Wednesday, July 30, 2014

ဝင်ဘယ်လ်ဒန် ပြိုင်ပွဲက ရှုံးနိမ့်မှုကို မေ့ပျောက်နိုင်ခဲ့ပြီလို့ ဆရီနာဝီလျံ ပြော

 
အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံက၂၀၁၄၀င်ဘယ်လ်ဒန် ဖလားပြိုင်ပွဲမှာ အရှက်တကွဲ ရှုံးနိမ့်ရမှုကို မေ့ပျောက်နိုင်ခဲ့ပြီး စိတ်သစ်နဲ့ ပျော်ရွှင်နေပြီလို့ ပြောကြားလိုက်ပါတယ်။

ကမ္ဘာ့အဆင့်(၁) တင်းနစ်မယ် ဆရီနာဝီလျံဟာ ၀င်ဘယ်လ်ဒန် ဖလားကို (၅)ကြိမ်ထိ ရယူထားနိုင်ခဲ့ပေမယ့် ၂၀၁၄ပြိုင်ပွဲမှာတော့ နိုင်ခြေအဆင့် (၂၅)သာရှိတဲ့ ပြင်သစ်တင်းနစ်မယ် အလစ်ဇီကောနက်ကို တတိယအဆင့်မှာတင် မထင်မှတ်ပဲ ရှုံးနိမ့်ပြီး ပြိုင်ပွဲက ထွက်ခဲ့ရတာ ဖြစ်ပါတယ်။ဒါကြောင့်လည်း ဆရီနာဟာ စိတ်ဓာတ် အကြီးအကျယ် ကျခဲ့ပြီး ပရိသတ်မြင်ကွင်းကနေ အတော်ကြာ ပျောက်ကွယ်သွားခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ အားလုံးကို မေ့ပျောက်ပြီး ပြိုင်ပွဲတွေ ပြန်လည် ယှဉ်ပြိုင်ဖို့ အသင့်ဖြစ်နေပြီလို့ ဆရီနာက ဆိုပါတယ်။ ”၀င်ဘယ်လ်ဒန်ပြိုင်ပွဲ ပြီးတဲ့နောက် အိမ်ပြင်မထွက်ပဲ ရက်အတော်ကြာ နေခဲ့ပါတယ်။ စိတ်ပျက်လက်ပျက်နဲ့ပေါ့။ဒါပေမယ့် ဖြစ်ပြီးသွားတဲ့ အရာတွေက ပြန်ပြင်လို့ မရတော့ပါဘူး။ခုချိန်မှာတော့ စိတ်သစ်နဲ့ အရာအားလုံးကို ပြန်ရင်ဆိုင်တော့မှာပါ။ ပြိုင်ပွဲတွေ ပြန်ကစားဖို့ အသင့်ဖြစ်နေပြီး စိတ်ထဲမှာလည်း ပျော်ရွှင်နေပါတယ်”လို့ ဆရီနာက ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

back to top