီ မဟာဗျူဟာ ဖေါ်ဆောင်ရေး ဆင့်ပွား သင်တန်း အမှတ်စဉ် (၁) ဖွင့်ပွဲ အခမ်းအနား ကျင်းပသည်။ 
သင်တန်းဖွင့်ပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ရန်ကုန်တိုင်း ဒေသကြီး ပါတီအတွင်းရေးမှူး ဦးသာဝင်း နှင့် တိုင်းပါတီကော်မတီ ၀င် ဦးအောင်မြင့်၊ ရန်ကုန် တောင်ပိုင်းခရိုင် ပါတီအတွင်းရေးမှူး ဦးလွင်ဦး နှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အတွင်းရှိ မြို့နယ် (၁၀) မြို့နယ်မှ ပါတီ အတွင်းရေးမှူးများနှင့် ပါတီကော်မတီဝင်များ၊ တောင်ပိုင်းခရိုင် (၉)မြို့နယ်မှ သင်တန်းသား/သူ (၁၀၀) ဦး၊ (၁၂၀) ဦးတက်ရောက်သည်။ 



ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးသင်တန်း အမှတ်စဉ်(၁/၂၀၁၄) ဖွင့်လှစ်

တံတားဦးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ အစီအစဉ်ဖြင့် ပြည်သူ့ပါတီမဟာဗျူဟာ ဖော်ဆောင်ရေး သင်တန်း (၁/၂၀၁၄) သင်တန်းဖွင့်ပွဲအား ဇွန်လ ၂၈ ရက် နံနက် (၈) နာရီက မြို့နယ်ပါတီရုံးခန်းမတွင် ကျင်းပခဲ့သည်။
ဖွင့်ပွဲအခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ပြည်ခိုင်ဖြိုးပါတီ ကော်မတီဝင် ကျောက်ဆည်ခရိုင် နယ်မြေ တာဝန်ခံ ဦးသန်းထွန်း မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခမ်းအနားသို့ ခရိုင်ပါတီ အတွင်းရေးမှူး ဦးအောင်မြင့်သန်း နှင့် ကော်မတီဝင်များ၊ မြို့နယ်ပါတီယာယီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် ကော်မတီ ဝင်များ၊ စည်းမှူးနှင့်အဖွဲ့ဝင်များ၊ သင်တန်းသား/သူများနှင့် နည်းပြများ အင်အား (၁၅၀) ခန့် တက်ရောက်ခဲ့ကြသည်။



ဖျာပုံမြို့နယ် ဂျိုဝါကျောက် ရဲကျေးရွာနှင့် ကျောင်းစုကျေးရွာ အလယ် တန်းကျောင်း (ခွဲ) အဆင့် တိုးမြှင့်ခြင်း အခမ်းအနားကျင်းပ

၂၈-၆-၂၀၁၄နေ့တွင် ဖျာပုံမြို့နယ် ပြည်သူ့လွတ်တော် ကိုယ်စားလှယ် ဦးစိုးနိုင်၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်များဖြစ်ကြသော ဦးလှဝင်းဗိုလ်၊ ဦးဝင်းမြင့် ဖျာပုံမြို့နယ် ပညာရေးမှူး ဒေါ်ကျင်မွှေး၊ ပြည်ခိုင်ဖြိုး ပါတီ ခရိုင် အတွင်းရေးမှူးနှင့်ကော်မတီဝင်များ၊ မြို့နယ်အတွင်းရေးမှူး နှင့်ကော်မတီ ၀င်များ၊ ကျောင်းအလှူ ရှင် Grand lotus Co ltd. ခရီးသွားလာရေးလုပ်ငန်းမှ မန်နေးဂျင်းဒါရိုက်တာ ဦးကျော်စွာမင်း၊ မြို့နယ် ဖွံ့ဖြိုးရေးအထောက်အကူအဖွဲ့မှ ဦးသိန်းလှိုင် တို့သည် အဆိုပါဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး၊ ကျောင်း ရံပုံငွေ အလှူငွေများ ပေးအပ်ခြင်း၊ ဒေသဆိုင်ရာ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လိုအပ်မှုများကို ဒေသခံ ပြည်သူများက တင်ပြတောင်းဆိုကြရာ လွှတ်တော်ကိုယ်စားလှယ်များက ဆက်စပ်ညှိ နှိုင်းပေးခြင်း၊ သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်သော အချက်အလက်များ ဆွေးနွေး တိုင်ပင်ခဲ့ကြသည်။

