Monday, July 28, 2014

ကုလသမဂ္ဂ စာသင်ကျောင်းအား အမြောက်ဆန် ထိမှန်ခဲ့မှုနှင့်ပတ်သက်၍ ဘန်ကီမွန်း ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်

ဂါဇာကမ်းမြောင် ဒေသရှိ ကုလသမဂ္ဂ စာသင်ကျောင်း တစ်ကျောင်းကို  အစ္စရေး တို့၏    အမြောက်ဆန်  ထိမှန်ခဲ့မှုနှင့် စပ်လျဉ်း၍ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဇူလိုင် ၂၅ ရက်တွင် ပြင်းပြင်းထန်ထန် ပြစ်တင် ဝေဖန်ခဲ့သည်ဟု   သိရသည်။
ဂါဇာမြို့မြောက်ပိုင်း ဘိတ်ဟာနောင်းဒေသရှိ   စာသင်ကျောင်း တစ်ကျောင်း အမြောက်ဆန် ထိမှန်ခံခဲ့ရခြင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် အံ့သြ တုန်လှုပ် ခဲ့ရကြောင်း၊ အဆိုပါ တိုက်ခိုက်မှုတွင်  အနည်းဆုံး  ၁၆ ဦး သေဆုံးခဲ့ကြောင်း၊  အဆိုပါ ဖြစ်ရပ်မှာ လုံးဝ လက်ခံနိုင်ဖွယ် မရှိ သည့်  ဖြစ်ရပ်ဖြစ်ကြောင်း  ကိုင်ရိုမြို့တွင်  ကျင်းပသော သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ဘန်ကီမွန်းက သတင်းထောက် များကို ပြောကြားခဲ့ သည်။
အစ္စရေးနှင့် ဟားမာ့စ်စစ်သွေးကြွများကြား ဖြစ်ပွားနေသော ပဋိပက္ခများကို အဆုံးသတ်ရန် ၎င်းအဖွဲ့ နှစ်ဖွဲ့ကို  ဘန်က ဇူလိုင် ၂၄ ရက်တွင် မေတ္တာ ရပ်ခံခဲ့ကြောင်း သိရသည်။

မိမိအနေဖြင့် အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ နှစ်ဖွဲ့လုံးကို ပြောကြားလိုသည်မှာ အဖွဲ့ နှစ်ဖွဲ့ကြားတွင် ယခုကဲ့သို့ အားပြိုင်နေမှုသည် ပြည်သူ များကိုသာ သေစေနိုင်သည် ဖြစ်ကြောင်း၊ အဖွဲ့နှစ်ဖွဲ့ ကြားတွင် ခံယူချက်မည်မျှပင် ကွဲပြားနေစေကာမူ တိုက်ခိုက်မှုများကို ရပ်တန့်ရ မည် ဖြစ်ပြီး ဆွေးနွေးပွဲများ ပြုလုပ်ရမည် ဖြစ်ကြောင်း၊ တစ်ဖက်ကို တစ်ဖက် တိုက်ခိုက်မှု မပြုဘဲ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်မည့် အခြားနည်းလမ်း များစွာရှိနေကြောင်း၊ အစ္စရေးနှင့် ဟားမာ့စ်အဖွဲ့ကြား ဖြစ်ပွားနေသည့်  တိုက်ခိုက်မှုများကြောင့် မိမိအလွန် ဒေါသ ထွက်မိကြောင်းဘန်က ထပ်လောင်း ပြောကြားခဲ့သည်။

No comments:

Post a Comment

back to top