Monday, July 28, 2014

 ဂျူးစံသာနေရာတွင် အစားထိုးရန် မသေချာသေးဟုဆို



 သရဖူအသိမ်းခံရသော အလှမယ်ဂျူးစံသာနေရာတွင် အလှမယ်သစ်တစ်ဦး    ထပ်မံ အစားထိုးပြီး   Miss   Globe International ပြိုင်ပွဲသို့စေလွှတ် ရန် မသေချာသေးကြောင်း Miss Globe Myanmar မှ ဒေါ်လှနု ထွန်းက ပြောသည်။
‘‘လှနုပို့ဖြစ်ချင်မှလည်းပို့ဖြစ် တော့မယ်။ ဘာဖြစ်လို့လဲဆိုတော့ လှနုတို့ဘက်က ပွဲလည်းလုပ်ခဲ့ တယ်။ ထရိန်နင်တွေလည်း ပေးခဲ့ တယ်လေ။ ဒါပေမဲ့ ရလဒ်ကောင်း ကထွက်မလာဘူး။ ကိုယ့်လူက မလိမ်မာတဲ့အခါကျတော့ ဘာမှ လုပ်လို့မရဘူးရှင့်။ လှနုလည်း တော်တော်စိတ်ပျက်နေတယ်။ အဲဒါကြောင့်မို့ နောက်လူကို ပို့ဖြစ်မယ်၊ မပို့ဖြစ်ဘူးဆိုတာ မဆုံးဖြတ်ရသေးပါဘူး’’ဟု ၎င်း က ပြောသည်။ အလှမယ်ဂျူးစံသာနှင့် ပြန် လည်ဆွေးနွေးရန်မှာမူ အစီအစဉ် လုံးဝမရှိတော့ကြောင်း ဒေါ်လှနု ထွန်းက ပြော သည်။
 အလှမယ် ဂျူးစံသာထံမှ သရဖူသိမ်းလိုက်ပြီး ပြိုင်ပွဲသို့ မလွှတ်ရန်    Miss   Globe International Organization နှင့် သဘောတူညီမှုရယူထားပြီး နောက်ထပ်စေလွှတ်မည့် အလှ မယ်၏ အရပ်သည် ၁၇၃ စင်တီမီတာ (၅ ပေ ၈ လက်မ)အနည်းဆုံးရှိရမည်ဟု ၎င်းတို့ ဘက်မှ တောင်း ဆို ထားကြောင်း ဒေါ်လှနု ထွန်းက ဆက်လက်ပြော သည်။
စည်းကမ်းမလိုက်နာသော ကြောင့် အလှမယ်ဂျူးစံသာထံမှ  သရဖူသိမ်းလိုက်ကြောင်း ဇူလိုင် ၂၄ ရက်တွင် ဖေ့စ်ဘွတ်ခ်မှတစ် ဆင့်ကြေညာခဲ့ပြီး နောက်တစ် ရက်တွင် ဂျူးစံသာဘက်မှ သတင်း စာရှင်း လင်းပွဲပြုလုပ်ကာ  ပြန်လည်ရှင်းလင်းခဲ့သော်လည်း ဂျူးစံသာသည် ဩဂုတ်လအတွင်း အဇာဘိုင် ဂျန်နိုင်ငံ ၌ ပြုလုပ်မည့် Miss Globe International 2014 ပြိုင်ပွဲသို့ သွားရောက်ယှဉ် ပြိုင်ခွင့်မရရှိတော့ပေ။ မတ်လက    ကရဝိက်နန်း တော်၌ ပြုလုပ်ခဲ့သော Miss Globe Myanmar 2014 ပြိုင်ပွဲ တွင်    မြန်မာနိုင်ငံ ကိုယ်စားပြု အလှမယ်အဖြစ်     စေလွှတ်ရန် ဂျူးစံသာအား ရွေးချယ်ခဲ့ခြင်းဖြစ် သည်။

No comments:

Post a Comment

back to top