Tuesday, July 29, 2014

ခရီးသည် တစ်ဦး အစာအိမ် အတွင်း ထည့်သွင်း သယ်ဆောင် လာသည့် ဘိန်းဖြူထုပ် ပေါက်ပြဲ မှုကြောင့် လေယာဉ် တစ်စင်း ဝါဒီ လေဆိပ်သို့ အရေးပေါ် ဆင်းသက် ခဲ့ရ

ဘာမင်ဂမ် ခရီးသည်တစ်ဦး၏ အစာအိမ်အတွင်း ထည့်သွင်း သယ်ဆောင်လာသည့် ဘိန်းဖြူထုပ်များ ပေါက် ပြဲမှုကြောင့်ဗာဂျင်အတ္တလန်တစ် လေကြောင်းလိုင်းမှ ခရီးသည်တင် လေယာဉ်တစ်စင်းသည် အရေးပေါ် ပြန်လည် ဆင်းသက်ခဲ့ရကြောင်း သိရသည်။ ကိုးလ်မင်းစမစ်သ် အမည်ရှိ အသက် ၄၈ နှစ်အရွယ် အမျိုးသား တစ်ဦးသည် ၎င်း၏ အစာအိမ်အတွင်း၌ ဘိန်းဖြူအထုပ်ငယ် ပေါင်း ၆၁ ထုပ်ကို ထည့်သွင်း သယ်ဆောင်ကာ အန်တီဂူအာမှ လန်ဒန် ဂတ်ဝစ်ခ် လေဆိပ်သို့ပျံသန်းမည့် ဗာဂျင်အတ္တလန်တစ် လေယာဉ်နှင့် ဇူလိုင် ၂၇ ရက်က လိုက်ပါလာစဉ် ၎င်းအစာအိမ်အတွင်း ထည့်သွင်း သယ်ဆောင်လာသော ဘိန်းဖြူထုပ်ငယ်များ ပေါက်ပြဲမှုကြောင့် လေယာဉ်မှာ ဘာမြူဒါရှိ ဝါဒီလေဆိပ်သို့ အရေးပေါ်ပြန်လည် ဆင်းသက်ခဲ့ရခြင်း ဖြစ် သည်။
ထို့နောက် စမစ်သ်အား အန်တီဂူအာ တရားရုံးက ပေါင်လေးသောင်း တန်ဖိုးရှိ ဘိန်းဖြူ ၂၃၉ ဒသမ ၃၉ ဂရမ်သယ်ဆောင်မှုဖြင့် တရားစွဲဆိုခဲ့ပြီး ဒဏ်ငွေ ၄၇၁ ပေါင် ပေးစေရန် အမိန့် ချမှတ်ခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top