Tuesday, July 29, 2014

ရုရှားအိုးပင်း ဂေါက်သီးရိုက် ပြိုင်ပွဲမှာ ဒေးဗစ်ဟော့ဆေး အနိုင်ရ 


တနင်္ဂနွေနေ့က မော်စကိုမြို့မှာ ကျင်းပပြီးစီးတဲ့ ရုရှားအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲမှာ အင်္ဂလိပ် ဂေါက်သီးသမား ဒေးဗစ်ဟော့ဆေး အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
အသက်(၂၉)နှစ်ရှိ ဒေးဗစ်ဟော့ဆေးအနေနဲ့ ဥရောပတိုးပြိုင်ပွဲ တစ်ရပ်မှာ တတိယအကြိမ် ဗိုလ်စွဲနိုင်တာဖြစ်ပြီး (၂၀၁၁)ခုနှစ် နောက်ပိုင်းမှာတော့ ပထမဆုံး အောင်ပွဲခံနိုင်တာ ဖြစ်ပါတယ်။နောက်ဆုံးနေ့မှာ ဒေးဗစ်ဟော့ဆေးနဲ့ အိုင်ယာလန် ဂေါက်သီးသမား ဒါမီယန်မက်ဂရန်းတို့ဟာ လေးရက်ပေါင်း (၂၇၅)ချက်စီနဲ့ ရိုက်ချက်တူနေပါတယ်။ ဒါကြောင့် ကျင်းပိုထပ်ကစားမှ ဒေးဗစ်ဟော့ဆေးက အနိုင်ရ ဗိုလ်စွဲသွားတာ ဖြစ်ပါတယ်။ မက်ဂရန်းက ဒုတိယရပြီး တတိယဆုကိုတော့ စကော့တလန် ဂေါက်သီးသမား စကော့ဂျေမီဆန်က စုစုပေါင်း(၂၇၆)ချက်နဲ့ ရသွားပါတယ်။ အင်္ဂလိပ် ဂေါက်သီးသမား ဆမ်ဟတ်ဘီက (၂၇၇)ချက်နဲ့ စတုတ္ထရပြီး စကော့တလန် ဂေါက်သီးသမား ပီတာဝှိုက်ဖို့ဒ်က (၂၇၈)ချက်နဲ့ ပဉ္စမရပါတယ်

No comments:

Post a Comment

back to top