Monday, July 28, 2014

ဒရော့ဂ်ဘာကို (၁)နှစ်စာချုပ်နဲ့ ချဲလ်ဆီး ပြန်လည် ခေါ်ယူ 


ချဲလ်ဆီးအသင်းဟာ ၀ါရင့်တိုက်စစ်မှူး ဒရော့ဂ်ဘာကို တစ်နှစ်စာချုပ်နဲ့ သောကြာနေ့က ပြန်ခေါ်လိုက်ပါတယ်။ ၂၀၀၄ ခုနှစ်က မာဆေးကနေ ချဲလ်ဆီးကို ပြောင်းခဲ့တဲ့ ဒရော့ဂ်ဘာဟာ ချဲလ်ဆီးအသင်းမှာ (၈)ရာသီကြာ ကစားခဲ့ပြီး ၂၀၁၂ခုနှစ်က ချန်ပီယံလိဂ်ဖလား ယူပြီးနောက် လန်ဒန်ကလပ်နဲ့ လမ်းခွဲခဲ့ပါတယ်။ အခုအခါ သူ့အသက်(၃၆)နှစ် ရှိပြီဖြစ်ပေမယ့် ချဲလ်ဆီးနည်းပြ မော်ရင်ဟိုကတော့ ဒရော့ဂ်ဘာဟာ ဥရောပအကောင်းဆုံး တိုက်စစ်မှူးတစ်ဦးအဖြစ် ယုံကြည်ထားပါတယ်။ ဒရော့ဂ်ဘာကလည်း မော်ရင်ဟိုနဲ့အတူ ပြန်တွဲရမယ့်အတွက် ပျော်နေပါတယ်။ သူက’’ ချဲလ်ဆီး နဲ့စာချုပ်ဖို့ကို အရမ်းစဉ်းစားစရာ မလိုပါဘူး။ ဟိုဆေးနဲ့ အလုပ်ပြန်တွဲ လုပ်ရမယ့် အခွင့်အရေးကိုလည်း ကျွန်တော် လက်လွှတ်မခံချင်ပါဘူး။ ချဲလ်ဆီးနဲ့ ကျွန်တော့်အကြား ဆက်ဆံရေးကောင်းတွေ ရှိတာကိုလည်း ပရိသတ်တိုင်းအသိပါ။ ချဲလ်ဆီးဟာ အမြဲတမ်း ကျွန်တော့်အိမ်လိုပါပဲ’’လို့ ပြောပါတယ်။

No comments:

Post a Comment

back to top