Monday, July 28, 2014



ရုရှားအပေါ် EU ၏ စီးပွားရေးပိတ်ဆို့မှုသည် သဘာဝ ဓါတ်ငွေ့ရောင်းဝယ်မှုအားမထိခိုက်ဟုဆို

EU ၏ ရုရှအား အရေးယူပိတ်ဆို့မှုသည် ရေနံထုတ်လုပ်မှု ကဏ္ဍတွင် ခေတ်မှီသောနည်းပညာများ မရရှိနိုင်ရန် ဖြတ်တောက်ခဲ့သော်လည်းဥရောပနိုင်ငံများမှ မှီခိုနေရသော သဘာဝဓါတ်ငွေ့ကဏ္ဍကိုမူ မထိခိုက်စေကြောင်း ဥရောပကောင်စီဥက္ကဌ Herman Van Rompey က ပြောကြားခဲ့သည်။ EU နိုင်ငံများမှ သံအမတ်ကြီးများသည် ရုရှားနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့အရေးယူမှုများအား ထိထိရောက်ရောက် ရှေ့ဆက်လုပ်ဆောင်သွားရန် သောကြာနေ့က သဘောတူ ခဲ့ကြကြောင်းနှင့် ထည့်သွင်းရမည့် အသေးစိတ်အချက်အလက်များကို မူဆွေးနွေးညှိနှိုင်းဆဲဖြစ်ကြောင်း သိရသည်။


ရုရှားနိုင်ငံအပေါ် အဓိကပိတ်ဆို့မှုများတွင် ရုရှားနိုင်ငံပိုင်ဘဏ်များသို့ စီးဝင်လျှက်ရှိသော EU ၏ အရင်းအနှီးဈေးကွက်အား ပိတ်ဆို့ခြင်း၊ ရုရှသို့လက်နက်များရောင်းချခြင်းအား တားမြစ်ခြင်းနှင့် နှစ်မျိုးအသုံးချနိုင်သော နည်းပညာများနှင့် စွမ်းအင်နည်း ပညာများ ရောင်းချခြင်းအား ကန့်သတ်ထိန်းချုပ်ခြင်း စသည်တို့ပါဝင်သည်။ 

 

No comments:

Post a Comment

back to top