Thursday, July 31, 2014

အာဂျင်တီးနား နည်းပြတာဝန်က ဆဘယ်လာ နှုတ်ထွက် 


အာဂျင်တီးနား အသင်းကို နှစ်ပေါင်း(၂၀)အတွင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာ့ဖလား ဗိုလ်လုပွဲရောင်အောင် ဦးဆောင် နည်းပြနိုင်ခဲ့တဲ့ နည်းပြ ဆဘယ်လာဟာ အင်္ဂါနေ့က တာဝန်ကနေ နှုတ်ထွက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ သတင်းတွေအရ သူ့နေရာကို ဘာစီလိုနာနည်းပြဟောင်း မာတီနိုနဲ့ အစားထိုး ခန့်အပ်ဖွယ် ရှိနေပါတယ်။ ဆဘယ်လာရဲ့ နှုတ်ထွက်လွှာကို အာဂျင်တီးနား ဘောလုံးအဖွဲ့ချုပ်က အတည်ပြု ထုတ်ပြန်ကြေငြာခြင်း မရှိသေးပါဘူး။ ဒါပေမယ့် စက်တင်ဘာလထဲ ဂျာမနီအသင်းနဲ့ ခြေစမ်းပွဲ ကစားဖို့ရှိလို့ အဲ့ဒီပွဲမတိုင်ခင် နည်းပြသစ်ကို အမြန်ခန့်အပ်ရဖို့တော့ ရှိနေပါတယ်။ ဆဘယ်လဟာ အာဂျင်နီးနား လက်ရွေးစင် အသင်းနည်းပြအဖြစ် ၂၀၁၁ခုနှစ် သြဂုတ်လက စတင်တာဝန်ယူခဲ့ပြီး (၃)နှစ်တာအတွင်း မျှော်လင့်တာထက် ပိုအောင်မြင်အောင် ဦးဆောင်နည်းပြ နိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အာဂျင်တီးနား အသင်းကို ဘာကြောင့် ဆက်လက် တာဝန်မယူချင်တဲ့ အကြောင်းအရင်းကိုတော့ ထုတ်မပြောသေးပါဘူး။

No comments:

Post a Comment

back to top