Thursday, July 31, 2014

နီနီဝင်းရွှေနဲ့ သီချင်းအတူဆိုမယ့် မိုးစက်ဝိုင်

သြဂုတ်တွင်ပြုလုပ်မည့် အဆိုတော်နီနီဝင်းရွှေ၏ တစ် ကိုယ်တော်ဖျော်ဖြေပွဲတွင် သီချင်း ဆိုရန်အတွက် သီချင်းများတိုက် နေပြီဟု မိုးစက်ဝိုင်ကပြောသည်။‘‘အန်တီနီနီက မိုးစက်ကို သီ ချင်းရွေးပေးပါတယ်။ အန်တီနီနီ နဲ့ တွဲဆိုရမှာတစ်ပုဒ်၊ တစ်ယောက် တည်းဆိုမှာ တစ်ပုဒ်။ သီချင်းနာ မည်တွေကို အခုတော့ မပြောပြ ချင်သေးဘူး။ ဖျော်ဖြေပွဲကျမှပဲသိ စေချင်တယ်။ ဒါပေမဲ့ ကိုကိုနဲ့ပတ် သက်တဲ့သီချင်းဖြစ်မယ်’’ဟု မိုး စက်ဝိုင်ကပြောသည်။
အဆိုတော်နီနီဝင်းရွှေနှင့် မိ သားစုချင်းရင်းနှီးသဖြင့် ပါဝင်သီ ဆိုခြင်းဖြစ်ပြီး ယခုရက်ပိုင်းတွင် နီနီဝင်းရွှေနှင့် အတူသီချင်းများ တိုက်နေသည်ဟု ၎င်းကပြော သည်။ ‘‘ဒီရက်ထဲမှာတော့ အန်တီ နီနီနဲ့ နှစ်ယောက် အတူဆိုမယ့်သီ ချင်းကို တိုက်ဖြစ်တယ်။ မိုးစက် ဆိုမယ့်သီချင်း ကိုတော့ အန်တီနီ နီက သင်ပြပေး တယ်။ နောက်ပြီး Recordingနားထောင်ပြီးတာ့စာ သားမမေ့အောင်လေ့ ကျင့်နေ တယ်’’ဟု မိုးစက်ဝိုင် ကပြော သည်။ သြဂုတ်လဆန်းတွင် ကြော်ငြာတစ်ခုရိုက်ရန်လက်ခံထား ပြီး ဇာတ်လမ်းတွဲတစ်ခု၌   ပါဝင် ရိုက်ကူး ရန်    ဆွေးနွေးနေသည် ဟု ဆိုသည်။ အဆိုတော်နီနီဝင်းရွှေ၏ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို သြ ဂုတ် ၁၅ရက်တွင် ပြုလုပ် မည်ဖြစ် ပြီး အခြားအဆိုတော်များလည်း ပါဝင်မည်ဟု ယင်းဖျော်ဖြေပွဲကို စီစဉ်သည့် ဦးပီးပေါ်ကပြော သည်။

 

No comments:

Post a Comment

back to top