Monday, July 28, 2014

ဂျပန်နိုင်ငံမှ ရောက်ရှိလာသော Aircon တွဲများ မြို့ပတ် ရထား လိုင်းတွင် ပြေးဆွဲမည်

ရန်ကုန်မြို့ အတွင်းပြေးဆွဲလျက် ရှိသည့် Aircon မြို့ပတ်ရထား အထူးတွဲများတွင် ဂျပန်နိုင်ငံမှ ရောက်ရှိလာသော RBE ရထားတွဲဆိုင်း သစ်များကို ထပ်မံချိတ်ဆက် တပ်ဆင်၍ ပြေးဆွဲ သွားမည် ဖြစ်ကြောင်း မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ဂျပန်နိုင်ငံမှ အသစ် ရောက်ရှိလာသော RBE ရိုးရိုးရထား ၁ဝ စင်းနှင့် အထူး Aircon ရထား ၁ဝ စင်းတို့ကို မြန်မာနိုင်ငံရှိ မီးရထား သံလမ်းများ၌ ခုတ်မောင်းရာတွင် ရထားဘီးနှင့် သံလမ်း ကိုက်ညီမှု ရှိစေရန်အတွက် အင်းစိန် စက်ခေါင်းရုံ၌ ပြန်လည်ပြုပြင်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
''အခု ဂျပန်က ရောက်လာတဲ့ အထူး Aircon ရထား ၁ဝ စင်းကို မြို့ပတ်ရထား လမ်းပိုင်းမှာ ပြေးဆွဲမယ်။ ကျန်တဲ့ တွဲဆိုင်းတွေကို အဝေးပြေးမှာ ချိတ်ဆက် အသုံးပြုသွားမယ်'' ဟု မြန်မာ့ မီးရထားမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဂျပန်နိုင်ငံမှ ရောက်ရှိလာသော RBE ရိုးရိုးရထား ၁ဝ စင်းနှင့် အထူး Aircon ရထား ၁ဝ စင်း၏ ထူးခြားချက်မှာ ရထား အစင်းတိုင်းတွင် မောင်းနှင်စနစ်များ ပါဝင်ပြီး အခြားတွဲများကို ချိတ်ဆက် ပြေးဆွဲနိုင် သကဲ့သို့ ကိုယ်တိုင် တစ်စင်းချင်းဖြင့်လည်း ပြေးဆွဲနိုင်ကြောင်း သိရသည်။

No comments:

Post a Comment

back to top