နောက်ထပ်တာတိုပစ်ဒုံးကျည်များစမ်းသပ် ပစ်ခတ်ခဲ့သည့် မြောက် ကိုရီးယား


မြောက်ကိုရီးယားနိုင်ငံသည် မကြာသေးမီကာလက ပစ်မှတ်အားပိုမိုတိကျစွာချိန်ရွယ်ပစ်ခတ်နိုင်သည့် ဒုံးလက်နက်များ ပစ်ခတ်စမ်းသပ်ခဲ့ပြီးနောက်ထပ် တာတိုပစ်စကတ်ဒုံးကျည် နှစ်စင်းကို နိုင်ငံ၏ အရှေ့ဖက်ပင်လယ် ရေပြင်သို့ တနင်္ဂနွေနေ့က ထပ်မံပစ်ခတ်စမ်းသပ် ခဲ့ဟန်တူကြောင်း တောင်ကိုရီးယား တာဝန်ရှိသူများက ပြောကြားခဲ့သည်။




ASUS စမတ်နာရီ ကန်ဒေါ်လာ ၁၀၀ ဖြင့်ရောင်းမည်

နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော စမတ်နာရီကို အမေရိကန် ဒေါ်လာ ၁၀၀ ဖြင့် ရောင်းချရန် စီစဉ်နေကြောင်း Techcrunch သတင်းဌာနက ယနေ့ဖော်ပြသည်။

ပခုံးနာတာက အဟန့်အတားဖြစ်မှာ မဟုတ်ပါဘူးလို့ ဂျိုကိုဗစ် ပြော






ဝင်ဘယ်ဒန် တင်းနစ်ပြိုင်ပွဲမှာ ဆီဒင်ထိပ်တန်းအဆင့် ရထားတဲ့ ဂျိုကိုဗစ်က သူ့ပခုံးနာကျင်မှုက ဆက်ပြိုင်ဖို့ အဟန့်အတားဖြစ်မှာ မဟုတ်ပါဘူးလို့ ပြောကြားပါတယ်။

Sunday, June 29, 2014

ကားရိုက်နားပြီး စိတ်ကြိုက် ဇာတ်လမ်းတွေ စုနေတဲ့ မင်းမော်ကွန်း

အပ်ကြောင်းထပ် ဇာတ်လမ်းများကိုသာ ရိုက်ကူးနေရ သည်ကို ငြီးငွေ့လာသည့်အတွက် ကားရိုက်နား ထား ကာ စိတ်ကြိုက် ဇာတ်လမ်းများစုနေကြောင်း မင်းမော်ကွန်းက ပြောသည်။ ‘‘တဖြည်းဖြည်းဇာတ်တွေ ထပ်လာပြီး ကိုယ့်ကိုယ်ကိုယ် စိန် ခေါ်နိုင်တဲ့ ဇာတ်တွေနည်းလာတော့ ငြီးငွေ့လာ တယ်။ အဲဒါကြောင့် ခဏနားပြီး ဇာတ်တွေပြန်စုနေတယ်’’ဟု မင်းမော်ကွန်းကပြောသည်။

အမျိုးသားကယ်ဆယ်ရေးအစိုးရအဖွဲ့ ဖွဲ့စည်းဖို့ငြင်းပယ်ထားသည့် အီရတ်ဝန်ကြီးချုပ်


အီရတ်ဝန်ကြီးချုပ် နျူရီအယ်လ်မာလီကီက အစိုးရတပ်တွေနဲ့ အစ္စလာမ္မစ်အစွန်းရောက်တွေကြား မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲ ဆက်လက်ဖြစ်ပွားပေမယ့်အမျိုးသားကယ်ဆယ်ရေး အစိုးရ အဖွဲ့ဖွဲ့စည်းဖို့ကို ပယ်ချလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။ ဆွန်နီအကြမ်းဖက်သမားတွေဟာ ဘဂ္ဂဒက်မြို့မြောက်ဘက်ပိုင်း ဘယ်လ်ဒတ်လေကြောင်း အခြေစိုက်စစ်စခန်းကို ဗုဒ္ဓဟုးနေ့တုန်းက တိုက်ခိုက်ခဲ့တယ်လို့ သက်ဆိုင်ရာ အာဏာပိုင်တွေက သတင်းထုတ်ပြန်ထားပါတယ်။

