Thursday, July 31, 2014

မြေအောက် ရေပိုက်လိုင်း တစ်ခု ကျိုးပေါက်မှုကြောင့် ကယ်လီဖိုးနီးယား တက္ကသိုလ် ရေလွှမ်းမိုးမှုဖြစ်ပွား

အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ရှိ မြေအောက်ပင်မ ရေပိုက်လိုင်းတစ်ခု ကျိုးပေါက်ခဲ့ရာ ကယ်လီဖိုးနီးယား တက္ကသိုလ် တွင် ရေလွှမ်းမိုးမှုဖြစ် ပွားခဲ့ကြောင်း၎င်းမြို့ရှိ ဒေသခံများက ပြောကြား ခဲ့သည်။ ယင်းရေပိုက်လိုင်း ကျိုးပေါက်မှုသည် ဇူလိုင် ၂၉ ရက်မွန်းလွဲပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ပိုက်လိုင်း ကျိုးပေါက်မှုကြောင့် ရေများပန်း ထွက်လာကာ လမ်းပေါ်တွင် ၁ဝပေ (၃ မီတာ) အကျယ်ရှိသော တွင်းတစ်ခု ဖြစ်ပေါ်ခဲ့ကြောင်း၊ ထို့ပြင် ဒေသတွင်းရှိ လမ်းမများနှင့် မြေအောက် ယာဉ်ရပ်နား စခန်းများတွင် ရေလွှမ်းမိုးမှုများ ဖြစ်ပွားခဲ့ကြောင်း ၎င်းတို့ကဆက်လက်ပြောကြားခဲ့သည်။
အဆိုပါ  မြေအောက်ပင်မ ရေပိုက်လိုင်းကို  ၁၉၂၁  ခုနှစ်က  ပြုလုပ်ခဲ့ပြီး ပိုက်လိုင်း ကျိုးပေါက်မှုကြောင့် ဆန်ဖာနန်ဒိုဗယ်လီ ဒေသ ရှိ ရေသိုလှောင် ကန်မှ ရေများသည် လော့စ်အိန်ဂျလိစ်မြို့သို့ ဖုံးလွှမ်းသွားခဲ့ကြောင်း၊ သို့သော် ဇူလိုင် ၂၉ ရက်ညနေပိုင်းတွင် ပိုက်လိုင်းကို ပိတ်ဆို့နိုင် ခဲ့ကြောင်း လော့စ်အိန်ဂျလိစ်မြို့ရှိ ရေနှင့် စွမ်းအင် အရင်းအမြစ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူ မိုက်ကယ်လ်ဗားဂတ်စ် က ပြောကြား ခဲ့သည်။  

No comments:

Post a Comment

back to top