Monday, July 28, 2014

အလှ ဖန်တီးရှင် ရွေးချယ်ပွဲ လူနေမှုနှင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ ပြပွဲ ကျင်းပမည်

အလှဖန်တီးရှင် ရွေးချယ်ပွဲနှင့် မန္တလေးလူနေမှုနှင့် အမျိုးသမီး အသုံးအဆောင် ပစ္စည်းများ ပြပွဲကို သြဂုတ် ၁ ရက်မှ ၄ ရက်အထိ မန္တလေးတိုင်းဒေသကြီး  ချမ်းအေးသာစံမြို့နယ် ၂၆ လမ်းနှင့် ၇၁ လမ်းထောင့်ရှိ မန္တလေး မြိုတော်ခန်းမ၌ ကျင်းပမည်ဖြစ်သည်။ အဆိုပါ ပြပွဲတွင် အလှကုန်ပစ္စည်းများ၊ မီးဖိုချောင်သုံးပစ္စည်းများ၊ အဝတ်အစားနှင့် ဖက်ရှင်၊ လက်ဝတ်ရတနာပစ္စည်းများ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းနှင့် သန့်ရှင်းရေးသုံးပစ္စည်း များ၊ အမျိုးသမီး အသုံးအဆောင် ပစ္စည်းများကို ရောင်းချ ပေးသွားမည် ဖြစ်သည်။
''အလှဖန်တီးရှင် ရွေးချယ်ပွဲကို မိတ်ကပ်ဝါသနာရှင် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆ဝ ဦးခန့် ပါဝင် ယှဉ်ပြိုင်မှာပါ။ အကဲဖြတ်ဒိုင်အဖြစ် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းနှင့် အနုပညာရှင်တွေက ဆောင်ရွက်ပေးမှာ ပါ။ ပြပွဲမှာ Model Show မျက်လှည့်အစီအစဉ်၊ ဖျော်ဖြေရေး၊ ဂိမ်းကစားခြင်းများ အပါအဝင် ရေခဲသေတ္တာ၊ အဝတ်လျှော်စက် စသည့်ဆုမဲပေါင်း ၁ဝဝ ကျော်ကို  နေ့စဉ် ကံစမ်းမဲေ ဖာက်ပေးသွားမှာ ဖြစ်ပါတယ်''ဟု ပြပွဲ စီစဉ်သူ ကိုကျော်မင်းထက် က ပြောကြား သည်။

No comments:

Post a Comment

back to top