Monday, July 28, 2014

ခရီးသွား အာမခံကို ပြည်တွင်း ဘုရားဖူး ခရီးစဉ်များတွင် ထည့်သွင်း ရောင်းချသွားမည်

ခရီးသွား အာမခံကို ပြည်တွင်း ဘုရားဖူးနှင့် အပန်းဖြေ ခရီးစဉ်များတွင် ယခင်က တွင်ကျယ်စွာ ရောင်းချခြင်း မရှိခဲ့သော်လည်း ယခုအခါ ပြန်လည် ထည့်သွင်း ရောင်းချသွားမည် ဖြစ်ကြောင်း ပြည်တွင်း ဘုရားဖူးနှင့် ခရီးသွား ဝန်ဆောင်မှု အသင်းထံမှ သိရသည်။
ထိုသို့ လုပ်ဆောင်ရာတွင် ခရီးသွား အာမခံကို ထည့်သွင်းသွားမည် ဖြစ်ပြီး အဆိုပါ ကိစ္စနှင့် ပတ်သက်၍ အသင်းမှ အသင်းဝင်များ အားလုံးကို အသိပေး အကြောင်းကြားကာ ခရီးသွား အာမခံနှင့်တကွ စီစဉ် ရောင်းချရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း သိရသည်။
ယခုအခါ ပြည်တွင်း၌ ဘုရားဖူး ခရီးစဉ်တွင် အန္တရာယ် ဖြစ်ပေါ်မှု နည်းပါးသော်လည်း သဘာဝ ဘေးအန္တရာယ် ကဲ့သို့သော ကိစ္စရပ်များကြောင့် ခရီး သွားလာရင်း အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်လာနိုင် သဖြင့် ခရီးသွား အာမခံကို မြန်မာ့ အာမခံနှင့် ပြန်လည် လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။
မြန်မာ့ အာမခံနှင့် ခရီးသွား အာမခံ ပြန်လည်လုပ်ကိုင်ရာ၌ ပြည်တွင်း ဘုရားဖူးနှင့် အပန်းဖြေ ခရီးစဉ်များ ရောင်းချရာတွင် ဖြစ်ပေါ်လေ့ရှိသော လူတစ်ဦးတစ်ယောက်တည်းမှ လက်မှတ် အများအပြား ဖြတ်၍ ခရီးစဉ် တစ်ခုတည်း၌ ဝယ်ယူမှု ပြုလုပ်လိုပါကလည်း ခရီးသွား အာမခံနှင့် တွဲ၍ တစ်ပါတည်း ရောင်းချပေးမည် ဆိုသည့် ဖြေလျှော့မှုဖြင့် လုပ်ကိုင်ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခရီးသွား အာမခံကို တစ်ယူနစ်လျှင် မြန်မာငွေကျပ် ၅ဝ ဖြင့် ရောင်းချပေးမည် ဖြစ်ပြီး အသက် အန္တရာယ် တစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက လျော်ကြေးငွေ ကျပ်ငါးသိန်း ပြန်လည်ရရှိမည် ဖြစ်ကာ တစ်ဦးလျှင် ၁ဝ ယူနစ်အထိ ဝယ်ယူခွင့် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top