Thursday, July 31, 2014

မြန်မာနိုင်ငံ၌ မွေးဖွားမှု မှတ်ပုံ မတင်ရသေးသည့် ကလေးများအား Mobile မှတ်ပုံတင်ခြင်း အစီအစဉ် UNICEF က ပံ့ပိုး ကူညီမည်

မြန်မာနိုင်ငံ၌ မွေးဖွားမှု မှတ်ပုံမတင် ရသေးသည့် ကလေးများအား    Mobile မှတ်ပုံတင်ခြင်း အစီအစဉ်ကို UNICEF က ပံ့ပိုးကူညီမည် ဖြစ်ကြောင်းသိရသည်။
မတ် ၃ဝ ရက်မှ ဧပြီ ၁ဝရက်အထိပြည်လုံးကျွတ် သန်းခေါင် စာရင်းကောက်ယူခဲ့ပြီးဖြစ်ရာ  မကြာမီရှေ့ပြေး လူဦးရေစာရင်းကို ထုတ်ပြန်နိုင်တော့မည်ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ သိရသည်။
ထို့အပြင် ပြည်လုံးကျွတ် သန်းခေါင်စာရင်းကို ထပ်မံကောက်ယူရန် နောင် ၁ဝ နှစ်ကြာ မြင့်မည် ဖြစ်သည့် အတွက် ယင်း ၁ဝ နှစ် အတွင်း လူဦးရေ စာရင်းတိကျ မှန်ကန်ရေး အတွက် ဖွား၊  သေစာရင်းမှန်ကန်စွာ ရရှိရေးသည်အဓိက ကျ သည်ဖြစ်ရာ မွေးဖွားမှု  မှတ်ပုံ မတင်ရသေးသည့် ကလေး များအား Mobile  မှတ်ပုံတင်ခြင်း အစီအစဉ်ကိုလာမည့်  အောက်တိုဘာလတွင် စတင်သွားမည် ဖြစ်ကြောင်း သိရသည်။
ထိုကဲ့သို့ မွေးဖွားမှု မှတ်ပုံမတင်ရသေးသည့် ကလေးများအား Mobile မှတ်ပုံတင်ခြင်း  အစီအစဉ်ကို  မကွေးတိုင်း ဒေသကြီး၊ မွန်ပြည်နယ်နှင့် ချင်းပြည်နယ် တို့၌ ကနဦး စတင်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ UNICEF ၏  ထုတ်ပြန်ချက်အရ အသက်ငါးနှစ်အောက်  တရားဝင် မွေးစာရင်း ရှိသူများမှာ  ကမ္ဘာတစ်ဝန်းပျမ်းမျှ   ၆၅  ရာခိုင်နှုန်းရှိသော်လည်း    မြန်မာနိုင်ငံ အနေဖြင့် ၇၂ ဒသမ ၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top