ပစ်မှတ်ကိုပိုမိုတိကျစွာ ချိန်ရွယ်နိုင်သော ဒုံးကျဉ်များ အသ စ်များ မြောက်ကိုရီးယားစမ်းသပ်


ပစ်မှတ်ကိုပိုမိုတိကျစွာ ချိန်ရွယ်ပစ်ခတ်နိုင်သော ဒုံးကျည်များအသစ်များအား စမ်းသပ် ရန် ခေါင်းဆောင်ကင်ဂျုံအွန်က ညွှန်ကြားခဲ့ကြောင်း သောကြာနေ့ကမြောက်ကိုရီးယား ဖက်က ပြောကြား ခဲ့သည်။  တာတိုပစ်ဒုံးလက်နက် (၃) ခုခန့်စမ်းသပ်ခဲ့ခြင်းဖြစ်ကြောင်းနှင့် ကြာသပတေးနေ့ က မြောက်ကိုရီးယားသည် ၄င်းပိုက်နက် ပင်လယ်ပြင်သို့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း တောင်ကို ရီးယားအာဏာပိုင်များက ပြောကြားခဲ့သည်။ ဒုံးလက်နက်များအား မြောက်ကိုရီးယားနိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့တစ်ခုမှပစ်ခတ်ခဲ့ပြီး ကီလိုမီတာ (၁၉၀) ခန့်အကွာ အရှေ့ဖက်ကမ်းရိုးတန်း ပင်လယ်ပြင်သို့ ကျရောက်ထိမှန်ခဲ့ကြောင်း တောင်ကိုရီးယားကာကွယ်ရေးအရာရှိများက ပြောကြားခဲ့သည်။ မည်သည့် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်းနှင့် မြောက်ကိုရီးယား၏ ရည်ရွယ်ချက်မှာမည်သို့ဖြစ်ကြောင်းကိုမူ ချက်ချင်းမသိရှိရ ကြောင်းပြောကြားခဲ့သည်။

ဥရောပသမဂ္ဂနှင့် ကုန်သွယ်မှု စာချုပ်လက်မှတ်ရေးထိုးခဲ့သည့် ယူက ရိန်းနိုင်ငံ


ယူကရိန်နိုင်ငံ၏ ယခင်သမ္မတ Viktor F. Yanukovych က ဥရောပသမဂ္ဂနှင့် ကုန်သွယ်ရေးသဘောတူ စာချုပ် ချုပ်ဆိုရန် ငြင်းဆိုခဲ့ပြီး တစ်ဖက်တွင်၎င်းအာဏာကျဆင်းအောင်ပြုလုပ်မည့် ဆန္ဒပြမှုများ ဖြစ်ပေါ် လာစေခဲ့ပြီးနောက် (၇) လအကြာတွင် ယူကရိန်းခေါင်းဆောင်သစ်က သောကြာနေ့တွင် သဘောတူစာချုပ်အား အပြီးသတ်လက်မှတ်ရေးထိုးခဲ့သည်။ တစ်ဖက်တွင် ရုရှသည် နိုင်ငံ၏ကိုယ်ပိုင်စီး ပွားရေး နှင့် ယခင်ဆိုဗီယက်ယူနီယမ်၏ မဟာဗျူဟာမြောက်အကျိုးစီးပွားတို့ကို ခြိမ်းခြောက်သည်ဟုဆို ကာ ခါးခါးသီးသီး ဆန့်ကျင်နေခဲ့သည့်ကြားက အဆိုပါ သဘောတူချက်အားပြုလုပ် ခဲ့ခြင်း ဖြစ် သည်။ မော်စကိုအနေဖြင့် ထိုသို့မလုပ်ဖြစ်အောင်တားမြစ်နေသည့်ကြား က ရှေ့တိုး ဆောင် ရွက်ခဲ့သည့် အဆိုပါသဘောတူညီချက်ကြောင့် ဆိုးဝါးသောအကျိုး ဆက်များဖြစ်ပေါ်လာမည်ဟု ရုရှဒုတိယ နိုင် ငံခြားရေး ၀န်ကြီး၏ ပြောကြားချက်အား ကိုးကားပြီး မော်စကိုရှိ Interfax သတင်းဌာနက ဖော်ပြခဲ့သည်။

