Thursday, July 31, 2014

ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု ရေးသားနည်း အခြေခံ လမ်းညွှန် သင်တန်း ဖွင့်လှစ်မည်

မြန်မာနိုင်ငံ စာရေးဆရာအသင်းက ကြီးမှူး၍ ကဗျာ၊ ဆောင်းပါး၊ ဝတ္ထု ရေးသားနည်း အခြေခံ လမ်းညွှန် သင်တန်းကို စက်တင်ဘာ ၁ ရက်မှ စက်တင်ဘာ ၃ဝ ရက် အထိ တစ်လတိတိ ဖွင့်လှစ်မည် ဖြစ်ပြီး အပတ်စဉ် တနင်္လာနေ့မှ စနေနေ့ အထိ၊ မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီ အထိ သင်ကြားမည် ဖြစ်သည်။
သင်တန်း တက်ရောက်လိုသူ များသည် သင်တန်းကြေး ငွေကျပ် ၂ဝဝဝဝ ပေးသွင်းရမည် ဖြစ်ပြီး အသက် ၁၆ နှစ် ပြည့်ပြီးသူ ဖြစ်ရမည်။ သင်တန်းမှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာရမည်။ မြန်မာနိုင်ငံ စာရေးဆရာ အသင်းရုံး အမှတ် (၁၇၃/၁၇၅) (၇) လွှာ ပန်းဆိုးတန်းလမ်း (အလယ်ဘလောက်) ကျောက်တံတား မြို့နယ် ရန်ကုန်တိုင်း ဒေသကြီး ဖုန်း-ဝ၁-၂၅၂၄၁၇၊ ဝ၁-၃၈၅၂၇၃ တွင် စုံစမ်း၍ သြဂုတ် ၆ ရက်မှ ၂၅ ရက်အထိ နောက်ဆုံးထားပြီး ဓာတ်ပုံ (၃) ပုံနှင့် အတူ လျှောက်လွှာပုံစံ ဝယ်ယူ တင်သွင်း နိုင်ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ အရေအတွက် ကန့်သတ်ထားသဖြင့် လျှောက်လွှာများကို အချိန်မီ တင်သွင်းကြရန် လိုကြောင်း သိရသည်။

No comments:

Post a Comment

back to top