Monday, July 28, 2014


အမေရိကန် ပြည်ထောင်စု ဖီးနက်စ်မြို့တွင်Haboob အမည်ရှိ သဲမုန်တိုင်း တိုက်ခတ်

အမေရိကန် ပြည်ထောင်စု အရီဇိုးနားပြည်နယ် ဖီးနက်စ်မြို့ တစ်ဝန်းတွင် ဇူလိုင်၂၆ ရက်က "Haboob"  အမည်ရှိ သဲမုန်တိုင်းများ တိုက်ခတ်ခဲ့ရာ
တစ်မြို့လုံး သဲမှုန်များ ဖုံးလွှမ်းသွားခဲ့ပြီး အိမ်ခြေထောင်ပေါင်းများစွာ လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့ကြောင်း အမျိုးသား မိုးလေဝသဌာနက ပြောကြားခဲ့သည်။ အဆိုပါ သဲမုန်တိုင်း တိုက်ခတ်ချိန်တွင် လေတိုက်နှုန်းသည် တစ်နာရီလျှင် မိုင်၎ဝ နှုန်းနှင့် တိုက်ခတ်ခဲ့ဖွယ်ရှိကြောင်း အမျိုးသား မိုးလေဝသဌာနက သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။
သဲမုန်တိုင်း တိုက်ခတ်မှုဒဏ်ကြောင့် ဓာတ်တိုင်များ၊ ဓာတ်အားလိုင်းများနှင့် ထရန်စဖော်မာများ ပျက်စီးခဲ့ပြီး  အိမ်ခြေ ၁၁ဝဝဝ ကျော် လျှပ်စစ်မီး များ ပြတ်တောက်ခဲ့ကြောင်း၊ ထို့ကြောင့် ကယ်ဆယ်ရေး အမှုထမ်းများ သည် အပျက်အစီးများကို ပြင်ဆင်ရန် ကြိုးပမ်း လျက်ရှိကြောင်း သိရ သည်။ ထို့ပြင် ဖီးနက်စ်မြို့ Sky Harbor အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ လေယာဉ်ပြေးဆွဲမှု ခရီးစဉ်များကိုလည်း ရွှေ့ဆိုင်းခဲ့ရကြောင်း သိရသည်။

No comments:

Post a Comment

back to top