Friday, June 27, 2014

အသင်းအင်အား ဖြည့်တင်းရေး စီမံကိန်းကို ပီပီပြင်ပြင် လုပ်ဆောင်လာသည့် မန်ချက်စတာ ယူနိုက်တက်

ပြီးခဲ့သည့် ရာသီက ရလဒ်များ ဆိုးရွားကျဆင်းခဲ့သည့် မန်ချက်စတာယူနိုက်တက် အသင်းသည် နွေရာသီဈေးကွက်တွင် ကစားသမားသစ်များ အားဖြည့်သည့် စီမံကိန်းကို ပီပီပြင်ပြင် စတင်လာပြီ ဖြစ်သည်။ 

ကွစ်ကင်းလုန်း နေရှင်နယ်ပြိုင်ပွဲမှာ တိုက်ဂါးဝုဒ် ပြန်လည် ယှဉ်ပြိုင်မည်






ကျောဒဏ်ရာကြောင့် (၃)လကြာ နားနေရတဲ့ အမေရိကန် ဂေါက်သီးသမား တိုက်ဂါးဝုဒ်ဟာ ကွစ်ကင်းလုန်း နေရှင်နယ် (Quicken Loans National) ဂေါက်သီးရိုက်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို အမေရိကန်ပြည်ထောင်စု မေရီလန်းပြည်နယ် ဘီသက်စဒါမြို့မှာ ဇွန်(၂၆)ရက်ကနေ (၂၉)ရက်အထိ ကျင်းပမှာပါ။ အဲဒီပြိုင်ပွဲဟာ တိုက်ဂါးဝုဒ်ကိုယ်တိုင် ဦးစီးကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး ပြိုင်ပွဲကရတဲ့ အတျိုးအမြတ်တွေကို သူ့ရဲ့ပရဟိတ ဖောင်ဒေးရှင်းမှာ သုံးပါတယ်။

ယူကရိန်း အရေးနှင့် စပ်လျဉ်း၍ ပူတင်၏ ဆုံးဖြတ် ချက်ကို တရုတ် ချီးကျူး
ယူကရိန်းနိုင်ငံတွင် ရုရှားတပ်ဖွဲ့ဝင်များကို စေလွှတ်ပြီး စစ်ရေးအရ ကြားဝင်ရေးနှင့် စပ်လျဉ်း၍ တရားဝင် ခွင့်ပြုထားသော ဆုံးဖြတ်ချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည့်ရုရှားသမ္မတ ဗလာဒီမာပူတင်၏ ဆုံးဖြတ်ချက်ကို တရုတ်နိုင်ငံက ဇွန် ၂၅ ရက်တွင် ချီးကျူးခဲ့သည်ဟု သိရသည်။ တရုတ်နိုင်ငံသည် ပူတင်၏ ဆုံးဖြတ်ချက်ကို ချီးကျူးခဲ့သည့်အပြင် ယူကရိန်းအရေးတွင် ပါဝင်သည့် အခြားနိုင်ငံများ၏ အပြု သဘော ဆောင်သော ကြိုးပမ်းမှုများ အပေါ်လည်း ချီးကျူးကြောင်း၊ ယင်းကဲ့သို့ ကြိုးပမ်းရာ တွင် နိုင်ငံရေးအရ ဖြေရှင်းသည့် နည်းလမ်းများကိုသာ အသုံးပြုသွားမည် ဟု မျှော် လင့်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိ သူ ဟွာချေယင်းက ပြောကြားခဲ့သည် ဟု သိရသည်။

ဆွာရက်ဇ် ပွဲကစားခွင့် လေးလပိတ်ပင်ခံရ



 အီတလီနောက်တန်းလူ ချီလီနီကို ကိုက်ခဲ့ခြင်းအတွက် ဥရုဂွေးတိုက်စစ်မှူးဆွာရက်ဇ်မှာ ဘောလုံးကစားခြင်းမှ လေးလပိတ်ပင်ခြင်းပြစ်ဒဏ်နှင့်အတူ နိုင်ငံအသင်းအတွက် ကိုးပွဲပယ်နှင့် ပေါင် ၆၅,၀၀၀ ပြစ်ဒဏ်ချမှတ်ခံရသည်။ ထို့ကြောင့် ဆွာရက်ဇ်မှာ လီဗာပူးအသင်းအတွက်လည်း အောက်တိုဘာလကုန်အထိ ပါဝင်ကစားနိုင်မည် မဟုတ်ပေ။

back to top