Tuesday, July 29, 2014

ဒဂုံမြို့သစ်(အရှေ့ပိုင်း) အမှတ်(၁၃) ရပ်ကွက် ပြည်ခိုင်ဖြိုးပါတီ ရုံးဖွင့်၊ ပါတီဆိုင်းဘုတ်တင်

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်အမှတ်(၁၃) ရပ်ကွက်ပါတီရုံးဖွင့်ပွဲနှင့် ပါတီဆိုင်းဘုတ်တင်ပွဲအခမ်းအနားကို ယခုလ ၂၇ ရက် နံနက်ပိုင်းက ရပ်ကွက်ပါတီရုံးတည်ရှိရာနေရာ ဆည်းတော် လမ်း မြေကွက်အမှတ် (၄၄၄) တွင်ကျင်းပခဲ့ကြောင်း သိရသည်။
အစီအစဉ်အရ ရပ်ကွက်ပါတီရုံးဖွင့်ပွဲနှင့် ဆိုင်းဘုတ်တင်မင်္ဂလာကို ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သူ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ထူး၊ မြို့နယ်တွဲဖက်ပါတီအတွင်းရေးမှူး ဦးလှမျိုးတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ပါတီဆိုင်းဘတ်ုနှင့် ရုံးကို သပြေခက်နှင့် မင်္ဂလာနံ့သာရည်များ ဖျန်းပက်ပေးကြသည်။
ထို့နောက် ဒေသဖွံ့ဖြိုးရေးနှင့် စည်းရုံးရေးဆိုင်ရာလုပ်ငန်းများတွင် အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် ရပ်ကွက် အမာခံပါတီဝင် ဦးကျော်ထွန်းမိသားစုက ငွေကျပ်တစ်သိန်း ပေးအပ်လှူဒါန်းရာရပ်ကွက် ပါတီအဖွဲ့ခေါင်းဆောင် ဦးသိန်းအောင်က လက်ခံရယူသည်။

အခမ်းအနားသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ ရပ်ကွက်နှင့် ကျေးရွာများမှ အဖွဲ့ခေါင်းဆောင်နှင့် ကော်မတီဝင်များ၊ မိတ်ဖက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ စုစုပေါင်းအင်အား ၁၂၀ တက်ရောက်ကြသည်။

No comments:

Post a Comment

back to top