Thursday, July 31, 2014

မကွေးမြို့၌ Miss Golden Land Myanmar ပြိုင်ပွဲဝင် အလှမယ်များ စုပေါင်း သန့်ရှင်းရေး ပရဟိတ ဆောင်ရွက်

မကွေးတိုင်း ဒေသကြီး မကွေးမြို့သို့ လေ့လာရေး ခရီးစဉ်အဖြစ် ရောက်ရှိနေသော Miss  Golden  Land Myanmar ပြိုင်ပွဲဝင် အလှမယ် ၂၅ ဦး ပါဝင်သည့် အဖွဲ့ဝင် ၄ဝ တို့သည်  မကွေးမြို့နယ်စည်ပင် သာယာရေး ကော်မတီမှ ဝန်ထမ်း ၆ဝ နှင့် ပူးပေါင်း၍ ပတ်ဝန်းကျင် သန့်ရှင်းရေး ပရဟိတ လုပ်ငန်း အဖြစ်   ဇူလိုင် ၂၈ ရက် မွန်းလွဲ ၁ နာရီခွဲမှ စ၍ မကွေးမြို့ မြို့မ အိုးဘိုရပ်ကွက်၊ ကမ်းနားလမ်းနှင့် မဲထီး လမ်းထောင့်ရှိ မြဧရာ ပန်းခြံအနီးမှ ကမ်းနားလမ်း တစ်လျှောက် စုပေါင်း အမှိုက်ကောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သန့်ရှင်းရေး လုပ်ငန်း ဆောင်ရွက်ခြင်းကို မကွေးမြို့နယ် စည်ပင်သာယာရေး ကော်မတီ အတွင်းရေးမှူး ဦးနေမျိုးနိုင်နှင့် ကော်မတီဝင် ဦးကျော်ဝင်းတို့က ကြီးကြပ် ဆောင်ရွက်ခဲ့သည်။  အဆိုပါ အဖွဲ့သည် Miss Golden Land Organization ၏ အစီအစဉ်ဖြင့် ဗိဿနိုး မြို့ဟောင်းကို အထူး လေ့လာရေး ခရီးစဉ် အဖြစ် ရောက်ရှိလာခြင်း ဖြစ်ပြီး မကွေးမြို့မှ တစ်ဆင့်  မင်းဘူး  စက္ကိန်းတဲဘုရား၊ ရွှေစက်တော်နှင့် နတ်မောက်မြို့ရှိ  ဗိုလ်ချုပ်နေအိမ်သို့  ဆက်လက် သွားရောက်မည် ဖြစ်သည်။ ခရီးစဉ် တစ်လျှောက်ရှိ  လိုအပ်သည့် နေရာများ၌ ပရဟိတလုပ်ငန်းများ ဆောင်ရွက် လုပ်ကိုင် သွားမည် ဖြစ်ကြောင်း  ခေါင်းဆောင် အလှမယ် တစ်ဦးက  ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top