Friday, July 25, 2014

လူငယ်ပရိသတ် အများစု နှစ်သက်ကြသည့် ဂီတစာဆို လွှမ်းပိုင် တေးစီးရီး 

လူငယ် Hip Hop အဆိုတော် တစ်ဦးဖြစ်ပြီး မိန်းကလေးအများစု နှစ်သက်ကြတဲ့ အဆိုတော် လွှမ်းပိုင်ရဲ့ ဂီတစာဆို လွှမ်းပိုင်တေးသီချင်း ခွေဟာ လူငယ်ပရိသတ် အများစု ကြားထဲတွင် ရေပန်းစားလူကြိုက် များလျက် ရှိနေပါတယ်။
ကိုယ့်စိတ်ကြိုက် ဖန်တီးခဲ့တဲ့ လွှမ်းပိုင်ရဲ့ အခွေနဲ့ ပတ်သက်ပြီး သူက ဘာပြောခဲ့သလဲ ဆိုတော့'' ကျွန်တော်ကိုယ်တိုင် စိတ်ကြိုက် ဖန်တီးခွင့်ရတဲ့အတွက် ဒီအခွေကို ကျေနပ် အားရမှု ရှိပါတယ်။ ဒီအခွေအပေါ်မှာ ပရိသတ်တွေရဲ့ အားပေးမှုတွေရတဲ့ အတွက်လည်း အရမ်းကို ပျော်ရွှင် မိပါတယ်။  VCD ကိုလည်း ပရိသတ်ကြိုက်အောင်၊ လုပ်နေကျ ပုံစံလေးနဲ့ ကွဲပြားအောင် အကောင်းဆုံး လုပ်သွားဖို့ရှိပါတယ်။
ပရိသတ်တွေဆီက ကျွန်တော် ပြန်ကြားရတဲ့ အတိုင်းအတာ ကတော့ အားရပါတယ်။ ပရိသတ် အများဆုံး ကြိုက်တဲ့ သီချင်းလေးတွေ ဖြစ်တဲ့ငါတို့ဝေး သီချင်းလေးရယ်၊ ကျွန်တော်နဲ့ ရဲရင့် ဆိုထားတဲ့   သီချင်းလေးကိုလည်း ပရိသတ်တော်တော်များများ အားပေးကြပါတယ်'' လို့ ပြောပြ ခဲ့ပါတယ်။
''ကျွန်တော့်ရဲ့  လတ်တလော အနုပညာလှုပ်ရှားမှုတွေ ကတော့ ရှိုးပွဲတွေမှာလည်း ဆိုဖြစ် ပါတယ်။  Let's  Go ပရိုဂရမ်အတွက် ရိုက်ကူးရေး အနေနဲ့ ခရီးလေးတွေလည်း ထွက်ဖြစ် နေပါတယ်။ ပရိသတ်ကြီး အားလုံးလည်း ကျွန်တော့်ရဲ့ အခွေကို အားပေးပြီး ဝေဖန် အကြံပေး ကြပါဦး''  လို့ ဆက်လက် ပြောပြ ခဲ့တယ်။

 

No comments:

Post a Comment

back to top