Tuesday, July 29, 2014

Miss Golden Land Myanmar 2014 အလှမယ် ၂၅ ဦး လေ့လာရေး ခရီးစဉ် စတင်

Miss Golden Land Myanmar 2014 ပြိုင်ပွဲကြီး၏  ပရဟိတ လုပ်ငန်းများ လုပ်ဆောင်ရန်နှင့် Tourism မြှင့်တင်ရန် အတွက် ပြိုင်ပွဲဝင်အလှမယ် ၂၅ ဦးသည် အထက်မြန်မာပြည်သို့  လေ့လာရေးခရီး စတင် ထွက်ခွာသွားပြီ ဖြစ်ကြောင်း သိရသည်။
ခရီးစဉ် အနေဖြင့် နေပြည်တော်၊ ရွှေစက်တော်နှင့် နတ်မောက်မြို့ရှိ  ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၊ World Heritage စာရင်းဝင် ပျူမြို့ဟောင်းဖြစ်သည့်  ဗိဿနိုးမြို့ အပါအဝင် မကွေးတိုင်း ဒေသကြီး အတွင်းရှိ အထင်ကရ နေရာများသို့  အလှမယ်လေးများ၏  လေ့လာရေး ခရီးစဉ်အဖြစ် ဇူလိုင် ၂၇ ရက်မှ ၃ဝ ရက်အထိ သွားရောက်ကြမည် ဖြစ်ကာ ဇူလိုင်  ၃၁  ရက်တွင်   ရန်ကုန်မြို့သို့  ပြန်လည် ရောက်ရှိမည် ဖြစ်ကြောင်း  သိရသည်။
Miss Golden Land Opening Show ကို Taw Win Garden Hotel ၌ ဇူလိုင်၂၆ ရက်က ကျင်းပခဲ့ပြီး Media's Choice Award အတွက် မဲပေး ရွေးချယ်ခဲ့ရာ Media's Choice Top (7) အဖြစ် ခါးနံပါတ် ၁ နန်းစံ၊ခါးနံပါတ် ၁၅ ဟန်သီ၊ ခါးနံပါတ် ၁၆ သန္တာကို၊ ခါးနံပါတ် ၁၉ ဟယ်လန်မျိုးကို၊ ခါးနံပါတ် ၂ဝ အိမ့်မျက်ခြယ်၊ ခါးနံပါတ် ၂၂ အိန်ဂျယ်လမုန်နှင့် ခါးနံပါတ် ၂၅ ရွှန်းလဲ့ဝေ တို့က ရွေးချယ်ခံရပြီး ၎င်းတို့ထဲမှ တစ်ဦးကို နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးတွင် ဆုချီးမြှင့် သွားမည်ဖြစ်သည်။
အလှမယ်များ၏ Talent Show ကို သြဂုတ် ၄ ရက်တွင် လည်းကောင်း၊ Top Model Show ကို သြဂုတ် ၇ ရက်တွင် လည်းကောင်း ၊ Taw Win Garden Hotel ၌ ပြုလုပ်သွားမည် ဖြစ်ပြီး  Preliminary Show ကို သြဂုတ် ၁၆ ရက်တွင် ကျင်းပသွားမည် ဖြစ်ကာ နောက်ဆုံးအဆင့် ပြိုင်ပွဲကြီးကို  သြဂုတ် တတိယပတ်တွင်  အမျိုးသား ကဇာတ်ရုံကြီး၌  ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

back to top