Tuesday, July 29, 2014

လမ်းမတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် ကျန်းမာရေးဌာန သွေး လွန်တုပ် ကွေးရောဂါကာ ကွယ်ရေး အသိပညာပေး ဟော ပြော

လမ်းမတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ပူးပေါင်း၍ ဇူလှိုင်လ ၂၇ နံနက်ပိုင်းတွင် အမှတ်(၄) ရပ်ကွက်ရှိ မာကျူရီစာဖတ်ဝိုင်းသင်တန်းခန်းမ၌ ခြင်ကြောင့်ဖြစ်ပွားသော ရောဂါများကာကွယ်ရေး အသိ ပညာရေးဟောပြောပွဲကို ကျင်းပရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းသန်းချစ်က အကျယ်တ၀င့် ဟောပြောဆွေးနွေးသည်။

ထို့နောက် လမ်းမတော်မြို့နယ် အမှတ်(၄) ရပ်ကွက်အတွင်းရှိ အထက(၂) လမ်းမတော်၊ အမက(၅) လမ်းမတော် ကျောင်းများသို့လည်းကောင်း၊ လမ်းသစ်လမ်း၊ ၉ လမ်း၊ ၁၀ လမ်း၊ လှည်းတန်းလမ်းများသို့လည်းကောင်း ခြင်ဆေး မှုတ်ခြင်းများ ဆောင်ရွက်ခြင်းများ ဆောင်ရွက်ရာ လမ်းမတော်မြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူးနှင့် မြို့နယ် ကော်မတီဝင်များ၊ ရပ်ကွက်စည်းရုံးရေးမှူးများ၊ လမ်းမတော်မြို့နယ်အမှတ်(၁) မဲဆန္ဒနယ် တိုင်းဒေသကြီးလွှတ် တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦးနှင့် ရပ်မိရပ်ဖများ စုစုပေါင်းအင်အား ၅၀ တက်ရောက်ကြောင်း သိရသည်။

No comments:

Post a Comment

back to top