Tuesday, July 29, 2014

စီနီယာအိုးပင်း ချန်ပီယံဆုကို ဘန်းဟတ်လန်းဂါး ရရှိ  


ဗြိတိန်စီနီယာအိုးပင်း ဂေါက်သီးရိုက်ပြိုင်ပွဲကို ယူနိုက်တက်ကင်းဒင်းရဲ့ နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ ဝေးလ်မှာ တနင်္ဂနွေနေ့က ကျင်းပပြီးစီးပါတယ်။ အဲဒီပြိုင်ပွဲမှာ လေးရက်လုံး တောက်လျှောက် ဦးဆောင်ခဲ့တဲ့ ဂျာမနီဂေါက်သီးသမားကြီး ဘန်းဟတ်လန်ဂါက ချန်ပီယံဆု ရသွားပါတယ်။
သူကပထမနေ့မှာ (၆၅)ချက်၊ ဒုတိယနေ့မှာ(၆၆)ချက်၊ တတိယနေ့မှာ (၆၈)ချက်နဲ့ နောက်ဆုံ့းနေ့မှာ (၆၇)ချက်ရိုက်ပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။ သူ့ရဲ့စုစုပေါင်းရိုက်ချက် (၂၆၆)ချက်ကလည်း သတ်မှတ်စုစုပေါင်း ရိုက်ချက်ထက် (၁၈)ချက်လျော့ဖြစ်လို့ ဒီပြိုင်ပွဲသမိုင်းမှာ ရိုက်ချက် အနည်းဆုံး စံချိန်သစ်နဲ့ အောင်ပွဲခံသွားတာ ဖြစ်ပါတယ်။ အသက်(၅၆)နှစ်ရှိ လန်ဂါဟာ(၂၀၁၀) ပြည့်နှစ်က ဒီစီနီယာအိုးပင်း ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့လို့ အခုဒုတိယအကြိမ် အောင်ပွဲရတာ ဖြစ်ပါတယ်။ သူ့ရဲ့ ပရော်ဖက်ရှင်နယ် သက်တမ်း တစ်လျှောက်မှာတော့ ဒီချန်ပီယံဆုဟာ (၉၄)ခုမြောက်ရတဲ့ဆု ဖြစ်ပါတယ်။ ဒုတိယဆုကိုတော့ စကော့တလန် ဂေါက်သီးသမားကြီး ကောလင်းမောင့်ဂိုမာရီက (၂၇၉)ချက်နဲ့ ရပါတယ်။ တတိယနေရာမှာတော့ ကနေဒါ ဂေါက်သီးသမားကြီး ရစ်ဂစ်ဘွန်၊ အင်္ဂလိပ် ဂေါက်သီးသမားကြီး ဘာရိလိန်းနဲ့ အမေရိကန် ဂေါက်သီးသမားကြီး တွမ်ပါနစ်ဂျူနီယာတို့က (၂၈၂)ချက်စီနဲ့ ပူးတွဲ ရပ်တည်သွားပါတယ်။

No comments:

Post a Comment

back to top