Monday, July 28, 2014

အနုပညာ သက်တမ်း ၅ နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ဂီတဗီဒီယို ၅ ပုဒ် ဖြန့်ချိနိုင်ရန် 4 Minute အဖွဲ့ စီစဉ် 

ဟွမ်အေ၊ ဂါယွန်း၊ ဂျီဟွမ်၊ ဂျီယွန်းနှင့်ဆိုဟွမ်  အစရှိသည့် မိန်းမချော ငါးဦးဖြင့် ဖွဲ့စည်း ထားသော 4 Minute ဂီတအဖွဲ့သည် တောင်ကိုရီးယား နိုင်ငံ၏ ဂီတ လောကတွင် ဂီတ လုပ်ငန်း များကိုဆယ်စုနှစ် တစ်ဝက်နီးပါး လုပ်ကိုင် နိုင်ခဲ့ပြီး ၎င်းတို့အဖွဲ့၏ အနုပညာ သက်တမ်း ၅ နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ပရိသတ် အနှစ်သက်ဆုံး ဂီတဗီဒီယို ၅ ပုဒ်ကို  တစ်စု တစ်စည်းတည်း ပရိသတ်ထံ ပေးပို့နိုင်ရန်  စီစဉ်လျက်ရှိသည်။
ပြီးခဲ့သည့် လက 4 Minute အဖွဲ့သည် အနုပညာ သက်တမ်း ၅ နှစ်ပြည့် အထိမ်းအမှတ် အခမ်း အနားကို ကျင်းပခဲ့ပြီး ပရိသတ်များအား ကျေးဇူးဆပ်သည့် အနေဖြင့် Thank You တေးဂီတ ဗီဒီယိုကို ဖြန့်ချိခဲ့သည်။ 4 Minute အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဟွမ်အေ၏ Red တေးအယ်လ်ဘမ် ကိုလည်း ယခုနှစ်ကုန်ပိုင်း တွင်ဖြန့်ချိသွားမည်ဖြစ်သည်။
၅ နှစ်ဟူသော အချိန်ကာလသည် တောင်ကိုရီးယား ဂီတအဖွဲ့များ အတွက် အောင်မြင်မှု မှေးမှိန် နိုင်သည့် အချိန် ဖြစ်သော်လည်း 4 Minute အဖွဲ့သည်  ယခင်ကထက် ပို၍ အောင်မြင် မှုများ ရရှိနေဆဲ ဖြစ်သည်။ ၎င်းအဖွဲ့၏ What's Your Name ? တေးသီချင်းသည် K Pop လောက၏ လူကြိုက် အများဆုံး တေးသီချင်း ၁ဝဝ စာရင်းတွင် နံပါတ်တစ် နေရာ ရရှိခဲ့ပြီး ၎င်းစာရင်းတွင် သုံးကြိမ် တိတိ နံပါတ်တစ် နေရာ ရရှိခဲ့သည်။
ထို့ပြင် K Pop အဖွဲ့၏ ဂီတ ဗီဒီယိုများမှာ YouTube ဝက်ဘ်ဆိုက်တွင် ကြည့်ရှုသူ အရေ အတွက် ဘီလီယံ သုံးပုံ တစ်ပုံကျော် ရှိကြောင်း သိရသည်။

No comments:

Post a Comment

back to top