Thursday, July 31, 2014

ရုရှားကို စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့် လုပ်ဆောင်တော့မယ့် အမေရိကန်နဲ့ အီးယူ


အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ဟာ ရုရှားနိုင်ငံကို စီးပွားရေးပိတ်ဆို့မှုတွေ တိုးမြှင့်သွားမယ်လို့ ကြေညာ ထားပါတယ်။ အမေရိကန်အိမ်ဖြူတော်ရဲ့အမျိုးသားလုံခြုံရေးဆိုင်ရာ ဒုတိယအကြံပေး တိုနီဘလင်ကန်က ယူကရိန်း ခွဲထွက်ရေးသမားတွေကို ဆက်လက်ထောက်ပံ့နေတဲ့ ရုရှားနိုင်ငံကို တနင်္လာနေ့ က ပြစ်တင်ပြောဆိုလိုက်ပါတယ်။
 
ဒါ့အပြင် အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့အနေနဲ့ ရုရှားနိုင်ငံအပေါ် မှာ ပိုကျယ်ပြန့်တဲ့ စီးပွားရေး ပိတ်ဆို့ မှုတွေပြု လုပ်သွားဖို့ရှိနေတယ်လို့ ဆိုပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့ဘက်ပိုင်းမှာ မလေးလေယာဉ် ပျက်ကျ ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်း ရုရှားနိုင်ငံဟာ ယူကရိန်း ခွဲထွက်ရေးသမားတွေကို ဆက်လက်ထောက်ပံ့နေ ဆဲဖြစ်တာကြောင့် စီးပွားရေးပိတ်ဆို့မှုကို အခုအပတ် ကုန်ခါနီးမှာ စတင်မှာဖြစ်တယ်လို့ သိရပါတယ်။
 
မစ္စတာ တိုနီကတော့ ရုရှားဟာ ခွဲထွက်ရေး သမားတွေကို လက်နက်ကြီးအပြင် စက်ပစ္စည်းတွေ ကိုပါ ထောက်ပံ့နေတယ်လို့ တနင်္လာနေ့တုန်းက ပြောကြားခဲ့ပြီး နယ်စပ်မှာ တင့်ကားတွေနဲ့ သံချပ်ကာ ယာဉ်တန်းတွေကို တွေ့နေရတယ်လို့လည်း ပြောပါတယ်။ ဇူလိုင်လ (၁၅) ရက်နေ့မှာ မလေးရှားလေယာဉ် ပျက်ကျခဲ့ပြီး နောက်တစ်နေ့မှာ အမေရိကန်နိုင်ငံဟာ ရုရှားကုမ္ပဏီ အများစုအပါအ၀င် ဘဏ္ဍာရေး အဖွဲ့အစည်းတွေကိုလည်း ပိတ်ဆို့မှုတွေ စတင်လုပ်ဆောင်ခဲ့ပါတယ်။

No comments:

Post a Comment

back to top