Thursday, July 31, 2014

မင်းသားဝီလျံနဲ့ ဟာရီတို့ ဓနသဟာယ အားကစားပွဲမှာ အားကစား မောင်မယ်တွေနဲ့ တွေ့ဆုံ 


ဗြိတိန်မင်းသားဝီလျံ၊ ဇနီးဖြစ်သူ ကက်သရင်းနဲ့ ညီဖြစ်သူ မင်းသားဟာရီတို့ဟာ တနင်္လာနေ့က ဓနသဟာယ အားကစားပြိုင်ပွဲဝင် အားကစားမောင်မယ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ (၂၀၁၄) ဓနသဟာယ အားကစားပွဲကို စကော့တလန်နိုင်ငံ ဂလပ်စကိုမြို့မှာ ဇူလိုင်(၂၃)ရက်ကစပြီး ကျင်းပနေတာ ဖြစ်ပါတယ်။ ကင်းဘရစ်မြို့စား ၀ီလျံနဲ့ မြို့စားကတော် ကက်သရင်းတို့ဟာ အားကစားရွာကို ရောက်ရှိလာကြပြီး အိုလံပစ် စက်ဘီးစီးပြိုင်ပွဲဝင် ခရစ်ဟွေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူတို့ဇနီးမောင်နှံဟာ မင်းသားဟာရီနဲ့အတူ စကော့တလန် အားကစားအဖွဲ့ရှိရာကို သွားရောက်ပြီး အတော်ကြာအောင် စကားပြောခဲ့ပါတယ်။

No comments:

Post a Comment

back to top