Monday, July 28, 2014

စကြဝဠာကြီး၏ လျှို့ဝှက် ချက်ကို ပိုမို ဖော်ထုတ် ပေးမည့် ကမ္ဘာ့ အား အကောင်းဆုံး အဝေးကြည့် မှန်ပြောင်း နာဆာ တည်ဆောက်
၂ဝ၁၈ ခုနှစ်တွင် နာဆာ၏ James Webb Space Telescope (JWST)  အစီအစဉ်မှ သာလွန်ကောင်းမွန် သည့် အာကာသ အဝေးကြည့်မှန်ပြောင်း   Atlast သည် ကျွန်ုပ်တို့အနေဖြင့် စကြဝဠာကြီး အကြောင်းကို ပိုမို သိရှိနိုင်ရန်အတွက်ကူညီပေးနိုင်တော့မည် ဖြစ်သည်။ နာဆာသည် ယခင်ကတည်းကပင် စကြဝဠာကြီး အတွင်းရှိ အခြားဂြိုဟ်များတွင် ဂြိုဟ်သားများရှိနိုင်၊ မရှိနိုင်ကို လေ့လာစူးစမ်းမှုများ စတင်ပြုလုပ်ခဲ့ပြီး ဖြစ် သည်။ သို့သော် ယခင်ရှိခဲ့ပြီးသော  အဝေးကြည့် မှန်ပြောင်းများထက် အဆပေါင်းများစွာ သာလွန်ကောင်းမွန် သည့် အဝေးကြည့်မှန်ပြောင်း တစ်လက်ကို တည်ဆောက်နိုင်ရန်အတွက် မယ်ရီလန်းပြည်နယ် ဂရင်းဘဲ့လ်တ် ရှိ ဂေါ့ဒ်ဒါ့ဒ် အာကာသယာဉ် စင်တာတွင်  သိပ္ပံပညာရှင်များနှင့် အင်ဂျင်နီယာများ ပါဝင်သောအဖွဲ့ တစ်ဖွဲ့ သည် သိပ္ပံပညာရပ် ဆိုင်ရာများနှင့် နည်းပညာ လိုအပ်ချက်များအပြင် ကုန်ကျစရိတ်များကို လေ့လာတွက် ချက်လျက် ရှိနေပြီ ဖြစ်သည်။

ယခု တည်ဆောက်မည့်  Atlast အဝေးကြည့် မှန်ပြောင်းသည် အလင်းနှစ် ၁ဝ သန်းကျော်ရှိ ဂလက်ဇီများ အတွင်းမှ ကြယ်စုများအကြောင်းကို အသေးစိတ် လေ့လာပေးနိုင်မည် ဖြစ်သည်။ နာဆာသည် ရည်ရွယ်ချက် ကြီး သုံးခုအတွက် နှစ် ၃ဝ စီမံကိန်းထားရှိကာ အဝေးကြည့် မှန်ပြောင်းများကို ထုတ်လုပ်လျက် ရှိသည်။ အဆိုပါ ရည်ရွယ်ချက်ကြီး သုံးခုမှာ ဤစကြဝဠာကြီး အတွင်းတွင် ကျွန်ုပ်တို့၏ ကမ္ဘာဂြိုဟ်မှာသာလျှင် သက်ရှိ များရှိသလော၊ ကျွန်ုပ်တို့ ဤကမ္ဘာဂြိုဟ်ပေါ် မည်ကဲ့သို့ ရောက်ရှိလာသနည်းနှင့် စကြဝဠာကြီးသည် မည်ကဲ့ သို့  လှုပ်ရှား ဆောင်ရွက်နေသနည်း စသည်တို့ ဖြစ်ကြောင်း သိရသည်။


No comments:

Post a Comment

back to top