Monday, July 28, 2014

Girl's Generation အဖွဲ့၏ THE BEST တေးအယ်လ်ဘမ် ဂျပန်နိုင်ငံ၏ Oricon Daily စာရင်းတွင် နံပါတ်တစ် နေရာ သုံးရက် ဆက်တိုက်ရရှိ 

Girl's Generation အဖွဲ့၏ THE BEST တေးအယ်လ်ဘမ်သည် ဂျပန်နိုင်ငံ၏ Oricon Daily ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ် စာရင်းတွင်နံပါတ်တစ် နေရာကို သုံးရက် ဆက်တိုက် ရရှိခဲ့ကြောင်း သိရသည်။
THE BEST တေးအယ်လ်ဘမ်ကို ဇူလိုင် ၂၃ ရက်တွင် စတင်ဖြန့်ချိခဲ့ပြီး စတင် ရောင်းချသည့် နေ့မှာပင် အချပ်ရေ ၃၇၁ဝ၄ ချပ် ရောင်းချခဲ့ရသည်။ အလားတူ ဒုတိယမြောက် နေ့တွင်လည်း အချပ်ရေ ၁ဝ၂၉၆ ချပ်နှင့် တတိယမြောက်နေ့တွင် အချပ်ရေ ၇၂၆၇ ချပ် ရောင်းချခဲ့ရပြီး သုံးရက်ဆက်တိုက် နံပါတ်တစ် နေရာကို ရပ်တည် နေခဲ့သည်။
Oricon Daily ရောင်းအား အကောင်းဆုံး တေးအယ်လ်ဘမ် စာရင်းတွင် တောင်ကိုရီးယား နိုင်ငံ၏ နာမည်ကြီးဂီတ အဖွဲ့ဖြစ်သော 2MP အဖွဲ့မှ ဂျွန်ဟို၏ ဒုတိယမြောက် ဂျပန်ဘာသာဖြင့် သီဆိုထားသည့်  FEEL တေးအယ်လ်ဘမ် သည်လည်း နံပါတ်ခြောက် နေရာ ကို ရရှိခဲ့သည်။

 

No comments:

Post a Comment

back to top