Wednesday, July 30, 2014

ပြည်သူ့ပါတီမဟာဗျူဟာဖောင်ဆောင်ရေးဆင့်ပွားသင်တန်း ကျောက်ကြီးမြိ့နယ်တွင်ဖွင့်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်သူ့ပါတီ မဟာဗျူဟာဖော်ဆောင်ရေးဆင့်ပွားသင်တန်း(၁/၂၀၁၄) ဖွင့်ပွဲအခမ်းအနားကို ယခုလ ၂၁ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခန်းမ၌ ကျင်းပရာ အခမ်းအနားသို့ တောင်ငူခရိုင် ပါတီတွဲဖက် အတွင်းရေးမှူး ဦးဝင်းဌေး၊ ခရိုင်ကော်မတီဝင် ကျောက်ကြီးမြို့နယ် တာဝန်ခံ ဦးသန်းဇော်၊ ခရိုင်ကော်မတီ ဦးသက်ဦး၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ အုတ်တွင်းမြို့နယ်ပါတီအတွင်းရေးမှူး ဦးသန်းထိုက်၊ ကျောက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီအတွင်းရေးမှူး ဦးလှဘုန်းနှင့် မြို့နယ်ပါတီကော်မတီဝင်များ၊ ကျောက်ကြီး မြို့နယ် ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၄၁ အုပ်စုမှ ပါတီစည်းရုံးရေးမှူးများနှင့် လူငယ်ခေါင်းဆောင် သင်တန်းသား သင်တန်းသူ ၈၂ ဦးတက်ရောက်ကြသည်။

ဖွင့်ပွဲအခမ်းအနားတွင် သင်တန်းဦးစီးကော်မတီနာယက တောင်ငူခရိုင်ပါတီတွဲဖက်အတွင်းရေးမှူး ဦးဝင်းဌေးက အဖွင့်အမှာစကားပြောကြားပြီး သင်တန်းဦးစီးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်ပါတီအတွင်းရေးမှူး ဦးလှဘုန်းက သင်တန်း ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားကြသည်။ သင်တန်းသို့ နည်းပြဆရာဆရာမရှစ်ဦးက သင်တန်း သားသင်တန်းသူများကို နှစ်ရက်ကြာပို့ချခဲ့ကြောင်း သိရသည်။

No comments:

Post a Comment

back to top